အခန်း(၂၆) 00J
ဤသည်မှာ အဆုံးသတ်ဟု မဆိုရသေး ။
ပျော်စရာတွေက အခုမှစတင်မှာဖြစ်သည် __
အရာရာက ပို၍ပင် စိတ်ဝင်စားစရာ
ကောင်းလာတော့မည် ။ရှီကျင်းအား ပိုက်ဆံထိုးပေးပြီးနောက်မှာ
ကျောက်ပေါက်ယွမ်သည် တစ်နေရာမှာ
သေနတ်တစ်လက်ကိုဆွဲထုတ်ကာ
ရှီကျင်းလက်အတွင်းထည့်ပေးပြီး
သွေးဆောင်လှည့်ဖျားတော့သည်။"ဒါက မင်းကိုယ်မင်း ကာကွယ်ဖို့ ၊
ရှောင်ရွမ်. . .
အမှန်အတိုင်းပြောရရင် ငါ့မိတ်ဆွေတွေက
မသန့်ရှင်းတဲ့စီးပွားရေးကိစ္စတွေမှာ
ပါဝင်ပတ်သတ်နေတယ်။ သူတို့က ငါ့ကိုပါ
ပူးပေါင်းစေချင်ကြပင်မဲ့ ငါကသဘောမတူခဲ့ဘူး၊
အကျိုးဆက်ကတော့ ငါ့မိသားစုရဲ့
အသက်အန္တရာယ်ကိုပါ သူတို့ခြိမ်းခြောက်လာတယ်. . ."လျိုယွမ်၏အသံမှာ ဘဝကံကြမ္မာဆိုးကြီးကို
အလူးအလဲခံစားနေရသလို ထိုသူစကားပြောတိုင်း
အမှန်တကယ်ပင်မတည်ရှိနေသော
မျက်လုံးထောင့်မှ မျက်ရည်စများကိုပင်
လက်ဖြင့် ဖိသုတ်သည်။အမလေး. . .ခင်ဗျားက
အနုပညာကျောင်းဆင်းများလား. . ?ထိုကဲ့သို့ ရှီကျင်းတွေးမိသော်ငှါး မျက်နှာထက်တွင်
ဖြောင့်မတ်မှန်ကန်သော မခံမရပ်နိုင်သည့်
ဒေါသများချိတ်ဆွဲကာ ဆိုသည်။"မိသားစုနဲ့ ခြိမ်းခြောက်တယ်. . .? သူတို့က
အကိုရဲ့ သူငယ်ချင်းတွေ မဟုတ်ဘူး ! ""ဒါတွေက အရေးမပါတော့ပါဘူး. . .ငါ့မှာ
ရွေားချယ်စရာမှမရှိတာ ၊ ငါသူတို့ကိုကူညီပေးရင်
ငါ့မိသားစုတွေကို မထိခိုက်စေတော့ဘူးထင်တာ။
ငါ့ကိုသတ်ဖို့ကြံစည်တဲ့အထိတောင်
မထင်ထားမိခဲ့ဘူး ! အားလုံးငါ့အမှားပါ. . ငါသာ
မင်းကို ဘူတာရုံမှာ စကားလာမပြောခဲ့ရင်၊
မင်းပိုက်ဆံရှာရဖို့ မကူညီချင်ခဲ့ရင် မင်းဒီလို
ငါနဲ့အတူ သားရဲတွင်းထဲရောက်လာမှာမဟုတ်ဘူး။
ဒါပင်မဲ့လည်း မင်းကိုကျေးဇူးလည်း
တင်ပါတယ်။ မင်းသာ အဲ့စကားတွေမကြားခဲ့ရင်
ငါတို့ဘယ်လိုသေလို့သေသွားမှန်းတောင်
သိလိုက်မှာမဟုတ်ဘူး။ ရှောင်ရွမ်. . .အစ်ကိုလျို
မင်းကိုတကယ်တောင်းပန်ပါတယ်၊
အစ်ကိုလျိုသာ မင်းအပေါ်မကောင်းခဲ့ရင်
ဒီလိုအရှုပ်အထွေးမျိုးထဲ မင်းရောပါလာမှာ
မဟုတ်ဘူး "
KAMU SEDANG MEMBACA
သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]
AksiTitle: Death Progress Bar "生存进度条" Author: Can't Play Chess(不会下棋 ) ရဲဝန်ထမ်းတစ်ဦးဖြစ်သည့်ရှီကျင်းသည် သူခိုးနောက်သို့လိုက်ရင်း ကုန်တင်ကားတိုက်မိကာ... သူဖတ်နေသော ဝတ္ထုကအဓိကဇာတ်ကောင်ရှီကျင်းဆီသို့ ဝိညာဉ်ကူးပြောင်းသွားခဲ့တော့သည်။ ********** ရဲဝန်ထမ်းတစ်ဦ...