|၁၆|

4.8K 1K 97
                                    


အခန်း(၁၆)ကြက်ဥပြုတ်

လျန်​ကျွင်းသည်​ စကားတစ်​ခွန်းမှမဆိုဘဲ 
ခေါင်း​မော့ကြည့်​လိုက်​သည်​။

ရှီကျင်းသည်​ အလွန်​ရှက်​စရာ​ကောင်း
လှသဖြင့်​ ပါးစပ်​အား ကာလိုက်​သည်​။

"​တောင်းပန်​ပါတယ်​ ကျွန်​​တော်​မရည်​ရွယ်​ပါဘူး။
စားပွဲ​ပြောင်းလိုက်​ရမလား ကျွင်း​ရှောက်​"

"မလိုဘူး"
လျန်​ကျွင်းသည်​ သူ​သောက်​လက်​စ
စွပ်​ပြုတ်​ပန်းကန်​ကိုဖယ်​လိုက်​ကာ
မထုံတက်​​သေး ဆိုလိုက်​သည်​။

"ဖွတဲ့လူက ကိုယ်​အမှိုက်​ကိုပြန်​သိမ်းရတယ်​၊
စားစရာကို မဖြုန်းတီးနဲ့"

"..."

ထို့​ကြောင့်​ ည​နေစာလား ​နေ့လည်​စာလား
မသဲကွဲစွာ ရှီကျင်းဆက်​စား​နေလိုက်​သည်​။
သူသည်​ တွန့်​ဆုတ်​တွန့်​ဆုတ်​လုပ်​ရင်း
လျန်​ကျွင်း၏tabletအား ခိုးခိုးကြည့်​သည်​။
နောက်​ဆုံး​တော့ မ​နေနိုင်​စွာ သူ့ကိုယ်​ပိုင်​ဖုန်းကို
ခိုးထုတ်​ပြီး မိုက်​ခရို​ဘ​လော့appကို
ဖွင့်​ကြည့်​လိုက်​သည်​။

ရုန်​ကျိုးကျုံး၏​ကျော်​ကြားမှုအရ ရှီကျင်း
ခက်​ခက်​ခဲခဲပင်​ ရှာစရာမလို​ပေ။
အဓိကစာမျက်​နှာကို ဖွင့်​လိုက်​ရုံဖြင့်
ထိပ်​ဆုံးသို့​ရောက်​​နေ​သည့်​ 'က​​နေ​​သော
လူငယ်​​လေးတစ်​​ယောက်ကို ​​​ရုန်​ကျိုးကျုံး
ရှာ​ဖွေ​နေသည်​'ဟူသော သတင်းအား
တွေ့လိုက်​ရသည်​။

စိတ်​တုန်​လှုပ်​သွားလျှင်​ ​ဘာ​ကောင်းကျိုးမှ
မဖြစ်​လာနိုင်​၍ စိတ်​ထဲသို့​မေးလိုက်​သည်​။
"ရုန်​ကျိုးကျုံးက ငါ့ကိုရိပ်​မိသွားပြီလို့ထင်​လား"

ရှောင်​စစ်​သည်​လည်း ထိုကိစ္စထဲ
ရုန်​ကျိုးကျုံးပါဝင်​စွက်​ဖက်​လာလိမ့်​မည်​ဟု
မထင်​မှတ်​ထားသဖြင့်​ အထစ်​ထစ်
အ​ငေါ့​ငေါ့​ဖြေသည်​။

<သူမရိပ်​မိ​လောက်​ပါဘူး၊ကျင်းကျင်းက
ဒီ​လောက်​​ပြောင်းလဲသွားတာ၊ပြီး​တော့
ကျင်းကျင်းရဲ့ဘားတန်းကလည်း မတက်​ဘူး
အခုထိ၇၇၀အတိုင်းပဲ>

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now