ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပ...

By YinLay4

310K 44.5K 1.2K

ဒီNovelေလးကို ဖတ္ဖူးၾကမယ္ထင္ပါတယ္ အရင္ဘာသာျပန္တ႔ဲသူက ဆက္မျပန္ေတာ့ဘူးဆိုလို႔ Vကဆက္ၿပီး ဘာသာျပန္မွာပါ💜 အပုိင္း... More

💜💜💜
Chapter_101
Chapter_102
Chapter_103
Chapter_104
Chapter_105
Chapter_106
Chapter_107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter_117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chaptee 131
Chapter 132
Chapter 133
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139+140
Chapter 141
Chapter 142+143
Chapter 144+145
Chapter 146+147
Chapter 148+149
Chapter 150+151+152
Chapter 153
Chapter 154+155
Chapter 156+157
Chapter 158+159
Chapter 160 to 162
Chapter 163
Chapter 164
Chapter 166 to 169
Chapter 170 to 173
Chapter 174 + 175
Chapter 176+177
Chapter 178 +179
Chat with Calla
Chapter 180 +181
Chapter 182 +183
Chapter 184 +185
Chapter 186 to 187
Chapter 188 to 190
Chapter 191 to 193
Chapter 194 to 195
Chapter 197 to 198
Chapter 199
Chapter 200 to 202
Chapter 203 to 204
Chapter 205 to 206
Chapter 207 to 210 (U)
Chapter 207 to 210 (Z)
Chapter 211 to 214 U
Chapter 211 to 214 Z
Chapter 215 to 216 U
Chapter 215 to 216 Z
Chapter 217 to 218 U
Chapter 217 to 218 Z

Chapter_100

41.6K 1K 118
By YinLay4

{Zawgyi}

(ငါ့ေျမးအတြက္ ပစၥည္းေလးေတြ ႀကိဳ ျပင္ထားတာ အ့ဲတာဘာျဖစ္လဲ -၃)

ခ်င္းေရွာင္ရဲ႕စကားေၾကာင့္ အႏွီေယာက်ာ္းဟာ အနည္းငယ္ရယ္သြမ္းလိုက္ရင္း
" ခင္ဗ်ား တစ္ခုခုေၾကာင့္ အထင္လြဲေနၿပီထင္တယ္  ကြၽန္ေတာ္တို႔ဆုံးျဖတ္ကာလ တစ္လၾကာၿပီးတ့ဲေနာက္မွာ ခင္ဗ်ားတို႔ကုမၼဏီက အလားအလာေကာင္းေတြရိွတာေၾကာင့္ ရင္းႏွီးျမဳပ္ႏွံလိုက္ရင္ေကာင္းမယ္လို႔ ဆုံးျဖတ္လိုက္ၾကတယ္
ခင္ဗ်ားနဲ႔ ခင္ဗ်ားအဖြဲ႕က ကုမၼဏီအတြက္ အက်ိဳးရလဒ္ေကာင္းေတြ ယူေဆာင္လာႏိုင္လိမ့္မယ္လို႔ ဥကၠဌလုကယုံၾကည္ေနတယ္ အခုခင္ဗ်ားသာ ႏႈတ္ထြက္လိုက္ရင္ ႏွေျမာစရာျဖစ္သြားလိမ့္မယ္ေနာ္ "

အႏွီေယာက်ာ္းရဲ႕စကားတို႔က ခ်င္းေရွာင္ကို မူးေဝသြားေစ၏။
" ဒါေပမယ့္ ခင္ဗ်ားတို႔ အရင္ကေျပာတုန္းကၾကေတာ့... "

" တကယ္လို႔ ခင္ဗ်ားဆီမွာ အႀကံဥာဏ္ေကာင္းေတြ နည္းလမ္းေကာင္းေတြရိွလာမယ္ဆိုရင္ ဥကၠဌလုဆီ ဆက္သြယ္ႏိုင္ပါတယ္ သူက ခင္ဗ်ားဆီကဖုန္းကို ေမ်ွာ္ေနမွာပါ "ထို႔သို႔ေျပာရင္း ခ်င္းေရွာင္ကို လုေပ႐ႊမ္းရဲ႕ လုပ္ငန္းကတ္ျပား (business card)ကို ေပးလိုက္ေလသည္။

လုကုမၼဏီက Genesisကို ခ်င္းေရွာင္န႔ဲ သူအဖြဲ႕ျဖင့္သာ ဆက္လက္လည္ပတ္ဖို႔ ဆုံးျဖတ္လိုက္ေပ၏။ ၄င္းတို႔ဘယ္ေလာက္ ကြၽမ္းက်င္မႈရိွတယ္ တတ္ေျမာက္မႈရိွတယ္ဆိုတာကို မစစ္ေဆးခ့ဲေခ် ။ လုေပ႐ႊမ္းအတြက္ေတာ့ Genesisဟာ ဘာမွမဟုတ္တ့ဲ သာမညသာဆိုေပမယ့္ ခ်င္းေရွာင္အတြက္ေတာ့ သူ႔ဘဝတစ္ခုလုံးပါဝင္ေနတ႔ဲ အရာရာပင္။

ထို႔ေၾကာင့္ Genensisကို လက္လႊဲယူမည့္ကုမၼဏီသည္ Genensisကို ပိုက္ဆံထုတ္စက္လို႔ သေဘာမထားဘဲ အျမတ္တႏိုးထားေစခ်င္ေပသည္။ လုေပ႐ႊမ္း၏business cardကိုကိုင္ထားရင္း ခ်င္းေရွာင္တစ္ေယာက္အေတြးနယ္ခ်ဲ႕ေနေသာေၾကာင့္ စကားတစ္လုံးမွ မထြက္လာႏိုင္ခ့ဲေခ် ။ ဒီလုိၾကေတာ့လည္း လုေပ႐ႊမ္းက ေကာလဟာလေတြထဲကလို ဆိုး႐ြားလြန္းတ့ဲလူန႔ဲမတူသည္ေလ။
~~~~~~~~
လုေပ႐ႊမ္းအလုပ္က အိမ္ျပန္ေရာက္ခ်ိန္မွာ ညဆယ္နာရီပင္ထိုးလို႔ေနေခ် ၿပီ။ နာရီေပါင္းမ်ားစြာ ဆက္တိုက္အလုပ္လုပ္ေနရေသာေၾကာင့္ ပင္ပန္းေနပုံလည္းေပၚ၏။ အိမ္ထဲသို႔ ေျခခ်လိုက္ခ်ိန္မွာပဲ ဆိုဖာေပၚမွာထိုင္ေနေသာ အေမလုကို ေတြ႕လိုက္ရသည္။

" အေမ မအိပ္ေသးဘူးလား "

အေမလုက သက္ျပင္းတစ္ခ်က္ခ်လိုက္ရင္း
" အေမ ခဏေနအိပ္ေတာ့မွာပါ သားက က်န္းက်န္းကို အရင္သြားၾကည့္လိုက္ပါအုံး "

" က်န္းက်န္း?? သူမ ဘာျဖစ္လို႔လဲ?!! "
လုေပ႐ႊမ္းသည္ လြန္ခ႔ဲေသာဆယ္ရက္ေလာက္ထဲက အလြန္ပင္အလုပ္ရႈပ္ေနေသာေၾကာင့္ မနက္ေစာေစာ အိမ္ကထြက္ ၊ ညက် ရင္လည္း ညဥ့္နက္လြန္းမွသာျပန္ေရာက္ေပသည္။ မိသားစုႏွင့္ တူတူထမင္းစားဖို႔ပင္ အခ်ိန္မေပးႏိုင္ခ့ဲေခ် ။

အေမလုသည္ သူမရဲ႕ေခါင္းကိုခါလိုက္ရင္း
" ဘာမွမျဖစ္ပါဘူး သားအေပၚတက္ေတာ့ "

"  အခုေျပာလိုက္ပါ "

အေမလုသည္ ေခတၲမ်ွတိတ္ဆိတ္သြားခဲ့ၿပီး ေနာက္ဆုံးမွာ ေျပာျပဖို႔ဆုံးျဖတ္လိုက္ေတာ့၏။
" က်န္းက်န္းန႔ဲ အေမ ဒီေန႔ျပသနာတက္ေတာ့မလို ျဖစ္သြားတယ္ "

" ဟမ္ ဘယ္လိုျဖစ္လို႔..."
ေယာကၡမန႔ဲ ေခြၽးမၾကားက သင့္ျမတ္ေနတ႔ဲဆက္ဆံေရးေလးမွာ အက္ေၾကာင္းတို႔ထင္ခဲ့ၿပီလားဟု လုေပ႐ႊမ္းေတြးဆမိသြားေသးသည္။

" ငါ့ေျမးေလးအတြက္ ပစၥည္းနည္းနည္းေလာက္  ျပင္ဆင္ေနတာကို က်န္းက်န္းက အေမ့က ကေလးကို အလိုလိုက္လြန္းရင္ မေကာင္းဘူးလို႔ေျပာတယ္ အေမက အဖြားေလ ငါ့ေျမးေလးအတြက္ ပစၥည္းေတြ ႀကိဳ ျပင္မိတာေလးကို ကေလး ႀကီးလာရင္ သုံးကို သုံးရမယ့္ပစၥည္းေတြပဲဟာ "
အေမလုက ဝမ္းနည္းေနသံျဖင့္ဆို၏။

လြန္ခ႔ဲေသာတစ္လက အေမလုသည္ သူမသူငယ္ခ်င္းမ်ားအား ဖိတ္ၿပီး လက္ဖက္ရည္စုေသာက္ခ့ဲၾကေပသည္။ ထို႔ေန႔ၿပီး ေနာက္တစ္ေန႔မွစကာ လုဗီလာႀကီးတစ္ခုလုံးေတြ ကေလးအသုံးအေဆာင္မ်ားႏွင့္ ျပည့္သြားခ့ဲရေပ၏။ အေမလုသည္ အခုခ်ိန္အထိ ကေလးအသုံးအေဆာင္မ်ား ဝယ္ယူျခင္းကို ရပ္တ့ံလိုက္ျခင္းအလ် ဥ္းမရိွေခ် ။  ဒါတင္မကေသး အခန္းdesignerမ်ား ငွားရမ္းၿပီး ကေလးအတြက္အခန္းကို ျပင္ဆင္ေနေသးသည္ပင္။

သို႔ေသာ္လည္း အေမလုသည္ သူမကုိယ္သူမ မွားသည္ဟု မထင္ေခ် ။ ဒီကေလးသည္ လုမိသားစုရဲ႕တစ္ဦးတည္းေသာကေလးျဖစ္တ့ဲအျပင္ တစ္ေန႔မွ လုမိသားစုႀကီးက ဒီကေလးလက္ထဲကိုပင္ ေရာက္မွာျဖစ္ေသာေၾကာင့္ အခုသူမ ဝယ္ယူထားတ့ဲကေလးအသုံးအေဆာင္စရိတ္ဆိုသည္မွာ ပါးမႊားေလးသာရိွသည္ဟုပင္ ေတြးေနေသးေပသည္။

လုေပ႐ႊမ္းသည္ သူ႔မိခင္ ဘာေတြ ဘယ္ေလာက္ဝယ္ခ့ဲသည္ကိုဟမသိေသာ္လည္း သူ႔ဇနီးရီက်န္းဟာ ကေလးကိုဆုံးမသြန္သင္မႈႏွင့္ ပတ္သက္လ်ွင္ ဆတ္ဆတ္ထိမခံတတ္သည္ကိုေတာ့ သိေပ၏။

" အေမ စိတ္မပူပါန႔ဲ။  သား က်န္းက်န္းန႔ဲ စကားေျပာၾကည့္လိုက္ပါ့မယ္ "

" ႏူးႏူးည့ံညံ့စကားန႔ဲပဲေျပာေနာ္ အလုပ္ထဲမွာလို ေၾကာက္စရာေကာင္းေအာင္မေျပာန႔ဲၾကားလား တကယ္လို႔ က်န္းက်န္းက လက္မခံဘူးဆိုရင္လည္း အရမ္းဖိအားမေပးပါန႔ဲ  က်န္းက်န္းက ကေလးလိမၼာဖို႔န႔ဲ ေကာင္းဖို႔အတြက္ စဥ္းစားေပးတာဆိုတာကို အေမသိပါတယ္ " အေမလုက ထိုစကားကိုေျပာကာ သတိေပးရွာ၏။

" သား နားလည္ပါၿပီ "
ထိုသို႔ေျပာၿပီးေနာက္မွာ လုေပ႐ႊမ္းသည္ သူ၏master bedroomရိွရာ အေပၚတက္သို႔ တက္သြားခဲ့ေတာ့သည္။

စာလုံးေရ ၁၄၆၁လုံး💜
အေရးအသား မေကာင္းေသးလို႔ ခြင့္လႊတ္ေပးၾကပါ🥺

××××××××××××××××××××××××××××
{Unicode}

(ငါ့မြေးအတွက် ပစ္စည်းလေးတွေ ကြို ပြင်ထားတာ အဲ့တာဘာဖြစ်လဲ -၃)

ချင်းရှောင်ရဲ့စကားကြောင့် အနှီယောကျာ်းဟာ အနည်းငယ်ရယ်သွမ်းလိုက်ရင်း
" ခင်ဗျား တစ်ခုခုကြောင့် အထင်လွဲနေပြီထင်တယ်  ကျွန်တော်တို့ဆုံးဖြတ်ကာလ တစ်လကြာပြီးတဲ့နောက်မှာ ခင်ဗျားတို့ကုမ္မဏီက အလားအလာကောင်းတွေရှိတာကြောင့် ရင်းနှီးမြုပ်နှံလိုက်ရင်ကောင်းမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်
ခင်ဗျားနဲ့ ခင်ဗျားအဖွဲ့က ကုမ္မဏီအတွက် အကျိုးရလဒ်ကောင်းတွေ ယူဆောင်လာနိုင်လိမ့်မယ်လို့ ဥက္ကဌလုကယုံကြည်နေတယ် အခုခင်ဗျားသာ နှုတ်ထွက်လိုက်ရင် နှမြောစရာဖြစ်သွားလိမ့်မယ်နော် "

အနှီယောကျာ်းရဲ့စကားတို့က ချင်းရှောင်ကို မူးဝေသွားစေ၏။
" ဒါပေမယ့် ခင်ဗျားတို့ အရင်ကပြောတုန်းကကြတော့... "

" တကယ်လို့ ခင်ဗျားဆီမှာ အကြံဥာဏ်ကောင်းတွေ နည်းလမ်းကောင်းတွေရှိလာမယ်ဆိုရင် ဥက္ကဌလုဆီ ဆက်သွယ်နိုင်ပါတယ် သူက ခင်ဗျားဆီကဖုန်းကို မျှော်နေမှာပါ "ထို့သို့ပြောရင်း ချင်းရှောင်ကို လုပေရွှမ်းရဲ့ လုပ်ငန်းကတ်ပြား (business card)ကို ပေးလိုက်လေသည်။

လုကုမ္မဏီက Genesisကို ချင်းရှောင်နဲ့ သူအဖွဲ့ဖြင့်သာ ဆက်လက်လည်ပတ်ဖို့ ဆုံးဖြတ်လိုက်ပေ၏။ ၄င်းတို့ဘယ်လောက် ကျွမ်းကျင်မှုရှိတယ် တတ်မြောက်မှုရှိတယ်ဆိုတာကို မစစ်ဆေးခဲ့ချေ ။ လုပေရွှမ်းအတွက်တော့ Genesisဟာ ဘာမှမဟုတ်တဲ့ သာမညသာဆိုပေမယ့် ချင်းရှောင်အတွက်တော့ သူ့ဘဝတစ်ခုလုံးပါဝင်နေတဲ့ အရာရာပင်။

ထို့ကြောင့် Genensisကို လက်လွှဲယူမည့်ကုမ္မဏီသည် Genensisကို ပိုက်ဆံထုတ်စက်လို့ သဘောမထားဘဲ အမြတ်တနိုးထားစေချင်ပေသည်။ လုပေရွှမ်း၏business cardကိုကိုင်ထားရင်း ချင်းရှောင်တစ်ယောက်အတွေးနယ်ချဲ့နေသောကြောင့် စကားတစ်လုံးမှ မထွက်လာနိုင်ခဲ့ချေ ။ ဒီလိုကြတော့လည်း လုပေရွှမ်းက ကောလဟာလတွေထဲကလို ဆိုးရွားလွန်းတဲ့လူနဲ့မတူသည်လေ။
~~~~~~~~
လုပေရွှမ်းအလုပ်က အိမ်ပြန်ရောက်ချိန်မှာ ညဆယ်နာရီပင်ထိုးလို့နေချေ ပြီ။ နာရီပေါင်းများစွာ ဆက္တိုက်အလုပ်လုပ်နေရသောကြောင့် ပင်ပန်းနေပုံလည်းပေါ်၏။ အိမ်ထဲသို့ ခြေချလိုက်ချိန်မှာပဲ ဆိုဖာပေါ်မှာထိုင်နေသော အမေလုကို တွေ့လိုက်ရသည်။

" အမေ မအိပ်သေးဘူးလား "

အမေလုက သက်ပြင်းတစ်ချက်ချလိုက်ရင်း
" အမေ ခဏနေအိပ်တော့မှာပါ သားက ကျန်းကျန်းကို အရင်သွားကြည့်လိုက်ပါအုံး "

" ကျန်းကျန်း?? သူမ ဘာဖြစ်လို့လဲ?!! "
လုပေရွှမ်းသည် လွန်ခဲ့သောဆယ်ရက်လောက်ထဲက အလွန်ပင်အလုပ်ရှုပ်နေသောကြောင့် မနက်စောစော အိမ်ကထွက် ၊ ညကျ ရင်လည်း ညဉ့်နက်လွန်းမှသာပြန်ရောက်ပေသည်။ မိသားစုနှင့် တူတူထမင်းစားဖို့ပင် အချိန်မပေးနိုင်ခဲ့ချေ ။

အမေလုသည် သူမရဲ့ခေါင်းကိုခါလိုက်ရင်း
" ဘာမှမဖြစ်ပါဘူး သားအပေါ်တက်တော့ "

"  အခုပြောလိုက်ပါ "

အမေလုသည် ခေတ္တမျှတိတ်ဆိတ်သွားခဲ့ပြီး နောက်ဆုံးမှာ ပြောပြဖို့ဆုံးဖြတ်လိုက်တော့၏။
" ကျန်းကျန်းနဲ့ အမေ ဒီနေ့ပြသနာတက်တော့မလို ဖြစ်သွားတယ် "

" ဟမ် ဘယ်လိုဖြစ်လို့..."
ယောက္ခမနဲ့ ချွေးမကြားက သင့်မြတ်နေတဲ့ဆက်ဆံရေးလေးမှာ အက်ကြောင်းတို့ထင်ခဲ့ပြီလားဟု လုပေရွှမ်းတွေးဆမိသွားသေးသည်။

" ငါ့မြေးလေးအတွက် ပစ္စည်းနည်းနည်းလောက်  ပြင်ဆင်နေတာကို ကျန်းကျန်းက အမေ့က ကလေးကို အလိုလိုက်လွန်းရင် မကောင်းဘူးလို့ပြောတယ် အမေက အဖွားလေ ငါ့မြေးလေးအတွက် ပစ္စည်းတွေ ကြို ပြင်မိတာလေးကို ကလေး ကြီးလာရင် သုံးကို သုံးရမယ့်ပစ္စည်းတွေပဲဟာ "
အမေလုက ဝမ်းနည်းနေသံဖြင့်ဆို၏။

လွန်ခဲ့သောတစ်လက အမေလုသည် သူမသူငယ်ချင်းများအား ဖိတ်ပြီး လက်ဖက်ရည်စုသောက်ခဲ့ကြပေသည်။ ထို့နေ့ပြီး နောက်တစ်နေ့မှစကာ လုဗီလာကြီးတစ်ခုလုံးတွေ ကလေးအသုံးအဆောင်များနှင့် ပြည့်သွားခဲ့ရပေ၏။ အမေလုသည် အခုချိန်အထိ ကလေးအသုံးအဆောင်များ ဝယ်ယူခြင်းကို ရပ်တံ့လိုက်ခြင်းအလျ ဉ်းမရှိချေ ။  ဒါတင်မကသေး အခန်းdesignerများ ငှားရမ်းပြီး ကလေးအတွက်အခန်းကို ပြင်ဆင်နေသေးသည်ပင်။

သို့သော်လည်း အမေလုသည် သူမကိုယ်သူမ မှားသည်ဟု မထင်ချေ ။ ဒီကလေးသည် လုမိသားစုရဲ့တစ်ဦးတည်းသောကလေးဖြစ်တဲ့အပြင် တစ်နေ့မှ လုမိသားစုကြီးက ဒီကလေးလက်ထဲကိုပင် ရောက်မှာဖြစ်သောကြောင့် အခုသူမ ဝယ်ယူထားတဲ့ကလေးအသုံးအဆောင်စရိတ်ဆိုသည်မှာ ပါးမွှားလေးသာရှိသည်ဟုပင် တွေးနေသေးပေသည်။

လုပေရွှမ်းသည် သူ့မိခင် ဘာတွေ ဘယ်လောက်ဝယ်ခဲ့သည်ကိုဟမသိသော်လည်း သူ့ဇနီးရီကျန်းဟာ ကလေးကိုဆုံးမသွန်သင်မှုနှင့် ပတ်သက်လျှင် ဆတ်ဆတ်ထိမခံတတ်သည်ကိုတော့ သိပေ၏။

" အမေ စိတ်မပူပါနဲ့။  သား ကျန်းကျန်းနဲ့ စကားပြောကြည့်လိုက်ပါ့မယ် "

" နူးနူးညံ့ညံ့စကားနဲ့ပဲပြောနော် အလုပ်ထဲမှာလို ကြောက်စရာကောင်းအောင်မပြောနဲ့ကြားလား တကယ်လို့ ကျန်းကျန်းက လက်မခံဘူးဆိုရင်လည်း အရမ်းဖိအားမပေးပါနဲ့  ကျန်းကျန်းက ကလေးလိမ္မာဖို့နဲ့ ကောင်းဖို့အတွက် စဉ်းစားပေးတာဆိုတာကို အမေသိပါတယ် " အမေလုက ထိုစကားကိုပြောကာ သတိပေးရှာ၏။

" သား နားလည်ပါပြီ "
ထိုသို့ပြောပြီးနောက်မှာ လုပေရွှမ်းသည် သူ၏master bedroomရှိရာ အပေါ်တက်သို့ တက်သွားခဲ့တော့သည်။

စာလုံးရေ ၁၄၆၁လုံး💜
အရေးအသား မကောင်းသေးလို့ ခွင့်လွှတ်ပေးကြပါ🥺

Continue Reading

You'll Also Like

30.5K 5.9K 98
Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Update schedule - Daily Start Da...
2.3M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
351K 8.7K 80
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
280K 21.1K 40
မင်းကိုချစ်တယ်ချစ်ပုံ မင်းဘယ်လိုပုံစံဘဲဖြစ်ဖြစ် ကိုကိုမင်းကိုချစ်တယ် (Own Creation) Started Date 10.1.2022 Ended Date 18.5.2022 မင္းကိုခ်စ္တယ္ခ်စ္ပုံ...