Big Bossရဲ႕ ကိုယ္ဝန္လြယ္ထားရၿ...

By dokkaebe

2.8M 393K 18.6K

ကိုယ့္ကိုယ္ကို အထင္ႀကီးလြန္းၿပီး ေသြးနားထင္ေရာက္ကာ ေအးစက္စက္ေနတတ္တဲ့ ေကာင္ေလးရယ္ သြက္သြက္လက္လက္ ထက္ထကျ္မက္ျမ... More

prologue
Chapter 1
Chapter 2
Chapter 3-1
Chapter 3-2
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14-1
Chapter 14-2
Side story or Chapter 16
for side story
Chapter 15
Chapter 16-1
Chapter 16-2
Chapter 17
Chapter 18
Chapter 19
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
အမွားျပင္ျခင္း
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
ေတာင္းပန္လႊာ - တောင်းပန်လွှာ
Chapter 56
Chapter 56.2
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
not update but please read
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79 + 80
Chapter 81
Chapter 82 + 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94 + 95
Chapter 96
Chapter 97
Chapter 98
Chapter 99 + 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114-1
Chapter 114-2
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119-1
Chapter 119-2
Chapter 120
Chapter 121

Chaptetr 20

26.1K 3.5K 71
By dokkaebe

က်ီးဟန္ စီးကရက္မီးညႇိၿပီး တစ္ဖြာ႐ိႈက္လိုက္တယ္။
ဘာေၾကာင့္မွန္းမသိေပမယ့္ သူ႔အဆုတ္ထဲမွာ​ေတာင္ အနည္းငယ္ ေအာင့္မ်က္လို႔ေနတယ္။

စီးကရက္က အရမ္းျပင္းလို႔ျဖစ္ပါလိမ့္မယ္ေလ !

သူ ေခါင္းငံု႔ၿပီး ေခ်ာင္းဆိုးလိုက္တယ္။
အဲ့ဒါေၾကာင့္ပဲ ေအာက္ထပ္က ျမက္ခင္းအစြန္းေလးမွာထိုင္ေနတဲ့ လူတစ္ေယာက္ကို
ေတြ႔လိုက္ရတယ္။

နည္းနည္းေတာင္ေဟာင္းႏြမ္းေနၿပီျဖစ္တဲ့ ဆြယ္တာအျဖဴေလးကို ဝတ္ထားတဲ့ အဲ့ဒီလူသားက
ရီမင္ပါပဲ။

သဴ စီးကရက္ေသာက္ဖို႔ေတာင္ေမ့သြားခဲ့ၿပီး အဲ့ဒီပံုရိပ္ေလးကို ေတြေတြႀကီးေငးကာ စူးစိုက္ၾကည့္ေနမိတယ္။တျဖည္းျဖည္းတိုလာတဲ့စီးကရက္​ေၾကာင့္ သူ႔လက္ေခ်ာင္းေတြ မီးပူေလာင္သြားတဲ့အခ်ိန္ထိ​ေအာင္ပဲ။

ခဏအၾကာမွာ သူ ဖုန္းကိုေကာက္ကိုင္ကာ ေခၚလိုက္ေလတယ္။
ဖုန္းဝင္သြားၿပီးေနာက္ေတာ့ ရီမင္ရဲ႕ အသံေလးထြက္လာတယ္။
"က်ီးဟန္?"

က်ီးဟန္ရဲ႕အသံက ဘာေၾကာင့္မွန္းမသိ အက္ကြဲလို႔ေနတယ္။
"အခု အလုပ္ဆင္းခ်ိန္ေရာက္ေတာ့မွာမို႔
ငါ မင္းကိုလာေခၚမယ္....
ျပီးရင္ ညစာသြားစားၾကရေအာင္"

"ခင္ဗ်ားက ကြၽန္ေတာ့္ကိုေခၚၿပီး ညစာစားခ်င္တယ္?"

"အင္း"

ရီမင္ အေတာ္ေလး ေ႐ွာ့ရသြားတာေပါ့။

"အာ..ဒီေန႔ ခင္ဗ်ား တစ္ခုခုျဖစ္ေနတာလား?"

က်ီးဟန္ ခဏေတာ့ၿငိမ္သြားတယ္။
"မင္း စားခ်င္လား?"

ရီမင္ မ်က္လံုးေလးေထာင့္ကပ္ၿပီး ေျပာေလတယ္။
"ဂ်ဴလီယမ္က အလုပ္ကိစၥနဲ႔ခရီးထြက္သြားေတာ့ ခင္ဗ်ားတစ္ေယာက္တည္း အထီးက်န္ေနတာလား?
ရပါတယ္..
ခင္ဗ်ားကို ေဖ်ာ္ေျဖဖို႔ငွါးထားတဲ့ေကာင္ေလးအျဖစ္ ကူညီေပးပါ့မယ္..
ဒါေပမယ့္ ကြၽန္ေတာ့္ကို မညႇာမတာေတာ့မလုပ္ပါနဲ႔ !
ကြၽန္ေတာ္ အရမ္းပင္ပန္းေနလို႔"

"မဟုတ္ဘူး...ငါ ဆိုလိုတာ အဲ့လိုမဟုတ္ပါဘူး"
က်ီးဟန္ အသက္႐ွဴရတာေတာင္ ခက္ခဲလာတယ္။
"ငါ မင္းနဲ႔ ညစာစားခ်င္ရံုေလးပါ"

"ခင္ဗ်ား ကြၽန္ေတာ့္ကို အဲ့လိုေတြ မလုပ္ပါနဲ႔ !"
ရီမင္ အထင္ေသးစြာ ေျပာလိုက္တယ္။
"ကြၽန္ေတာ္ ေန႔တိုင္း အရသာ႐ွိတာေတြစားေနတာ.. ဒါေၾကာင့္ ခင္ဗ်ားေကြၽးတာစားရမွာ စက္ဆုပ္တယ္"

က်ီးဟန္က ရီမင့္ရဲ႕ ခပ္ရြဲ႔ရြဲ႔စကားေတြကို နားေထာင္ေနတယ္။သူ႔မ်က္လံုးေတြကေတာ့ ျမက္ခင္းျပင္အစြန္းမွာထိုင္ေနတဲ့ ခပ္ပါးပါး ခႏၶာကိ္ုယ္ေလးဆီကေန အၾကည့္မလႊဲႏိုင္ေသးဘူး။

အရသာ႐ွိတာေတြ ေန႔တိုင္းစားတယ္တဲ့လား?

သူ ေန႔တိုင္း ၿပီးၿပီးေရာ ျဖစ္သလိုစားေနလိမ့္မယ္။
အလ်ဥ္းသင့္တဲ့ ေပါင္မုန္႔ေတြ ၊ ေအးစက္စက္ ဆန္ျပဳတ္နဲ႔ ေအးစက္ေနတဲ့ ထမင္းေတြပဲ စားေနမွာ။
အဲ့ဒါေတြကို ဘယ္လိုမ်ား အရသာ႐ွိတာေတြလို႔ ေခၚလို႔ရမွာလဲ?။

ဒီလူသားေလးက ေခါင္းမာလြန္းတယ္။
သူက ဝမ္းနည္းေၾကကြဲေနရင္ေတာင္ သူ႔ဘဝကို ဒီတိုင္းဆက္သြားေနမွာပဲ။သူ႔ကို ၾကင္နာဖို႔ ၊ သနားဖို႔ ဘယ္ေတာ့မွ ေတာင္းဆိုမွာမဟုတ္ဘူး။

သူ႔ရဲ႕ေခါင္းမာမႈေတြေၾကာင့္လည္း က်ီးဟန္ကို ပိုၿပီးေဒါသထြက္ေစခဲ့တာ။
က်ီးဟန္ သက္ျပင္းကို ေလးတြဲစြာခ်လိုက္တယ္။
"အဲ့ဒါက အဲ့ဒါပဲ..ဒီည ညစာစားဖို႔ မင္းကို လာေခၚမယ္..ငါ့ကို ေစာင့္ေန"

ရီမင္ ျငင္းလိုက္မွာေၾကာက္လို႔ ေျပာၿပီးၿပီးခ်င္း ဖုန္းကို အျမန္ေလးခ်လိုက္ရတယ္။
အံဆြဲထဲက ရီမင့္ရဲ႕ကိုယ္ေရးအခ်က္အလက္စာရြက္ေလးကို တစ္ခ်က္ၾကည့္ၿပီး ကားေသာ့ယူကာ ဒါ႐ိုက္တာရံုးခန္းကေန ထြက္လာခဲ့တယ္။

အလုပ္ထဲေခါင္းစိုက္ေနတဲ့ အန္နာကို သူ မွာခဲ့တယ္။
"အန္နာေရ ဒီေန႔ေတာ့ အလုပ္ၿပီးသေလာက္ျဖစ္သြားၿပီ..
က်န္ေနေသးတာေလးေတြေတာ့ ငါ့ကိုတစ္ခ်က္ေလာက္ ကူညီေပးပါ..
Conference video ေတြကို မင္းပဲ စစ္ေဆးလိုက္ပါ"

"ဒါေပမယ္႔ ကြၽန္မ အဆင္သင့္မျဖစ္ေသး........"

"ကိုယ့္ကိုယ္ကိုုယ္ ယံုၾကည္စမ္းပါ"
က်ီးဟန္ တုန္႔ျပန္လိုက္တယ္။ၿပီးေတာ့ တစ္ခ်က္ေလးေတာင္ တုန္႔ဆိုင္းေနဘဲ အန္နာကို ေခါင္းဆတ္ျပကာ သီးသန္႔ဓာတ္ေလွကားထဲ ဝင္သြားေလတယ္။

အန္နာကေတာ့ မ်က္လံုးအစံု လင္းကြင္းေလာက္ျဖစ္ကာ အေတာင့္လိုက္ႀကီး က်န္ေနခဲ့တယ္။

စီအီးအို ဟန္ကေလ...
အလုပ္စြဲလန္းလြန္ေနသူႀကီးကေလ...
အလုပ္ဆင္းခ်ိန္ထက္ေစာၿပီး ျပန္သြားတာလား?

ျပီးေတာ့ Conference call မွာ host အျဖစ္ သူမကို လုပ္ခိုင္းသြားတာလား?

သူမေတာ့ ႏွလံုးရပ္ၿပီး ေသေတာ့မွာပဲ။
ဒီနားမွာ ေခါင္းတလားေရာင္းတဲ့ဆိုင္ ႐ွိလားမသိေပမယ့္ သူမအတြက္ တစ္လံုးေလာက္ေတာ့ ႀကိဳမွာထားလိုက္ခ်င္ပါရဲ႕။

ဟန္ ကုမၸဏီထဲက ထြက္လာတဲ့က်ီးဟန္က ျမက္ခင္းျပင္ေပၚထိုင္ၿပီး သူ႔ကိုေက်ာေပးထားတဲ့ ရီမင့္ကို တန္းျမင္လိုက္တယ္။
သူေလးက မေကာင္းမကန္းေပါင္မုန္႔ကို စားရက္တန္းလန္းေပါ့။

သူ႔ ေနာက္ေက်ာျပင္ေလးက အရမ္းေသးလြန္းတယ္။ဝတ္ထားတဲ့ ကုတ္က သူနဲ႔ႀကီးေနတာေၾကာင့္ သူ႔ကိုယ္ေလးက ပိုၿပီးေသးေနတယ္။လည္တိုင္သြယ္သြယ္​ေလးက ျဖဴေဖ်ာ့ေနၿပီး ေဆာင္းဦးကာလ အေအးဒဏ္ေၾကာင့္ နားရြက္ဖ်ားေလးေတြက နီရဲတြတ္ေနတယ္။

႐ုတ္တရက္ဆိုသလို က်ီးဟန္ရဲ႕ မ်က္လံုးေတြမည္းေမွာင္သြားတယ္။
သူ ေျခသံမၾကားေအာင္ေလ်ွာက္သြားၿပီး ရီမင့္ေဘးမွာ ဝင္ထိုင္လုိက္တယ္။

ဒိန္ခ်ဥ္ဗူးေလးေမာ့ေနတုန္း အနားမွာ လူတစ္ေယာက္လာထိုင္တာမို႔ ရီမင္ ေခါင္းေလးေစာင္းၾကည့္လိုက္တယ္။
က်ီးဟန္ကိုလည္းျမင္ေရာ အသက္႐ႈရပ္မတတ္ သီးေလေတာ့တယ္။
"အဟြတ္..အဟြတ္.... အဟြတ္"

က်ီးဟန္ မ်က္ေမွာင္ၾကဳတ္ကာ သူ႔ေက်ာေလးကို ပုတ္ေပးလိုက္တယ္။
"ဘာလို႔ အဲ့ေလာက္ျမန္ျမန္စားေနရတာလဲ?"

ရီမင္က ဒိန္ခ်ဥ္ဗူးေလး ေဘးခ်လိုက္ရတယ္။
"အလုပ္ဆင္းခ်ိန္မေရာက္ေသးဘူးေလ..ဘာလို႔ အျပင္ေရာက္ေနတာလဲ?"

"ဒီေန႔ အေရးတႀကီးလုပ္စရာေတြမ႐ွိဘူးေလ
..ဒါေၾကာင့္ ေစာေစာဆင္းမယ္လို႔ ေတြးလိုက္တာ"

ရီမင္ ေခါင္းေျခာက္သြားတယ္။
"ခင္ဗ်ား Conference video ႐ိုက္ဖို႔႐ွိတယ္ေလ..."

"အဲ့ဒါ အန္နာလုပ္လိမ့္မယ္"
က်ီးဟန္က မ်က္ေတာင္မခတ္ လိမ္လိုက္တယ္။
"အန္နာက အဲ့ဒီမွာ host လုပ္ခ်င္လြန္းလို႔ သူမက္ုိ တစ္ခါေလာက္ေတာ့ အခြင့္အေရးေပးပါဆိုၿပီး ငိုမလိုမ်က္ႏွာနဲ႔ လာေတာင္းဆိုေနတာ..အဲ့ဒါေၾကာင့္
သူမကို လုပ္ခြင့္ျပဳလိုက္တယ္"

ရီမင္ သံသယေတာ့မကင္းဘူး။
"တကယ္ေရာဟုတ္လို႔လား?"

က်ီးဟန္ ႐ုပ္တည္ႀကီးနဲ႔ ေခါင္းညိတ္ျပလိုက္တယ္။
"ဟုတ္တယ္"

ရီမင္ဆက္မေျပာေတာ့ဘဲ ေပါင္မုန္႔တစ္ကိုက္ ကိုက္လိုက္တယ္။

"အဲ့ဒါေတြ မစားနဲ႔ေတာ့ !
ေကာင္းတာေတြ ငါ ဝယ္ေကြၽးမယ္"

"မစားေတာ့ဘူး.. ကြၽန္ေတာ္ ဗိုက္ျပည့္ေနၿပီ..
ခင္ဗ်ားခ်စ္သူကိုသာ ဖိတ္လိုက္ပါေတာ့"
ရီမင္ေျပာၿပီး ေပါင္မုန္႔ကို ထပ္ကိုက္လိုက္တယ္။

က်ီးဟန္က သူ စားလက္စေပါင္မုန္႔ကို လွမ္းယူလိုက္တယ္။
"အဲ့ဒါကို မစားပါနဲ႔ေတာ့ !"

"ျပန္ေပးစမ္း !"
ရီမင္ ေအာ္လိုက္ကာ ျပန္လုေလေတာ့တယ္။

ရီမင္ သတိမထားမိခင္ ရီမင့္ခါးေလးကို က်ီးဟန္သိမ္းဖက္လိုက္တယ္။
"တစ္ခါေလာက္ေတာ့ ေျပာစကားနားေထာင္ေပးလို႔ရမလား?..
ငါ မင္းကို ျပင္သစ္စားေသာက္ဆိုင္ေခၚသြားမယ္ေလ..
ဟုတ္ၿပီလား?"

"ျပင္သစ္စာႀကိဳက္တဲ့တစ္ေယာက္ေယာက္ကိုသာ ေခၚသြားစမ္းပါ..ကြၽန္ေတာ့္ ေပါင္မုန္႔သာ ကြၽန္ေတာ့္ကို ျပန္ေပး"

က်ီးဟန္ စကားေျပာေနေပမယ့္ ရီမင့္လည္ပင္းက ခပ္႐ွည္႐ွည္အမာရြတ္ကိုသာ ျမင္ေနမိတယ္။
ဒီအမာရြတ္ရထားတာ ေတာ္ေတာ္ၾကာေနၿပီျဖစ္ရမယ္။
အရမ္းႀကီး မသိသာေပမယ့္ အျဖဴေရာင္ အစင္းေျကာင္းသဖြယ္ ခပ္ပါးပါးေတာ့က်န္ေသးတယ္။
ေစ့ေစ့စပ္စပ္မၾကည့္ရင္ေတာ့ သတိထားမိမွာမဟုတ္ဘူး။

က်ီးဟန္ သူ႔လက္ေခ်ာင္းေတြနဲ႔ အမာရြတ္ေလးကို ထိလိုက္တယ္။

"ဒီ ဒဏ္ရာက........................."

🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤



ကျီးဟန် စီးကရက်မီးညှိပြီး တစ်ဖွာရှိုက်လိုက်တယ်။
ဘာကြောင့်မှန်းမသိပေမယ့် သူ့အဆုတ်ထဲမှာတောင် အနည်းငယ် အောင့်မျက်လို့နေတယ်။

စီးကရက္က အရမ်းပြင်းလို့ဖြစ်ပါလိမ့်မယ်လေ !

သူ ခေါင်းငုံ့ပြီး ချောင်းဆိုးလိုက်တယ်။
အဲ့ဒါကြောင့်ပဲ အောက်ထပ်က မြက်ခင်းအစွန်းလေးမှာထိုင်နေတဲ့ လူတစ်ယောက်ကို
တွေ့လိုက်ရတယ်။

နည်းနည်းတောင်ဟောင်းနွမ်းနေပြီဖြစ်တဲ့ ဆွယ်တာအဖြူလေးကို ဝတ္ထားတဲ့ အဲ့ဒီလူသားက
ရီမင်ပါပဲ။

သူ စီးကရက်သောက်ဖို့တောင်မေ့သွားခဲ့ပြီး အဲ့ဒီပုံရိပ်လေးကို တွေတွေကြီးငေးကာ စူးစိုက်ကြည့်နေမိတယ်။တဖြည်းဖြည်းတိုလာတဲ့စီးကရက်ကြောင့် သူ့လက်ချောင်းတွေ မီးပူလောင်သွားတဲ့အချိန်ထိအောင်ပဲ။

ခဏအကြာမှာ သူ ဖုန်းကိုကောက်ကိုင်ကာ ခေါ်လိုက်လေတယ်။
ဖုန်းဝင်သွားပြီးနောက်တော့ ရီမင်ရဲ့ အသံလေးထွက်လာတယ်။
"ကျီးဟန်?"

ကျီးဟန်ရဲ့အသံက ဘာကြောင့်မှန်းမသိ အက်ကွဲလို့နေတယ်။
"အခု အလုပ်ဆင်းချိန်ရောက်တော့မှာမို့
ငါ မင်းကိုလာခေါ်မယ်....
ပြီးရင် ညစာသွားစားကြရအောင်"

"ခင်ဗျားက ကျွန်တော့်ကိုခေါ်ပြီး ညစာစားချင်တယ်?"

"အင်း"

ရီမင် အတော်လေး ရှော့ရသွားတာပေါ့။

"အာ..ဒီနေ့ ခင်ဗျား တစ်ခုခုဖြစ်နေတာလား?"

ကျီးဟန် ခဏတော့ငြိမ်သွားတယ်။
"မင်း စားချင်လား?"

ရီမင် မျက်လုံးလေးထောင့်ကပ်ပြီး ပြောလေတယ်။
"ဂျူလီယမ်က အလုပ်ကိစ္စနဲ့ခရီးထွက်သွားတော့ ခင်ဗျားတစ်ယောက်တည်း အထီးကျန်နေတာလား?
ရပါတယ်..
ခင်ဗျားကို ဖျော်ဖြေဖို့ငှါးထားတဲ့ကောင်လေးအဖြစ် ကူညီပေးပါ့မယ်..
ဒါပေမယ့် ကျွန်တော့်ကို မညှာမတာတော့မလုပ်ပါနဲ့ !
ကျွန်တော် အရမ်းပင်ပန်းနေလို့"

"မဟုတ္ဘူး...ငါ ဆိုလိုတာ အဲ့လိုမဟုတ်ပါဘူး"
ကျီးဟန် အသက်ရှူရတာတောင် ခက်ခဲလာတယ်။
"ငါ မင်းနဲ့ ညစာစားချင်ရုံလေးပါ"

"ခင်ဗျား ကျွန်တော့်ကို အဲ့လိုတွေ မလုပ်ပါနဲ့ !"
ရီမင် အထင်သေးစွာ ပြောလိုက်တယ်။
"ကျွန်တော် နေ့တိုင်း အရသာရှိတာတွေစားနေတာ.. ဒါကြောင့် ခင်ဗျားကျွေးတာစားရမှာ စပ်ဆုပ်တယ်"

ကျီးဟန်က ရီမင့်ရဲ့ ခပ်ရွဲ့ရွဲ့စကားတွေကို နားထောင်နေတယ်။သူ့မျက်လုံးတွေကတော့ မြက်ခင်းပြင်အစွန်းမှာထိုင်နေတဲ့ ခပ်ပါးပါး ခန္ဓာကိ်ုယ်လေးဆီကနေ အကြည့်မလွှဲနိုင်သေးဘူး။

အရသာရှိတာတွေ နေ့တိုင်းစားတယ်တဲ့လား?

သူ နေ့တိုင်း ပြီးပြီးရော ဖြစ်သလိုစားနေလိမ့်မယ်။
အလျဉ်းသင့်တဲ့ ပေါင်မုန့်တွေ ၊ အေးစက်စက် ဆန်ပြုတ်နဲ့ အေးစက်နေတဲ့ ထမင်းတွေပဲ စားနေမှာ။
အဲ့ဒါတွေကို ဘယ္လိုမ်ား အရသာရှိတာတွေလို့ ခေါ်လို့ရမှာလဲ?။

ဒီလူသားလေးက ခေါင်းမာလွန်းတယ်။
သူက ဝမ်းနည်းကြေကွဲနေရင်တောင် သူ့ဘဝကို ဒီတိုင်းဆက်သွားနေမှာပဲ။သူ့ကို ကြင်နာဖို့ ၊ သနားဖို့ ဘယ်တော့မှ တောင်းဆိုမှာမဟုတ်ဘူး။

သူ့ရဲ့ခေါင်းမာမှုတွေကြောင့်လည်း ကျီးဟန်ကို ပိုပြီးဒေါသထွက်စေခဲ့တာ။
ကျီးဟန် သက်ပြင်းကို လေးတွဲစွာချလိုက်တယ်။
"အဲ့ဒါက အဲ့ဒါပဲ..ဒီည ညစာစားဖို့ မင်းကို လာခေါ်မယ်..ငါ့ကို စောင့်နေ"

ရီမင် ငြင်းလိုက်မှာကြောက်လို့ ပြောပြီးပြီးချင်း ဖုန်းကို အမြန်လေးချလိုက်ရတယ်။
အံဆြဲထဲက ရီမင့်ရဲ့ကိုယ်ရေးအချက်အလက်စာရွက်လေးကို တစ်ချက်ကြည့်ပြီး ကားသော့ယူကာ ဒါရိုက်တာရုံးခန်းကနေ ထွက်လာခဲ့တယ်။

အလုပ်ထဲခေါင်းစိုက်နေတဲ့ အန္နာကို သူ မှာခဲ့တယ်။
"အန်နာရေ ဒီနေ့တော့ အလုပ်ပြီးသလောက်ဖြစ်သွားပြီ..
ကျန်နေသေးတာလေးတွေတော့ ငါ့ကိုတစ်ချက်လောက် ကူညီပေးပါ..
Conference video တွေကို မင်းပဲ စစ်ဆေးလိုက်ပါ"

"ဒါပေမယ့် ကျွန်မ အဆင်သင့်မဖြစ်သေး........"

"ကိုယ့်ကိုယ်ကိုယ် ယုံကြည်စမ်းပါ"
ကျီးဟန် တုန့်ပြန်လိုက်တယ်။ပြီးတော့ တစ်ချက်လေးတောင် တုန့်ဆိုင်းနေဘဲ အန္နာကို ခေါင်းဆတ်ပြကာ သီးသန့်ဓာတ်လှေကားထဲ ဝင်သွားလေတယ်။

အန္နာကေတာ့ မျက်လုံးအစုံ လင်းကွင်းလောက်ဖြစ်ကာ အတောင့်လိုက်ကြီး ကျန်နေခဲ့တယ်။

စီအီးအို ဟန္ကေလ...
အလုပ်စွဲလန်းလွန်နေသူကြီးကလေ...
အလုပ်ဆင်းချိန်ထက်စောပြီး ပြန်သွားတာလား?

ပြီးတော့ Conference call မွာ host အဖြစ် သူမကို လုပ်ခိုင်းသွားတာလား?

သူမေတာ့ နှလုံးရပ်ပြီး သေတော့မှာပဲ။
ဒီနားမွာ ခေါင်းတလားရောင်းတဲ့ဆိုင် ရှိလားမသိပေမယ့် သူမအတွက် တစ်လုံးလောက်တော့ ကြိုမှာထားလိုက်ချင်ပါရဲ့။

ဟန် ကုမ္ပဏီထဲက ထွက်လာတဲ့ကျီးဟန်က မြက်ခင်းပြင်ပေါ်ထိုင်ပြီး သူ့ကိုကျောပေးထားတဲ့ ရီမင့်ကို တန်းမြင်လိုက်တယ်။
သူလေးက မကောင်းမကန်းပေါင်မုန့်ကို စားရက်တန်းလန်းပေါ့။

သူ့ နောက်ကျောပြင်လေးက အရမ်းသေးလွန်းတယ်။ဝတ်ထားတဲ့ ကုတ္က သူနဲ့ကြီးနေတာကြောင့် သူ့ကိုယ်လေးက ပိုပြီးသေးနေတယ်။လည်တိုင်သွယ်သွယ်လေးက ဖြူဖျော့နေပြီး ဆောင်းဦးကာလ အအေးဒဏ်ကြောင့် နားရွက်ဖျားလေးတွေက နီရဲတွတ်နေတယ်။

ရုတ်တရက်ဆိုသလို ကျီးဟန်ရဲ့ မျက်လုံးတွေမည်းမှောင်သွားတယ်။
သူ ခြေသံမကြားအောင်လျှောက်သွားပြီး ရီမင့်ဘေးမှာ ဝင်ထိုင်လိုက်တယ်။

ဒိန်ချဉ်ဗူးလေးမော့နေတုန်း အနားမွာ လူတစ်ယောက်လာထိုင်တာမို့ ရီမင် ခေါင်းလေးစောင်းကြည့်လိုက်တယ်။
ကျီးဟန်ကိုလည်းမြင်ရော အသက်ရှုရပ်မတတ် သီးလေတော့တယ်။
"အဟွတ်..အဟွတ်.... အဟွတ်"

ကျီးဟန် မျက်မှောင်ကြုတ်ကာ သူ့ကျောလေးကို ပုတ်ပေးလိုက်တယ်။
"ဘာလို့ အဲ့လောက်မြန်မြန်စားနေရတာလဲ?"

ရီမင်က ဒိန်ချဉ်ဗူးလေး ဘေးချလိုက်ရတယ်။
"အလုပ်ဆင်းချိန်မရောက်သေးဘူးလေ..ဘာလို့ အပြင်ရောက်နေတာလဲ?"

"ဒီနေ့ အရေးတကြီးလုပ်စရာတွေမရှိဘူးလေ
..ဒါကြောင့် စောစောဆင်းမယ်လို့ တွေးလိုက်တာ"

ရီမင် ခေါင်းခြောက်သွားတယ်။
"ခင်ဗျား Conference video ရိုက်ဖို့ရှိတယ်လေ..."

"အဲ့ဒါ အန်နာလုပ်လိမ့်မယ်"
ကျီးဟန်က မျက်တောင်မခတ် လိမ်လိုက်တယ်။
"အန္နာက အဲ့ဒီမွာ host လုပ်ချင်လွန်းလို့ သူမက်ို တစ်ခါလောက်တော့ အခွင့်အရေးပေးပါဆိုပြီး ငိုမလိုမျက်နှာနဲ့ လာတောင်းဆိုနေတာ..အဲ့ဒါကြောင့်
သူမကို လုပ်ခွင့်ပြုလိုက်တယ်"

ရီမင် သံသယတော့မကင်းဘူး။
"တကယ်ရောဟုတ်လို့လား?"

ကျီးဟန် ရုပ်တည်ကြီးနဲ့ ခေါင်းညိတ်ပြလိုက်တယ်။
"ဟုတ်တယ်"

ရီမင်ဆက်မပြောတော့ဘဲ ပေါင်မုန့်တစ်ကိုက် ကိုက်လိုက်တယ်။

"အဲ့ဒါတွေ မစားနဲ့တော့ !
ကောင်းတာတွေ ငါ ဝယ်ကျွေးမယ်"

"မစားတော့ဘူး.. ကျွန်တော် ဗိုက်ပြည့်နေပြီ..
ခင်ဗျားချစ်သူကိုသာ ဖိတ်လိုက်ပါတော့"
ရီမင်ပြောပြီး ပေါင်မုန့်ကို ထပ်ကိုက်လိုက်တယ်။

ကျီးဟန်က သူ စားလက်စပေါင်မုန့်ကို လှမ်းယူလိုက်တယ်။
"အဲ့ဒါကို မစားပါနဲ့တော့ !"

"ပြန်ပေးစမ်း !"
ရီမင် အော်လိုက်ကာ ပြန်လုလေတော့တယ်။

ရီမင် သတိမထားမိခင် ရီမင့်ခါးလေးကို ကျီးဟန်သိမ်းဖက်လိုက်တယ်။
"တစ်ခါလောက်တော့ ပြောစကားနားထောင်ပေးလို့ရမလား?..
ငါ မင်းကို ပြင်သစ်စားသောက်ဆိုင်ခေါ်သွားမယ်လေ..
ဟုတ်ပြီလား?"

"ပြင်သစ်စာကြိုက်တဲ့တစ်ယောက်ယောက်ကိုသာ ခေါ်သွားစမ်းပါ..ကျွန်တော့် ပေါင်မုန့်သာ ကျွန်တော့်ကို ပြန်ပေး"

ကျီးဟန် စကားပြောနေပေမယ့် ရီမင့်လည်ပင်းက ခပ်ရှည်ရှည်အမာရွတ်ကိုသာ မြင်နေမိတယ်။
ဒီအမာရွတ်ရထားတာ တော်တော်ကြာနေပြီဖြစ်ရမယ်။
အရမ်းကြီး မသိသာပေမယ့် အဖြူရောင် အစင်းကြောင်းသဖွယ် ခပ်ပါးပါးတော့ကျန်သေးတယ်။
စေ့စေ့စပ်စပ်မကြည့်ရင်တော့ သတိထားမိမွာမဟုတ္ဘူး။

ကျီးဟန် သူ့လက်ချောင်းတွေနဲ့ အမာရွတ်လေးကို ထိလိုက်တယ်။

"ဒီ ဒဏ်ရာက........................."



Continue Reading

You'll Also Like

379K 8.5K 36
လြတ္လပ္ျခင္း💕ကညႇာပ်ိဳ လွတ်လပ်ခြင်း💕ကညှာပျို "ငါ့နာမည်အတိုင်းငါ့ဘဝကလွတ်လပ်ခြင်းရဲ့ အတိတ်နိမိတ်..''ဟုပြောတတ်သူ.. ဘယ်အချိန်ကြည့်ကြည့်ချောမောခန့်ညားလွန...
132K 9.1K 41
ဒါကဘာသာပြန်လုံး၀ လုံး၀ မဟုတ်ရပါ! ကျောက်မျက်များဖြင့်ဖန်တီးထားသောစကြာ၀ဠာ၏အဆင်းရဲဆုံးနဲ့အငြိမ်းချမ်းဆုံးကမ္ဘာထဲသို့၂၁ရာစုမှကောင်လေးတစ်ဦးဟာ ကလေးတစ်ယောက်...
831K 147K 186
bl ဘာသာပြန် ဝတ္ထုဖြစ်တယ်။
19.8K 3.2K 42
ဘာသာပြန်သူ - စွဲညို့အသင်း