|၃၉|

4.3K 928 46
                                    


အခန်း(၃၉)ကြက်​ဥကိတ်

မကြာခင်​မှာပဲ လျန်​ကျွင်းနှင့်​အ​ပေးအယူ
ပြုလုပ်​မိခြင်းအ​ပေါ် ရှီကျင်း​နောင်​တရလာသည်​။

"မဖြစ်​နိုင်​တာ...ငါကဘာလို့ရှုံးရတာလဲ?
ငါ မာ​ကျောက်​တုံး​တွေကို​သေ​သေချာချာ
ရေတွက်​တာပဲ​လေ ! "

ရှီကျင်းသည်​ မျက်​နှာရှုံ့မဲ့ကာ ​လေထဲသို့
လက်​သီးထိုးရင်း​ပြောသည်​။

ထိုအခါ ​ရှောင်​စစ်​မှ နှစ်​သိမ့်​​ပေးသည်​။
<အ​တော်​ဆုံးကစားသမား​တောင်
တခါတ​လေရှုံးနိုင်​တာပဲ​လေ ဒါကသာမန်​ပါပဲ>

ရှီကျင်းသည်​ စိတ်​ဓာတ်​ကျစွာသက်​ပြင်းချကာ

"ဒါ​ပေမဲ့ အခု​တော့ ငါ့အစ်​ကို​တွေရဲ့အ​မေ​တွေ
အ​ကြောင်းစုံစမ်းဖို့ ကျွင်း​ရှောက်​ကိုအကူအညီ
တောင်းလို့မရ​တော့ဘူး"

<ဒီတိုင်း​တောင်းဆိုလိုက်​လည်းရတာပဲ​လေ...
ဒါလင်​က ငြင်းမှာမဟုတ်​ပါဘူး>

"အဲ့တာဆို ငါက သူ့အ​ပေါ် ကိစ္စတစ်​ခု
အ​ကြွေးတင်​သလိုဖြစ်​သွားမှာ​​...​နောက်​ပိုင်း
သူ့ကိုစွပ်​ပြုတ်​အတင်း​သောက်​ခိုင်းတဲ့အချိန်​ကျရင်
ငါ့ဘက်​က တရားမျှတမှုမရှိသလို ဖြစ်​နေမှာပေါ့"
ရှီကျင်း အ​တွေးနက်​​လေသည်​။

စစ်​စတန်​သည်​ တခဏတိတ်​ဆိတ်​သွားပြီးမှ
တိုးတိုး​ပြောသည်​။

<တရားမျှတမှု? မကြာ​သေးခင်​ကပဲ
အမှားအကြီးကြီးလုပ်​ထားတာကို အခုမှ
တရားမျှတမှုရှိတဲ့အ​ကြောင်း​ပြော​နေတယ်​..>

"မင်းပြောတာကို ငါ​သေ​ချာမကြားလိုက်​ဘူး
တစ်​​ခေါက်​​လောက်​ ပြန်​​ပြောစမ်း? "
ရှီကျင်း၏အသံမှာ ခြိမ်း​ခြောက်​မှုအပြည့်​ဖြစ်​သည်​။

ရှောင်​စစ်​လည်း သူ့စကားများကိုပြန်​မြိုချကာ
အချက်​ကျကျ အကြံ​ပေးလိုက်​သည်​။
<ဒါလင့်​ကို ​နောက်​တစ်​ကြိမ်​ထပ်​ကစားဖို့ 
မေးလိုက်​​လေ...တစ်​ခါရှုံး​ပေမဲ့
နောက်​တစ်​ခါ​တော့ ကျင်းကျင်းနိုင်​မှာ​သေချာတယ်​!
လက်​မ​လျော့နဲ့ ကျင်းကျင်း! >

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now