|၅၃|

4K 917 91
                                    

အခန်း(၅၃) သူက မကောင်းဆိုးဝါး!

အမြှောက်သံများက ပိုမိုကျယ်လောင်လာသဖြင့်
ရှောင်စစ်ဆီက အမြင်အာရုံတိုးမြှင့်buff
တောင်းကာ အဝေးမှတိုက်ပွဲကို စိတ်လှုပ်ရှားစွာ
အကဲခတ်လိုက်သည်။

တစ်အောင့်မျှကြည့်ပြီးနောက်
ရှီကျင်းမျက်မှောင်ကြုတ်မိသွားသည်။
မထင်မှတ်ထားစွာ Nine Eaglesဘက်က
တိုက်ခိုက်မှုများကို Annihilationသင်္ဘောက
ခုခံရုံသာလုပ်နေသည်။ ပြန်ပစ်သော်လည်း
အဲ့လောက်မဟုတ်။ တိုက်ပွဲမြေပြင်ကို
ကန့်သတ်နေသလို Nine Eaglesဘက်မှ
ပစ်အားပြင်းသောအမြှောက်များ မသုံးအောင်
ရန်သူရေယာဉ်အနီးသို့သာ ဆက်တိုက်ကပ်နေသည်။

ဒါဟာ ထူးဆန်းနေသည်ဟုတွေးမိသည်။
လျန်ကျွင်းရော Gua Yiရောက
တိုက်ပွဲတွင် အလျော့ပေးတတ်သော
လူစားမျိုးမဟုတ်ပေ။ Annihilationဘက်က
တဖြည်းဖြည်းအရေးနိမ့်တော့မည့်
လက်ရှိအနေအထားမျိုးကိုဆို ပြောစရာပင်
မလိုတော့။ထိုစဉ် Nine Eaglesမမြင်နိုင်သော
သင်္ဘောဘက်ခြမ်းမှ တစ်ယောက်ယောက်ဆင်းဖို့
ကြိုးစားနေသည်ကိုမြင်သောအခါမှ ရှီကျင်း
ရိပ်မိသွားသည်။

"ငါ သင်္ဘောပေါ်မှာမရှိတာ လျန်ကျွင်းသိသွားပြီလား?
အဲ့တာကြောင့် ငါမထိခိုက်အောင်
တိုက်ခိုက်နှုန်းကို အနည်းဆုံးဖြစ်အောင်
ထိန်းနေတာလား? အဲ့လူတွေက ငါ့ကိုရှာဖို့
လာနေတာလား?"

ရှီကျင်း ရှော့ရသွားသည်။ ဒါကြောင့်
သူ့ခန္ဓာကိုယ်ကို ပုတ်ကာ ဂြိုဟ်တုဖုန်းကို
ရှာလိုက်သည်။ ပလတ်စတစ်အလွှာပေါင်းများစွာ
ပတ်ကာ အိတ်ကပ်ထဲထည့်ထားသဖြင့်
ရေနည်းနည်းဝင်သွားသော်လည်း သုံးလို့
ရသေးသည့်အတွက် လျန်ကျွင်းကို
ခေါ်လိုက်သည်။

ဆက်သွယ်မှုက လျင်မြန်စွာ ချိတ်ဆက်သွားပြီး
လျန်ကျွင်းမှ ချက်ချင်း မေးလာသည်။
{ ရှီကျင်း? မင်းဘယ်မှာလဲ? မင်းကိုလာခေါ်ဖို့
အခုချက်ချင်း လူလွှတ်ပေးမှာမို့ မစိုးရိမ်နဲ့နော်}

သူသည် ပုံမှန်ထက် စကားပြောမြန်နေပြီး
စိတ်ပူနေသောအသံမျိုးဖြစ်သည်။

သေချာသွားပါပြီ !

ရှီကျင်းလည်း မျက်နှာကို လက်ဖြင့်
အုပ်မိပြီး "ဟင့်အင်း မပို့နဲ့ဦး" ဟု
မြန်မြန်ဖြေလိုက်သည်။

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now