My Heart Belongs To A Soldier...

De NwayOo_87

489K 39.3K 4.2K

ZhanYi โค๐Ÿ’š M_Preg แ€…แ€Šแ€บแ€ธแ€…แ€”แ€…แ€บแ€€แ€ปแ€žแ€ฑแ€ฌ แ€…แ€ฌแ€กแ€ฏแ€•แ€บแ€€แ€ผแ€ฎแ€ธแ€žแ€™แ€ฌแ€ธ แ€—แ€ญแ€ฏแ€œแ€บแ€€แ€ผแ€ฎแ€ธ แ€›แ€พแ€ฑแ€ฌแ€„แ€บแ€ธแ€€แ€ปแ€”แ€บแ€ทแ€”แ€พแ€„แ€บแ€ท แ€แ€…แ€บแ€ฅแ€ฎแ€ธแ€แ€Šแ€บแ€ธแ€žแ€ฑแ€ฌแ€žแ€ฌแ€ธ แ€กแ€›แ€…แ€บแ€แ€€แ€ฌแ€ท แ€‚แ€ปแ€…แ€บแ€แ€ฐแ€ธแ€…... Mais

MHBTAS _ My Note
MHBTAS _ Confession
MHBTAS_ Intro
MHBTAS (1)
MHBTAS (2)
MHBTAS (3)
MHBTAS (4)
MHBTAS (5)
MHBTAS (6)
MHBTAS (7)
MHBTAS (8)
MHBTAS (9)
MHBTAS (10)
MHBTAS (11)
MHBTAS (12)
MHBTAS (13)
MHBTAS (14)
MHBTAS (15)
MHBTAS (16)
MHBTAS (17)
MHBTAS (18)
MHBTAS (19)
MHBTAS (20)
MHBTAS (21)
MHBTAS (22)
MHBTAS (23)
MHBTAS (24)
MHBTAS (25)
MHBTAS (26)
MHBTAS (27)
MHBTAS (28)
MHBTAS (29)
MHBTAS (30)
MHBTAS (31)
MHBTAS (32)
MHBTAS (33)
MHBTAS (34)
Apologize Letter
MHBTAS (35)
MHBTAS (36)
MHBTAS (37)
MHBTAS (38)
MHBTAS (39)
MHBTAS (40)
MHBTAS (41)
MHBTAS (42)
MHBTAS (43)
MHBTAS (44)
MHBTAS (45)
MHBTAS (46)
MHBTAS (47)
Wedding Ceremony
MHBTAS (49)
MHBTAS (50)
MHBTAS (51)
MHBTAS (52)
MHBTAS (53)
MHBTAS (54)
MHBTAS (55)
MHBTAS (56)
MHBTAS (57)
MHBTAS (58) HBD
MHBTAS (59)
MHBTAS (60)
MHBTAS (61)
MHBTAS (62)
MHBTAS (63)
MHBTAS (64) Final
Thanks For All ๐Ÿ’šโค๐Ÿ’›
For U 2 Fic
New Fiction
For Me ๐Ÿ’ž
Doctor Ko Ko
Please ๐Ÿ’•

MHBTAS (48)

7.3K 598 56
De NwayOo_87

Part (48) U

နှစ်သစ်မကူးခင်တစ်ရက် (သို့) 31.12.2020

"ဆရာပိုင်ယွိရဲ့ပေါက်မဲကတော့ ရင်မှာအချစ် နံပါတ်တစ်ပါတဲ့ ခင်ဗျ...."

ကိုယ့်ဘာသာခန့်ထားသည့် အခမ်းအနားမှူး ကျောက်လုံရဲ့ အသံဝါကြီးက ခန်းမထဲ တဟိန်းဟိန်း။

"နောက်တစ်ဖန် အလှည့်ကျသူကတော့ တပ်ရင်းအရာခံဗိုလ်ကြီးပါတဲ့...မဲနံပါတ်ကတော့ အချစ်ကလေးပြုံးတဲ့ တစ်လေးသုံးပါ ခင်ဗျ...."

မျက်မှန်ပင့်ကာ ထလာသည့် ဆရာကြီးက လက်ဆောင်ထုပ်ဖောက်ရင်း မျက်နှာကြီး အိုသွားတာကြောင့် ကြည့်မိတော့ စိပ်ပုတီးကြီးနှင့် ဘုရားစာအုပ် ဖြစ်နေသည်မို့ ပြုံးစိစိဖြစ်ကုန်သည်။

"ကျွန်တော်တို့ရဲ့လူပျို​ဆောင်က အမာခံ ဆရာကြီး ချိန်စစ်ကတော့ အသစ်မရိုးတဲ့ ရှစ်ဆယ့်ကိုးပါ ခင်ဗျ...."

လူပျိုကြီးက ကလေးပုခက် မဲပေါက်သည်မို့ ရှုံ့ရှုံ့မဲ့မဲ့။
တပ်ရင်းသက်သာဆိုင် တာဝန်ခံကြီးက ဘီယာတစ်ကဒ်ပေါက်လို့ တပြုံးပြုံး။
မသောက်ပဲ ပြန်ရောင်းရင် မြတ်မယ်လေ။

ဗလာမပါမဲတွေမို့ အဆင်သင့်ရာသင့်ရာ ပြန်လဲယူကြရတာ ပျော်စရာ။

တပ်ရင်းမှူး ဇနီးမောင်နှံနှင့် အရာရှိစုံတွဲတွေကလည်း တပြုံးပြုံး။
တပ်မိသားစုဝင် စစ်သည်များနှင့် မိသားစုများကလည်း အပြုံးကိုယ်စီနှင့် နှစ်သစ်ကူးပွဲ အမှတ်တရနေ့လေး။

ကိုကိုနဲ့ဝမ်လေးကတော့ အပျော်ဆုံးပေါ့...

တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ မမောနိုင်မပန်းနိုင်နှင့် လက်ဆောင်တွေ ဝေပေးနေကြတာ။

ဘေဂျင်းမှာ မင်္ဂလာပွဲလုပ်ခဲ့သည်မို့ တပ်မှာတော့ အရာရှိအရာခံတွေရော စစ်သည်မိသားစုတွေရောအတွက် ပွဲလေးလုပ်ပေးဖို့ ရည်ရွယ်ခဲ့တာ။

နှစ်စဥ်ကျင်းပမြဲဖြစ်သည့် နှစ်သစ်ကူးညမှာ တပ်ရင်းရံပုံငွေနှင့် မိသားစုတွေကို ပစ္စည်းတွေ မဲဖောက်ပေးတာနှင့် ဆုံနေတာကြောင့် ကြင်စဦးမောင်နှံအတွဲက စာအိတ်နီလေးတွေ လက်ဆောင်ပေးကာ အကင်တွေ ထမင်းပေါင်းတွေ စားကြသောက်ကြနှင့် ပျော်ပျော်ပါးပါး ကျင်းပဖြစ်ကြသည်။

ညပိုင်းကြတော့ လူပျိုစစ်သည်တွေအတွက် လူပျိုဆောင်မှာ အသောက်နှင့်အစား အလျှံပယ်တစ်ဝိုင်းဖွဲ့ပေးလိုက်သည်။

ဒုတပ်ရင်းမှူး ဦးဆောင်သည့်အဖွဲ့က ရိပ်သာမှာ သောက်စရာ၊ လက်ဖြစ်အမြည်းအစုံနှင့် မီးပုံပွဲလေး လုပ်ဖြစ်ရင်း အိမ်ထောင်သည် အရာရှိတစ်ချို့ပါ လာပူးပေါင်းကြသည်မို့ ပိုစည်ကားနေသည်။

ဟူဒီအ​နီအစိမ်းဆင်တူ၊ ဂျင်းပင်ဆင်တူ၊ ဖိနပ်ဆင်တူနှင့် လက်ချင်းတွဲ ထွက်လာသည့် ကြင်စဦးအတွဲကို မြင်တော့ ဖန်ခွက်ကိုဆရင်း ကြည့်နေသည့် ဗိုလ်မှူးရိကျိုးက ခပ်ပြုံးပြုံးနှင့် မေးဆတ်ပြသည်။

အကင်တွေ ကင်နေသည့် ဟိုက်ခွမ်းက ပြုံးစိစိနှင့် လှမ်းကြည့်ရင်း...

"တော်တော်နဲ့ ထွက်မလာတာ couple goal နေလို့ကိုး...ငါ့ကောင်ကြီး...."

"အားကျတယ်ဗျာ....အကိုကြီး..."

ဆိုင်ကယ်သော့ရမ်းပြီး ဝင်လာသည့် ဟောက်ရွှမ်းနှင့် ကပ်လျက်ပါလာသည့် ကျိရန်။

"ဘေဂျင်းလာဖို့ကို ခွဲရမယ့်လူနာတွေ ရှိနေလို့ပျက်ကွက်သွားတယ် အကိုရာ...ဝမ်ဝမ်ရော အားနာနေတာ..."

"ပြောနေရမယ့်လူတွေမှ မဟုတ်တာကွာ...နားလည်ပါတယ်..."

"အဲ့ဒါကြောင့် ကိုကို့ကို ဒီညဖိတ်ပေးလို့ ပြောထားတာ...အကိုကျိရန်ရဲ့..."

နှုတ်ခမ်းလေးတထော်ထော် ပြောနေသည့် ဝမ်လေးကို ချစ်စနိုးနှင့် ဆံပင်လေးတွေ ပွတ်ပေးမိတော့ သွားလေးတွေစေ့ကာ ရယ်ပြနေတာလေးက အသည်းယားစရာ။

"ဗိုလ်ကြီးနဲ့ ဝမ်ဝမ်လေး တစ်သက်လုံး ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ လက်တွဲသွားနိုင်ပါစေ...."

"အချစ်တွေ တစ်နှစ်ထက်တစ်နှစ် ထပ်ထပ်တိုးသလို သားသားမီးမီးတွေလည်း ပွားစီးကြပါစေ...cheers...."

"ချွမ်....."

ဖန်ခွက်တိုက်သံတွေကို လွှမ်းသွားသည့် ဆုတောင်းသံတွေကြားက အကျယ်ကြီး ထွက်လာသည့် ဗိုလ်မှူးရိကျိုးအသံကြောင့် ဝမ်ဝမ့်မျက်နှာလေး ရဲစွေးကာ ကိုကို့ရင်ခွင်ထဲ တိုးဝင်ပစ်မိသည်။

အစိမ်းလုံးလေးကို တင်းတင်းဖက်ရင်း ခွက်ချင်းတိုက်နေသည့် ရှောင်းကျန့်မှာလည်းနားရွက်တွေ လည်ပင်းတွေ နီစပြုနေပြီ။

"အကိုကြီး...အမှတ်တရ သီချင်းလေး ချီးမြှင့်ပေးပါ ခင်ဗျ...."

အာသွက်နေသည့် ဟောက်ရွှမ်းက ဂစ်တာကမ်းရင်းပြောသလို ကျိရန်ကပါ ထောက်ခံဟန်အပြည့်မို့ အခြားသူတွေကပါ တောင်းဆိုလာပြီ။

ကမ္ဘာလောကကြီး ခဏရပ်တန့်သွားသလိုပဲ...
ငါထင်တယ်...မင်းနဲ့ဆုံတိုင်းလေ...
အကြည့်တွေ ရင်ဖို လှိုက်မောလို့နေ...

သာယာတဲ့ မင်းရဲ့ရယ်သံလေး....
ရင်ခွင်ထဲ ထပ်ထပ်ကြားယောင်ရင်းနဲ့...
ဘဝကို သာယာယစ်မူးလို့နေ....

အသက်ထက်ဆုံးပေါ့...အနားမှာ အမြဲရှိချင်တယ်....
ရင်ခွင်ထဲ မှေးစက်နားခိုရင်းနဲ့...
မငြိုငြင်ဘူး...အဆိုးများ တွေ့ပါစေ...
ဘဝကို အတူခရီးဆက်မယ်...

မင်း....နင်ဟာ ငါ့ဘဝရဲ့ ကောင်းကင်ပဲ...
မှောင်မိုက်သော ညမှာ...ငါ့အတွက် ငွေလမင်းငယ်....

မင်း...ဘယ်လိုမှ အစားထိုးမရနိုင်ဘူး...
အခိုင်မာဆုံး ဘဝရဲ့ကျောက်ဆောင် မင်းပဲ...
နားခိုလှုံရာဟာလည်း မင်းပဲ...

ကမ္ဘာလောကကြီး ခဏရပ်တန့်သွားသလိုပဲ...
ငါထင်တယ်...မင်းနဲ့ဆုံတိုင်းလေ...
အကြည့်တွေ ရင်ဖို လှိုက်မောလို့နေ...

သာယာတဲ့ မင်းရဲ့ရယ်သံလေး....
ရင်ခွင်ထဲ ထပ်ထပ်ကြားယောင်ရင်းနဲ့...
ဘဝကို သာယာယစ်မူးလို့နေ....

အသက်ထက်ဆုံးပေါ့...အနားမှာ အမြဲရှိချင်တယ်....
ရင်ခွင်ထဲ မှေးစက်နားခိုရင်းနဲ့...
မငြိုငြင်ဘူး...အဆိုးများ တွေ့ပါစေ...
ဘဝကို အတူခရီးဆက်မယ်...

မင်း...နင်ဟာ ငါ့ဘဝရဲ့ ဆုလာဘ်ပဲ...
ရင်ဆိုင်တိုက်ခိုက်မယ်...မင်းက ယုံကြည်ခြင်းပဲ....

မင်း...ဘယ်အရာမှ ပြောင်းလဲမပစ်နိုင်ဘူး...
အမျှော်လင့်ဆုံး ငါ့ဘဝအဓိပ္ပါယ် မင်းပဲ...
ငါ့ယုံကြည်ရာဟာလည်း မင်းပဲ...

သေချာတယ်....ငါ့ရဲ့အသက်ဟာ မင်းပဲ....

.............................................

မျက်ဝန်းတို့ဖွင့်မိတော့ ကန့်လန့်ကာကို ဖောက်ဝင်လာသည့် နေခြည်နွေးနွေးက လင်းဖျော့ဖျော့။

ခါးဆီက တင်းခနဲမို့ ငုံ့ကြည့်လိုက်တော့ အနွေးလုံးလေးက ရင်ခွင်မှာ မျက်နှာအပ်ကာ အတင်းဖက်ထားတာ။

မျက်တောင်လေးတွေ လှုပ်နေတာ​ကြောင့်ဆက်ကွေးနေတာကို အသည်းယားစွာ ပါးဖောင်းဖောင်းလေးဆီ နှာတံချွန်က နစ်ဝင်သွားပြီ။

"ပျော်ရွှင်စရာ နှစ်သစ်ပါ...ကိုယ့် အချစ်..."

"အင်း...တူတူပဲ..."

မျက်လုံးကပွင့်မလာပဲ ဆံပင်ညိုလေးတွေ ဖွာရာကျဲကာ အစ်တစ်တစ် ပြောနေသည့် ဝက်ကလေးကို အတင်းဖျစ်ညှစ်ရင်း နှာထိပ်လုံးလုံးလေးကို ကိုက်ချမိတော့ အတင်းထထိုင်ပြီး စွာလေပြီ။

"အာ့....နာတယ်..."

"..........."

"ကိုကိုနော်...သူမခံရတိုင်း....အွန့်... "

ပါးစုန့်လေးတွေပါ ကိုက်နေတုန်း ထအော်သော ဝမ်လေးကို အမြန်ပါးစပ်ပိတ်ရသည်။

"ထမင်းကြော်ရပြီ မောင်ရေ...ကလေးတွေတော့ မနိုးကြသေးဘူးထင်ရဲ့..."

"မနိုးတာလား မအိပ်ရသေးရတာလားပဲ...ခင်ဗျားသားတွေ...အား....ပူလိုက်တာ..."

ကော်ဖီနှပ်ရင်း ပြောမိသည့် မေလင်းကတော့ မျက်နှာကြီးနီကာ ထသီးသွားသော ခင်ပွန်းကို ကျောဖိပေးရင်း နားမလည်နိုင်တော့ချေ။

Flash back

လိုင်းခန်းလည်း မယူရသေးတာကြောင့် နှစ်ယောက်သား ရိပ်သာကအခန်းမှာပဲ ယာယီနေနေကြတာ။

မိသားစုသပ်သပ် ဆုံချင်သည်ဟု ယောက္ခမတွေက မှာထားတာမို့ ရိပ်သာမှာ count down ပင် မရေတော့ပဲ နှစ်ယောက်သား ရောက်လာကြခြင်းဖြစ်သည်။

အတင်းတိုက်နေကြတာကြောင့် သောက်ခဲ့ရပေမယ့် နည်းနည်းသောက်ပြီး များများမူးနေသည့် ဝမ်လုံးလုံးကို မနည်းချော့ခေါ်နေခဲ့ရတာ။

"လာကြပြီလား...ခုလေးတင် သားတို့ အဖေက မေးနေတာ...."

"ဟုတ်...ဗိုလ်မှူးကလည်း အတင်းဆွဲနေတာနဲ့ နောက်ကျသွားတယ်....မားမား..."

"နောက်ကျဝူး...count down တောင် အော်ရတေးဝူးရေ..."

"ဟောတော်...သားငယ်လေး...မူးနေတာလား...."

"မူးပါဝူး မေကြီးကလည်း....ဝမ်ဝမ် ပိချိလေးပဲ သောက်ခဲ့တာ...နော် ကိုကိုနော်...."

ကျောပေါ်က ချမရပဲ လည်ပင်းကိုခိုကာ မပီကလာပြောနေသည့် ဝမ်မူးမူးက မျက်လုံးတစ်ဖက်ပွင့် တစ်ဖက်မှိတ်နှင့်မို့ ရှောင်းကျန့်မှာ ရယ်ကျဲကျဲနှင့် မချိပြုံး ပြုံးနေရသည်။

"တပ်မက guardian က vodka တွေ ထည့်ပေးလိုက်လို့ကွ ...သားငယ်က မသောက်တတ်ပေမယ့် သားမက်ရှိတော့ အဖော်ရပြီဆိုပြီး ဝိုင်းရအောင် စောင့်နေတာ..."

"ဟုတ်ကဲ့...ဟိုဘက်ကလည်း count down ရေပြီးတဲ့အထိ နေပါ လုပ်နေလို့ မနည်းဖြတ်နေတာနဲ့ နောက်ကျသွားတယ်...ဖေကြီး..."

ဂျာကင်ဆွဲစေ့ရင်း ဝင်ထိုင်သည့် ယောက္ခမကြီးက ရွှင်နေတော့ အနည်းငယ်တော့ အစပျိုးပြီးဟန်တူသည်။

"ခဏဆင်းနော် ဝမ်လေး...အတူတူ ထိုင်မယ်လေ..."

"ဆင်းချင်ဝူးလို့...."

"သားငယ်လေး...ဝက်ပေါင်ခြောက်ကင်တွေအများကြီးနော်...မေကြီးကို မကူတော့ဘူးလား..."

"အွင်း...ဝက်ပေါင်ခြောက်လား...."

အစားနှင့်မျှားမှ အမြန်လျှောဆင်းကာ အမေနောက်ကို လှုတ်တုတ်လှုပ်တုတ် ပါသွားတာမို့ စာကြည့်ခန်းထဲမှာ ဝိုင်းဖြစ်တော့သည်။

လည်ရှည်ဖန်ခွက်ထဲ အသာငှဲ့ထည့်ကာ ကမ်းပေးရင်း သားမက်နှင့်ယောက္ခမ လေပေးဖြောင့်နေပြီ။

"မင်းတို့ မားမားက မာနကြီးတယ်ကွ...ငါက မျက်နှာမွဲတောသား...သူက တက္ကသိုလ်က မေဂျာကွင်းဆိုတော့ မင်းတို့အခေါ် ချေတာပေါ့ကွာ...."

"ဖေကြီးက ပြန်မချေဘူးလား..."

"ဘယ်နေမလဲ...ငါတို့တပ်က တံတားလုံခြုံရေးကျနေတာ....သူတို့ကျောင်းလေ့လာရေးအဖွဲ့က ဂိတ်ဖြတ်တော့ အားကိုးတကြီး လာပြောတာ...duty is duty လေ...ပေးမဖြတ်ဘူး...တစ်ညလုံး တံတားထိပ်မှာ အိပ်ပြီး မနက်မှ ပေးဖြတ်တာ...နည်းနည်းတော့ သူ ရှိန်သွားတယ်ပေါ့ကွာ...."

"နောက်ကြောင်းပြန်နေပြန်ပြီ ဒီလူကြီး...ကလေးတွေရှေ့မှာ...သားကျန့် မယုံနဲ့နော်...."

ဝက်ပေါင်ကင် ရဲရဲကြွပ်ကြွပ်နှင့် အချဥ်ပန်းကန် လာချပေးသည့် မားမားက ပြုံးတုံ့တုံ့ပြောတော့ ယောက္ခမကြီးက အကင်တစ်ဖက်ကောက်ဝါးရင်း....

"အဲ့ဒီနောက်ပိုင်းမှ ရင်းနှီးသွားတာလေ...ဖြစ်ချင်တော့ ဘကြီးကျောင်းကို လာလှူနေကြအလှူရှင်သမီး ဖြစ်နေရော...ဖူးစာကံက အဲ့လိုနော် မေ...."

မားမားကို ပြုံးကြည့်နေသည့် မျက်ဝန်းများက မြတ်နိုးကြင်နာမှုတို့ အထင်းသား။
ချစ်သက်ကြာရှည်သည့် နှစ်ကိုယ်တူဘဝလေး ဤသို့ဤနှယ် ခိုင်မြဲစေရမည်။

"ကိုကို့..."

"သားငယ်လေး...အိပ်ချင်လို့ဆို..."

"အွင်း...ဖေကြီး...ကိုကို့ကို ပြန်ပေးတော့..."

"တစ်ပုလင်းပဲ ဖြိုရသေးတာ...ဖအေကို လာအူပုပ်နေတယ်..."

"ကလေးတွေ ပင်ပန်းရောပေါ့...သားကျန့်တို့ သားငယ်လေး အခန်းမှာပဲ အိပ်လိုက်ကြတော့...ညနက်နေပြီ...မောင်လည်း ဒီလောက်ပဲနော်...နောက်ရက်တွေ ရှိသေးတာကို..."

ယောက္ခမတွေကို အသာခေါင်းညွှတ်ပြရင်း အမူးသမားလေးကို တွဲကာ တစ်ခါရောက်ခဲ့ဖူးသော အခန်းလေးဆီ ဝင်လာမိတော့ ရင်ခုန်သံတို့က အသစ်ဖြစ်ရသည်။

အချစ်ကို ကိုးကွယ်ကာ ကိုယ့်ဘဝထဲ ယုံယုံကြည်ကြည် ဝင်လာခဲ့သူ....
ရွှေအိမ်စံ မင်းသားလေးမှသည် ပင်ပန်းကြမ်းတမ်းသမျှ အမောပြေစေခဲ့သူ...
ကန္တာရထဲက အိုအေစစ်လေး...

စူထွက်နေသော ပါးမို့လေးကို တို့ထိမည်ပြုစဥ် ရှိန်းခနဲပူတက်လာသော နားထင်ကို လက်မဖြင့် ဖိထောက်ရင်း ပြောင်းလဲလာသော ကိုယ့်အခြေအနေကြောင့် လက်သီးတင်းတင်းဆုပ်ထားမိသည်။

ညဦးပိုင်းက ရလာသည့် ရှီးပဒီးစိမ်ထားသည့် ရေခဲတောင်ဒေသထွက် အရက်များ။
ကျန်းမာရေးကောင်းသည်၊ ကိုယ်ခံအားကောင်းသည်ဆိုကာ တစ်ယောက်နည်းနည်းစီ မြည်းကြပြီး ခွက်ချင်းလာတိုက်သမျှ သောက်ခဲ့ခြင်းက ဇာတ်လမ်းစလေပြီ။

ရှောင်းကျန့်ရေ...မင်း ရောက်နေတာ ယောက္ခမအိမ်မှာနော်...
မဖြစ်ဘူး...မဖြစ်ဘူးနော်...

အတွေးနှင့်ကျောခိုင်းမည်ပြင်ဆဲ ဆတ်ခနဲထကာ ပေါင်ပေါ်ကားယားခွထိုင်ပြီး လည်ပင်းဆီ မျက်နှာအပ်ရင်း နှုတ်ခမ်းပါးတို့ဆီ စိုးမိုးလာသော နှုတ်ခမ်းဖူးဖူးလေးတွေက နင့်နင့်မောမော။

လည်မျိုကိုပါ ငုံခဲလိုက်တာကြောင့် တရှိန်ရှိန်ပူတက်လာကာ တင်းတင်းဆုပ်ထားမိသည့် လက်တွေက ဟူဒီအတွင်းဘက်ထိ ကျူးကျော်မိခဲ့ပြီ။

နူးညံ့ရာက ပြင်းရှလာသော အနမ်းတို့ကြောင့် အသက်ကို လုရှူနေရသည့် ဝမ်လေး။
အစုန်အဆန်ပြေးလွှားနေသည့် လက်များကြောင့် ရင်အတွင်းထဲထိ တုန်လှိုက်မှုက တငြိမ့်ငြိမ့်။

တစ်ပတ်လှည့်ကာ ရင်ခွင်အောက် ပို့ပစ်မိတော့ ရီဝေဝေမျက်ဝန်းလေးတွေက လိုလားတောင့်တဟန် ညှို့ငင်နေသည်မို့ ထိန်းချုပ်နိုင်စွမ်းအားမဲ့စွာ နှလုံးသားရဲ့ စေစားရာ မူးမူးမေ့မေ့ လိုက်ပါမိပြီ။

တိမ်တွေကို ဖမ်းဆုပ်နေရသလို၊ သက်တန့်ကြီးကို ခိုစီးနေရသလို၊ လေဟုန်စီးနေရသလို နှင့် ရူးသွပ်စွာ နက်ရှိုင်းစွာ မက်မောစွာ နှစ်ကိုယ်တူ ချစ်ရည်မျှစွာ ကူးခတ်ခဲ့သည့်ခရီးလေးက ပို၍ပို၍ ရှည်ကြာစွာ၊ ​ရပ်တန့်ခြင်းငှာ မစွမ်းသာတော့။

အရှေ့ဘက်ဆီက ရောင်နီပျို့လာမှ ကျေနပ်နှစ်သိမ့်စွာ ပြုံးမိရင်း နွမ်းနွမ်းလျလျ ခိုဝင်လာသည့် ကိုယ်လေးကို တင်းတင်းဖက်ရင်း နဖူးဆံစက ချွေးစလေးတွေကို အနမ်းနှင့်ဖွဖွသုတ်ပေးမိသည်။

"ပင်ပန်းသွားပြီ...ကိုယ့် အချစ်..."

Flash back end

............................................

Note >>>

Update ဆက်တိုက်တင်ပေးချင်ပေမယ့် ဒီရက်ထဲ အလုပ်များနေတာရော ကိစ္စလေးတစ်ချို့ ရှိနေတာကြောင့်ရော အခုမှ တင်ဖြစ်ပါတယ်

ကဲကဲသဲသဲအတွဲရဲ့ New Year လက်ဆောင် ဆိုပါစို့

နောက်ကျနေတာရော reply မပြန်ရသေးတာကိုရော အားနာပါတယ်နော်

သီချင်းလေးကတော့ မင်း ပါတဲ့

Love U All ♥

#NwayOo

1.1.2021 (04:10) PM

~~~~~~~~~~~~~~~~~~~

Part (48) Z

ႏွစ္သစ္မကူးခင္တစ္ရက္ (သို႔) 31.12.2020

"ဆရာပိုင္ယြိရဲ႕ေပါက္မဲကေတာ့ ရင္မွာအခ်စ္ နံပါတ္တစ္ပါတဲ့ ခင္ဗ်...."

ကိုယ့္ဘာသာခန္႔ထားသည့္ အခမ္းအနားမႉး ေက်ာက္လုံရဲ႕ အသံဝါႀကီးက ခန္းမထဲ တဟိန္းဟိန္း။

"ေနာက္တစ္ဖန္ အလွည့္က်သူကေတာ့ တပ္ရင္းအရာခံဗိုလ္ႀကီးပါတဲ့...မဲနံပါတ္ကေတာ့ အခ်စ္ကေလးၿပဳံးတဲ့ တစ္ေလးသုံးပါ ခင္ဗ်...."

မ်က္မွန္ပင့္ကာ ထလာသည့္ ဆရာႀကီးက လက္ေဆာင္ထုပ္ေဖာက္ရင္း မ်က္ႏွာႀကီး အိုသြားတာေၾကာင့္ ၾကည့္မိေတာ့ စိပ္ပုတီးႀကီးႏွင့္ ဘုရားစာအုပ္ ျဖစ္ေနသည္မို႔ ၿပဳံးစိစိျဖစ္ကုန္သည္။

"ကြၽန္ေတာ္တို႔ရဲ႕လူပ်ိဳ​ေဆာင္က အမာခံ ဆရာႀကီး ခ်ိန္စစ္ကေတာ့ အသစ္မ႐ိုးတဲ့ ရွစ္ဆယ့္ကိုးပါ ခင္ဗ်...."

လူပ်ိဳႀကီးက ကေလးပုခက္ မဲေပါက္သည္မို႔ ရႈံ႕ရႈံ႕မဲ့မဲ့။
တပ္ရင္းသက္သာဆိုင္ တာဝန္ခံႀကီးက ဘီယာတစ္ကဒ္ေပါက္လို႔ တၿပဳံးၿပဳံး။
မေသာက္ပဲ ျပန္ေရာင္းရင္ ျမတ္မယ္ေလ။

ဗလာမပါမဲေတြမို႔ အဆင္သင့္ရာသင့္ရာ ျပန္လဲယူၾကရတာ ေပ်ာ္စရာ။

တပ္ရင္းမႉး ဇနီးေမာင္ႏွံႏွင့္ အရာရွိစုံတြဲေတြကလည္း တၿပဳံးၿပဳံး။
တပ္မိသားစုဝင္ စစ္သည္မ်ားႏွင့္ မိသားစုမ်ားကလည္း အၿပဳံးကိုယ္စီႏွင့္ ႏွစ္သစ္ကူးပြဲ အမွတ္တရေန႕ေလး။

ကိုကိုနဲ႕ဝမ္ေလးကေတာ့ အေပ်ာ္ဆုံးေပါ့...

တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ကာ မေမာနိုင္မပန္းနိုင္ႏွင့္ လက္ေဆာင္ေတြ ေဝေပးေနၾကတာ။

ေဘဂ်င္းမွာ မဂၤလာပြဲလုပ္ခဲ့သည္မို႔ တပ္မွာေတာ့ အရာရွိအရာခံေတြေရာ စစ္သည္မိသားစုေတြေရာအတြက္ ပြဲေလးလုပ္ေပးဖို႔ ရည္႐ြယ္ခဲ့တာ။

ႏွစ္စဥ္က်င္းပၿမဲျဖစ္သည့္ ႏွစ္သစ္ကူးညမွာ တပ္ရင္းရံပုံေငြႏွင့္ မိသားစုေတြကို ပစၥည္းေတြ မဲေဖာက္ေပးတာႏွင့္ ဆုံေနတာေၾကာင့္ ၾကင္စဦးေမာင္ႏွံအတြဲက စာအိတ္နီေလးေတြ လက္ေဆာင္ေပးကာ အကင္ေတြ ထမင္းေပါင္းေတြ စားၾကေသာက္ၾကႏွင့္ ေပ်ာ္ေပ်ာ္ပါးပါး က်င္းပျဖစ္ၾကသည္။

ညပိုင္းၾကေတာ့ လူပ်ိဳစစ္သည္ေတြအတြက္ လူပ်ိဳေဆာင္မွာ အေသာက္ႏွင့္အစား အလွ်ံပယ္တစ္ဝိုင္းဖြဲ႕ေပးလိုက္သည္။

ဒုတပ္ရင္းမႉး ဦးေဆာင္သည့္အဖြဲ႕က ရိပ္သာမွာ ေသာက္စရာ၊ လက္ျဖစ္အျမည္းအစုံႏွင့္ မီးပုံပြဲေလး လုပ္ျဖစ္ရင္း အိမ္ေထာင္သည္ အရာရွိတစ္ခ်ိဳ႕ပါ လာပူးေပါင္းၾကသည္မို႔ ပိုစည္ကားေနသည္။

ဟူဒီအ​နီအစိမ္းဆင္တူ၊ ဂ်င္းပင္ဆင္တူ၊ ဖိနပ္ဆင္တူႏွင့္ လက္ခ်င္းတြဲ ထြက္လာသည့္ ၾကင္စဦးအတြဲကို ျမင္ေတာ့ ဖန္ခြက္ကိုဆရင္း ၾကည့္ေနသည့္ ဗိုလ္မႉးရိက်ိဳးက ခပ္ၿပဳံးၿပဳံးႏွင့္ ေမးဆတ္ျပသည္။

အကင္ေတြ ကင္ေနသည့္ ဟိုက္ခြမ္းက ၿပဳံးစိစိႏွင့္ လွမ္းၾကည့္ရင္း...

"ေတာ္ေတာ္နဲ႔ ထြက္မလာတာ couple goal ေနလို႔ကိုး...ငါ့ေကာင္ႀကီး...."

"အားက်တယ္ဗ်ာ....အကိုႀကီး..."

ဆိုင္ကယ္ေသာ့ရမ္းၿပီး ဝင္လာသည့္ ေဟာက္႐ႊမ္းႏွင့္ ကပ္လ်က္ပါလာသည့္ က်ိရန္။

"ေဘဂ်င္းလာဖို႔ကို ခြဲရမယ့္လူနာေတြ ရွိေနလို႔ပ်က္ကြက္သြားတယ္ အကိုရာ...ဝမ္ဝမ္ေရာ အားနာေနတာ..."

"ေျပာေနရမယ့္လူေတြမွ မဟုတ္တာကြာ...နားလည္ပါတယ္..."

"အဲ့ဒါေၾကာင့္ ကိုကို႔ကို ဒီညဖိတ္ေပးလို႔ ေျပာထားတာ...အကိုက်ိရန္ရဲ႕..."

ႏႈတ္ခမ္းေလးတေထာ္ေထာ္ ေျပာေနသည့္ ဝမ္ေလးကို ခ်စ္စႏိုးႏွင့္ ဆံပင္ေလးေတြ ပြတ္ေပးမိေတာ့ သြားေလးေတြေစ့ကာ ရယ္ျပေနတာေလးက အသည္းယားစရာ။

"ဗိုလ္ႀကီးနဲ႔ ဝမ္ဝမ္ေလး တစ္သက္လုံး ခ်စ္ခ်စ္ခင္ခင္ ၾကင္ၾကင္နာနာ လက္တြဲသြားႏိုင္ပါေစ...."

"အခ်စ္ေတြ တစ္ႏွစ္ထက္တစ္ႏွစ္ ထပ္ထပ္တိုးသလို သားသားမီးမီးေတြလည္း ပြားစီးၾကပါေစ...cheers...."

"ခြၽမ္....."

ဖန္ခြက္တိုက္သံေတြကို လႊမ္းသြားသည့္ ဆုေတာင္းသံေတြၾကားက အက်ယ္ႀကီး ထြက္လာသည့္ ဗိုလ္မႉးရိက်ိဳးအသံေၾကာင့္ ဝမ္ဝမ့္မ်က္ႏွာေလး ရဲေစြးကာ ကိုကို႔ရင္ခြင္ထဲ တိုးဝင္ပစ္မိသည္။

အစိမ္းလုံးေလးကို တင္းတင္းဖက္ရင္း ခြက္ခ်င္းတိုက္ေနသည့္ ေရွာင္းက်န္႔မွာလည္းနား႐ြက္ေတြ လည္ပင္းေတြ နီစျပဳေနၿပီ။

"အကိုႀကီး...အမွတ္တရ သီခ်င္းေလး ခ်ီးျမႇင့္ေပးပါ ခင္ဗ်...."

အာသြက္ေနသည့္ ေဟာက္႐ႊမ္းက ဂစ္တာကမ္းရင္းေျပာသလို က်ိရန္ကပါ ေထာက္ခံဟန္အျပည့္မို႔ အျခားသူေတြကပါ ေတာင္းဆိုလာၿပီ။

ကမာၻေလာကႀကီး ခဏရပ္တန္႔သြားသလိုပဲ...
ငါထင္တယ္...မင္းနဲ႔ဆုံတိုင္းေလ...
အၾကည့္ေတြ ရင္ဖို လႈိက္ေမာလို႔ေန...

သာယာတဲ့ မင္းရဲ႕ရယ္သံေလး....
ရင္ခြင္ထဲ ထပ္ထပ္ၾကားေယာင္ရင္းနဲ႔...
ဘဝကို သာယာယစ္မူးလို႔ေန....

အသက္ထက္ဆုံးေပါ့...အနားမွာ အၿမဲရွိခ်င္တယ္....
ရင္ခြင္ထဲ ေမွးစက္နားခိုရင္းနဲ႔...
မၿငိဳျငင္ဘူး...အဆိုးမ်ား ေတြ႕ပါေစ...
ဘဝကို အတူခရီးဆက္မယ္...

မင္း....နင္ဟာ ငါ့ဘဝရဲ႕ ေကာင္းကင္ပဲ...
ေမွာင္မိုက္ေသာ ညမွာ...ငါ့အတြက္ ေငြလမင္းငယ္....

မင္း...ဘယ္လိုမွ အစားထိုးမရႏိုင္ဘူး...
အခိုင္မာဆုံး ဘဝရဲ႕ေက်ာက္ေဆာင္ မင္းပဲ...
နားခိုလႈံရာဟာလည္း မင္းပဲ...

ကမာၻေလာကႀကီး ခဏရပ္တန္႔သြားသလိုပဲ...
ငါထင္တယ္...မင္းနဲ႔ဆုံတိုင္းေလ...
အၾကည့္ေတြ ရင္ဖို လႈိက္ေမာလို႔ေန...

သာယာတဲ့ မင္းရဲ႕ရယ္သံေလး....
ရင္ခြင္ထဲ ထပ္ထပ္ၾကားေယာင္ရင္းနဲ႔...
ဘဝကို သာယာယစ္မူးလို႔ေန....

အသက္ထက္ဆုံးေပါ့...အနားမွာ အၿမဲရွိခ်င္တယ္....
ရင္ခြင္ထဲ ေမွးစက္နားခိုရင္းနဲ႔...
မၿငိဳျငင္ဘူး...အဆိုးမ်ား ေတြ႕ပါေစ...
ဘဝကို အတူခရီးဆက္မယ္...

မင္း...နင္ဟာ ငါ့ဘဝရဲ႕ ဆုလာဘ္ပဲ...
ရင္ဆိုင္တိုက္ခိုက္မယ္...မင္းက ယုံၾကည္ျခင္းပဲ....

မင္း...ဘယ္အရာမွ ေျပာင္းလဲမပစ္ႏိုင္ဘူး...
အေမွ်ာ္လင့္ဆုံး ငါ့ဘဝအဓိပၸါယ္ မင္းပဲ...
ငါ့ယုံၾကည္ရာဟာလည္း မင္းပဲ...

ေသခ်ာတယ္....ငါ့ရဲ႕အသက္ဟာ မင္းပဲ....

.............................................

မ်က္ဝန္းတို႔ဖြင့္မိေတာ့ ကန္႔လန္႔ကာကို ေဖာက္ဝင္လာသည့္ ေနျခည္ေႏြးေႏြးက လင္းေဖ်ာ့ေဖ်ာ့။

ခါးဆီက တင္းခနဲမို႔ ငုံ႔ၾကည့္လိုက္ေတာ့ အေႏြးလုံးေလးက ရင္ခြင္မွာ မ်က္ႏွာအပ္ကာ အတင္းဖက္ထားတာ။

မ်က္ေတာင္ေလးေတြ လႈပ္ေနတာ​ေၾကာင့္ဆက္ေကြးေနတာကို အသည္းယားစြာ ပါးေဖာင္းေဖာင္းေလးဆီ ႏွာတံခြၽန္က နစ္ဝင္သြားၿပီ။

"ေပ်ာ္႐ႊင္စရာ ႏွစ္သစ္ပါ...ကိုယ့္ အခ်စ္..."

"အင္း...တူတူပဲ..."

မ်က္လုံးကပြင့္မလာပဲ ဆံပင္ညိဳေလးေတြ ဖြာရာက်ဲကာ အစ္တစ္တစ္ ေျပာေနသည့္ ဝက္ကေလးကို အတင္းဖ်စ္ညႇစ္ရင္း ႏွာထိပ္လုံးလုံးေလးကို ကိုက္ခ်မိေတာ့ အတင္းထထိုင္ၿပီး စြာေလၿပီ။

"အာ့....နာတယ္..."

"..........."

"ကိုကိုေနာ္...သူမခံရတိုင္း....အြန္႔... "

ပါးစုန္႔ေလးေတြပါ ကိုက္ေနတုန္း ထေအာ္ေသာ ဝမ္ေလးကို အျမန္ပါးစပ္ပိတ္ရသည္။

"ထမင္းေၾကာ္ရၿပီ ေမာင္ေရ...ကေလးေတြေတာ့ မႏိုးၾကေသးဘူးထင္ရဲ႕..."

"မႏိုးတာလား မအိပ္ရေသးရတာလားပဲ...ခင္ဗ်ားသားေတြ...အား....ပူလိုက္တာ..."

ေကာ္ဖီႏွပ္ရင္း ေျပာမိသည့္ ေမလင္းကေတာ့ မ်က္ႏွာႀကီးနီကာ ထသီးသြားေသာ ခင္ပြန္းကို ေက်ာဖိေပးရင္း နားမလည္ႏိုင္ေတာ့ေခ်။

Flash back

လိုင္းခန္းလည္း မယူရေသးတာေၾကာင့္ ႏွစ္ေယာက္သား ရိပ္သာကအခန္းမွာပဲ ယာယီေနေနၾကတာ။

မိသားစုသပ္သပ္ ဆုံခ်င္သည္ဟု ေယာကၡမေတြက မွာထားတာမို႔ ရိပ္သာမွာ count down ပင္ မေရေတာ့ပဲ ႏွစ္ေယာက္သား ေရာက္လာၾကျခင္းျဖစ္သည္။

အတင္းတိုက္ေနၾကတာေၾကာင့္ ေသာက္ခဲ့ရေပမယ့္ နည္းနည္းေသာက္ၿပီး မ်ားမ်ားမူးေနသည့္ ဝမ္လုံးလုံးကို မနည္းေခ်ာ့ေခၚေနခဲ့ရတာ။

"လာၾကၿပီလား...ခုေလးတင္ သားတို႔ အေဖက ေမးေနတာ...."

"ဟုတ္...ဗိုလ္မႉးကလည္း အတင္းဆြဲေနတာနဲ႔ ေနာက္က်သြားတယ္....မားမား..."

"ေနာက္က်ဝူး...count down ေတာင္ ေအာ္ရေတးဝူးေရ..."

"ေဟာေတာ္...သားငယ္ေလး...မူးေနတာလား...."

"မူးပါဝူး ေမႀကီးကလည္း....ဝမ္ဝမ္ ပိခ်ိေလးပဲ ေသာက္ခဲ့တာ...ေနာ္ ကိုကိုေနာ္...."

ေက်ာေပၚက ခ်မရပဲ လည္ပင္းကိုခိုကာ မပီကလာေျပာေနသည့္ ဝမ္မူးမူးက မ်က္လုံးတစ္ဖက္ပြင့္ တစ္ဖက္မွိတ္ႏွင့္မို႔ ေရွာင္းက်န္႔မွာ ရယ္က်ဲက်ဲႏွင့္ မခ်ိၿပဳံး ၿပဳံးေနရသည္။

"တပ္မက guardian က vodka ေတြ ထည့္ေပးလိုက္လို႔ကြ ...သားငယ္က မေသာက္တတ္ေပမယ့္ သားမက္ရွိေတာ့ အေဖာ္ရၿပီဆိုၿပီး ဝိုင္းရေအာင္ ေစာင့္ေနတာ..."

"ဟုတ္ကဲ့...ဟိုဘက္ကလည္း count down ေရၿပီးတဲ့အထိ ေနပါ လုပ္ေနလို႔ မနည္းျဖတ္ေနတာနဲ႔ ေနာက္က်သြားတယ္...ေဖႀကီး..."

ဂ်ာကင္ဆြဲေစ့ရင္း ဝင္ထိုင္သည့္ ေယာကၡမႀကီးက ႐ႊင္ေနေတာ့ အနည္းငယ္ေတာ့ အစပ်ိဳးၿပီးဟန္တူသည္။

"ခဏဆင္းေနာ္ ဝမ္ေလး...အတူတူ ထိုင္မယ္ေလ..."

"ဆင္းခ်င္ဝူးလို႔...."

"သားငယ္ေလး...ဝက္ေပါက္ေျခာက္ကင္ေတြအမ်ားႀကီးေနာ္...ေမႀကီးကို မကူေတာ့ဘူးလား..."

"အြင္း...ဝက္ေပါင္ေျခာက္လား...."

အစားႏွင့္မွ်ားမွ အျမန္ေလွ်ာဆင္းကာ အေမေနာက္ကို လႈတ္တုတ္လႈပ္တုတ္ ပါသြားတာမို႔ စာၾကည့္ခန္းထဲမွာ ဝိုင္းျဖစ္ေတာ့သည္။

လည္ရွည္ဖန္ခြက္ထဲ အသာငွဲ႔ထည့္ကာ ကမ္းေပးရင္း သားမက္ႏွင့္ေယာကၡမ ေလေပးေျဖာင့္ေနၿပီ။

"မင္းတို႔ မားမားက မာနႀကီးတယ္ကြ...ငါက မ်က္ႏွာမြဲေတာသား...သူက တကၠသိုလ္က ေမဂ်ာကြင္းဆိုေတာ့ မင္းတို႔အေခၚ ေခ်တာေပါ့ကြာ...."

"ေဖႀကီးက ျပန္မေခ်ဘူးလား..."

"ဘယ္ေနမလဲ...ငါတို႔တပ္က တံတားလုံၿခဳံေရးက်ေနတာ....သူတို႔ေက်ာင္းေလ့လာေရးအဖြဲ႕က ဂိတ္ျဖတ္ေတာ့ အားကိုးတႀကီး လာေျပာတာ...duty is duty ေလ...ေပးမျဖတ္ဘူး...တစ္ညလုံး တံတားထိပ္မွာ အိပ္ၿပီး မနက္မွ ေပးျဖတ္တာ...နည္းနည္းေတာ့ သူ ရွိန္သြားတယ္ေပါ့ကြာ...."

"ေနာက္ေၾကာင္းျပန္ေနျပန္ၿပီ ဒီလူႀကီး...ကေလးေတြေရွ႕မွာ...သားက်န္႔ မယုံနဲ႔ေနာ္...."

ဝက္ေပါင္ကင္ ရဲရဲႂကြပ္ႂကြပ္ႏွင့္ အခ်ဥ္ပန္းကန္ လာခ်ေပးသည့္ မားမားက ၿပဳံးတုံ႔တုံ႔ေျပာေတာ့ ေယာကၡမႀကီးက အကင္တစ္ဖက္ေကာက္ဝါးရင္း....

"အဲ့ဒီေနာက္ပိုင္းမွ ရင္းႏွီးသြားတာေလ...ျဖစ္ခ်င္ေတာ့ ဘႀကီးေက်ာင္းကို လာလႉေနၾကအလႉရွင္သမီး ျဖစ္ေနေရာ...ဖူးစာကံက အဲ့လိုေနာ္ ေမ...."

မားမားကို ၿပဳံးၾကည့္ေနသည့္ မ်က္ဝန္းမ်ားက ျမတ္ႏိုးၾကင္နာမႈတို႔ အထင္းသား။
ခ်စ္သက္ၾကာရွည္သည့္ ႏွစ္ကိုယ္တူဘဝေလး ဤသို႔ဤႏွယ္ ခိုင္ၿမဲေစရမည္။

"ကိုကို႔..."

"သားငယ္ေလး...အိပ္ခ်င္လို႔ဆို..."

"အြင္း...ေဖႀကီး...ကိုကို႔ကို ျပန္ေပးေတာ့..."

"တစ္ပုလင္းပဲ ၿဖိဳရေသးတာ...ဖေအကို လာအူပုပ္ေနတယ္..."

"ကေလးေတြ ပင္ပန္းေရာေပါ့...သားက်န္႔တို႔ သားငယ္ေလး အခန္းမွာပဲ အိပ္လိုက္ၾကေတာ့...ညနက္ေနၿပီ...ေမာင္လည္း ဒီေလာက္ပဲေနာ္...ေနာက္ရက္ေတြ ရွိေသးတာကို..."

ေယာကၡမေတြကို အသာေခါင္းၫႊတ္ျပရင္း အမူးသမားေလးကို တြဲကာ တစ္ခါေရာက္ခဲ့ဖူးေသာ အခန္းေလးဆီ ဝင္လာမိေတာ့ ရင္ခုန္သံတို႔က အသစ္ျဖစ္ရသည္။

အခ်စ္ကို ကိုးကြယ္ကာ ကိုယ့္ဘဝထဲ ယုံယုံၾကည္ၾကည္ ဝင္လာခဲ့သူ....
ေ႐ႊအိမ္စံ မင္းသားေလးမွသည္ ပင္ပန္းၾကမ္းတမ္းသမွ် အေမာေျပေစခဲ့သူ...
ကႏၲာရထဲက အိုေအစစ္ေလး...

စူထြက္ေနေသာ ပါးမို႔ေလးကို တို႔ထိမည္ျပဳစဥ္ ရွိန္းခနဲပူတက္လာေသာ နားထင္ကို လက္မျဖင့္ ဖိေထာက္ရင္း ေျပာင္းလဲလာေသာ ကိုယ့္အေျခအေနေၾကာင့္ လက္သီးတင္းတင္းဆုပ္ထားမိသည္။

ညဦးပိုင္းက ရလာသည့္ ရွီးပဒီးစိမ္ထားသည့္ ေရခဲေတာင္ေဒသထြက္ အရက္မ်ား။
က်န္းမာေရးေကာင္းသည္၊ ကိုယ္ခံအားေကာင္းသည္ဆိုကာ တစ္ေယာက္နည္းနည္းစီ ျမည္းၾကၿပီး ခြက္ခ်င္းလာတိုက္သမွ် ေသာက္ခဲ့ျခင္းက ဇာတ္လမ္းစေလၿပီ။

ေရွာင္းက်န္႔ေရ...မင္း ေရာက္ေနတာ ေယာကၡမအိမ္မွာေနာ္...
မျဖစ္ဘူး...မျဖစ္ဘူးေနာ္...

အေတြးႏွင့္ေက်ာခိုင္းမည္ျပင္ဆဲ ဆတ္ခနဲထကာ ေပါင္ေပၚကားယားခြထိုင္ၿပီး လည္ပင္းဆီ မ်က္ႏွာအပ္ရင္း ႏႈတ္ခမ္းပါးတို႔ဆီ စိုးမိုးလာေသာ ႏႈတ္ခမ္းဖူးဖူးေလးေတြက နင့္နင့္ေမာေမာ။

လည္မ်ိဳကိုပါ ငုံခဲလိုက္တာေၾကာင့္ တရွိန္ရွိန္ပူတက္လာကာ တင္းတင္းဆုပ္ထားမိသည့္ လက္ေတြက ဟူဒီအတြင္းဘက္ထိ က်ဴးေက်ာ္မိခဲ့ၿပီ။

ႏူးညံ့ရာက ျပင္းရွလာေသာ အနမ္းတို႔ေၾကာင့္ အသက္ကို လုရႉေနရသည့္ ဝမ္ေလး။
အစုန္အဆန္ေျပးလႊားေနသည့္ လက္မ်ားေၾကာင့္ ရင္အတြင္းထဲထိ တုန္လွိုက္မႈက တၿငိမ့္ၿငိမ့္။

တစ္ပတ္လွည့္ကာ ရင္ခြင္ေအာက္ ပို႔ပစ္မိေတာ့ ရီေဝေဝမ်က္ဝန္းေလးေတြက လိုလားေတာင့္တဟန္ ညွို႔ငင္ေနသည္မို႔ ထိန္းခ်ဳပ္နိုင္စြမ္းအားမဲ့စြာ ႏွလုံးသားရဲ႕ ေစစားရာ မူးမူးေမ့ေမ့ လိုက္ပါမိၿပီ။

တိမ္ေတြကို ဖမ္းဆုပ္ေနရသလို၊ သက္တန့္ႀကီးကို ခိုစီးေနရသလို၊ ေလဟုန္စီးေနရသလို ႏွင့္ ႐ူးသြပ္စြာ နက္ရွိုင္းစြာ မက္ေမာစြာ ႏွစ္ကိုယ္တူ ခ်စ္ရည္မွ်စြာ ကူးခတ္ခဲ့သည့္ခရီးေလးက ပို၍ပို၍ ရွည္ၾကာစြာ၊ ရပ္တန့္ျခင္းငွာ မစြမ္းသာေတာ့။

အေရွ႕ဘက္ဆီက ေရာင္နီပ်ိဳ႕လာမွ ေက်နပ္ႏွစ္သိမ့္စြာ ၿပဳံးမိရင္း ႏြမ္းႏြမ္းလ်လ် ခိုဝင္လာသည့္ ကိုယ္ေလးကို တင္းတင္းဖက္ရင္း နဖူးဆံစက ေခြၽးစေလးေတြကို အနမ္းႏွင့္ဖြဖြသုတ္ေပးမိသည္။

"ပင္ပန္းသြားၿပီ...ကိုယ့္ အခ်စ္..."

Flash back end

............................................

Note >>>

Update ဆက္တိုက္တင္ေပးခ်င္ေပမယ့္ ဒီရက္ထဲ အလုပ္မ်ားေနတာေရာ ကိစၥေလးတစ္ခ်ိဳ႕ ရွိေနတာေၾကာင့္ေရာ အခုမွ တင္ျဖစ္ပါတယ္

ကဲကဲသဲသဲအတြဲရဲ႕ New Year လက္ေဆာင္ ဆိုပါစို႔

ေနာက္က်ေနတာေရာ reply မျပန္ရေသးတာကိုေရာ အားနာပါတယ္ေနာ္

သီခ်င္းေလးကေတာ့ မင္း ပါတဲ့

Love U All ♥

#NwayOo

1.1.2021 (04:10) PM

Continue lendo

Vocรช tambรฉm vai gostar

46.7K 6.7K 41
"แž แž„แŸ’แžŸแž˜แŸ‚แž“แž‘แŸ?โ€‹แžแŸ’แžšแžนแž˜แžแŸ‚แž˜แžฝแž™แž”แŸ‰แž”แŸ’แžšแžทแž…แž—แŸ’แž“แŸ‚แž€แž™แžพแž„แž“แžนแž„แž’แŸ’แžœแžพแžขแŸ„แž™แž แž„แŸ’แžŸแž˜แžฝแž™แž“แŸ„แŸ‡แž”แžถแž€แŸ‹แžŸแŸ’แž›แžถแž” แž แžพแž™แž แž„แŸ’แžŸแžŠแŸแžŸแŸ’แžšแžŸแŸ‹แžŸแŸ’แžขแžถแžแž“แŸ„แŸ‡แžแŸ’แžšแžผแžœแžŸแŸ’แžแžทแžแž€แŸ’แž“แžปแž„แž€แž˜แŸ’แž˜แžŸแžทแž‘แŸ’แž’แž™แžพแž„แž˜แŸ’แž“แžถแž€แŸ‹แž‚แžแŸ‹"แž‡แžปแž„แž แŸ’แž‚แžปแž€ "แž™แžพแž„แžŠแžนแž„แž–แžธแžขแŸ’แžœแžธแž‘...
127K 11.3K 39
Jeon Jungkook โ™ก Kim Taehyung By Sundi_Minie Asshole /Warningโš 
158K 10.8K 22
แ€€แ€™แ€นแ€˜แ€ฌแ€•แ€ฑแ€ซแ€บแ€™แ€พแ€ฌ แ€œแ€ฐแ€•แ€ฑแ€ซแ€„แ€บแ€ธ billion แ€แ€ปแ€ฎแ€•แ€ผแ€ฎแ€ธแ€›แ€พแ€ญแ€”แ€ฑแ€œแ€Šแ€บแ€ธ แ€€แ€ปแ€ฝแ€”แ€บแ€™แ€กแ€€แ€ผแ€Šแ€บแ€ทแ€แ€ฝแ€ฑแ€€ แ€›แ€พแ€„แ€บแ€ทแ€โ€‹แ€šแ€ฑแ€ฌแ€€แ€บแ€กแ€แ€ฝแ€€แ€บแ€žแ€ฌแ‹
68.5K 5K 65
แž•แŸ‚แž“แžŠแžธแž€แŸ’แžšแžกแžถแž”แŸ‹แž…แžถแž€แŸ‹ แž˜แž“แžปแžŸแŸ’แžŸแžŸแŸ’แžขแžธแžแžถแŸ†แž„แž–แžธแž€แŸ†แž›แŸ„แŸ‡แž˜แž€แžŠแž›แŸ‹แž–แŸ„แŸ‡แž˜แŸ‰แžถแž™แž€แžผแž“แž”แŸ’แžšแžถแŸ†แž แžพแž™ แžšแž€แž”แŸ’แžšแž–แž“แŸ’แž’แž‡แžถแž”แŸ‹แž›แžถแž”แŸ‹แž“แžทแž„แž‚แŸแŸกแž€แŸแž‚แŸ’แž˜แžถแž“ แž˜แžทแž“แž˜แŸ‚แž“แž›แŸ‚แž„แž›แŸ‡แž‘แŸ…แžฏแžŽแžถแž‘แŸ แž‚แžบแž–แžฝแž€แž‚แŸแž“แžทแž„แžŸแŸ’แž›แžถแž”แŸ‹แžŠแŸ„แž™แž‚แŸ’แž˜แžถแž“แž˜แžผแž›แž แŸแžแžปแž“แŸ…แžŠแŸ‚แž›...