အခန်း(၃၂)မေ့သွားလို့ပါ
မေးခွန်းများ အသီအတန်းကြီးကြောင့်
စွံ့အသွားသောရှီကျင်းသည် စာရွက်များကို
ကြည့်လိုက် လျန်ကျွင်းကိုကြည့်လိုက်နှင့်
ထိုအချိန်က သူ့အတွေးများကို ပြန်စဉ်းစားဖို့
ကြိုးစားရသည်။နောက်ဆုံး၌ အားနည်းစွာ
ပြန်ဖြေသည်။"ကျွန်တော်မေ့သွားလို့ပါ. . .ကျွင်းရှောက်ကို
ဖုံးကွယ်ထားဖို့ တကယ်မရည်ရွယ်ခဲ့ပါဘူး... "သူအမှန်တကယ်ကို မေ့သွားခြင်းဖြစ်သည်။
ထိုနေ့က သူ့စိတ်ထဲတွင် လျန်ကျွင်းနှင့်ချန်ချင်
တွေ့ဆုံမှူအပေါ်ကို အာရုံရောက်နေခဲ့သည်။
ပြီးနောက် ရှီဝေချုံး၏ပေါက်ကရစကားများကြောင့်
လျန်ကျွင်းစိတ်ဆိုးသွားသလားဟူ၍
တောက်လျှောက်စိတ်ပူနေမိရာ
မစ်ရှင်အကြောင်းပြောပြချိန်တွင် ထိုကိစ္စကို
ခေါင်းထဲမရှိသဖြင့် စာရင်းအကြောင်းကို
ဘာမှမပြောခဲ့ခြင်းဖြစ်သည်။
အိပ်ယာထဲမလှဲခင်အထိ သတိမရခဲ့တာ
ဖြစ်သည်။သတင်းအချက်အလက်များစီစစ်ခြင်းအကျိုးနှင့်
အဖျားဝင်သွားကာ ရက်အတော်ကြာ
ခေါင်းမကြည်ခဲ့ပေ။
သက်သာလာပြန်တော့လည်း
သူ့အာရုံမှာ ရှီဝေချုံးနှင့်ရွှီချွမ်ဘက်သို့
လှည့်သွားပြန်ဟည်။ထို့ကြောင့်
ပြန်ပေးဆွဲမည့်စာရင်းကိစ္စကို လျန်ကျွင်းအားပြောရန်
လုံးဝစိတ်မကူးခဲ့ပေ။အကျဉ်းချုပ်လိုက်ရင်တော့ ဒီတိုင်း
သူမေ့သွားခြင်းသက်သက်သာဖြစ်သည်။
သို့မဟုတ် ထိုအကြောင်းကို လျန်ကျွင်းဆီ
တင်ပြသင့်သည်ဟု တစ်ခါမှ
မတွေးမိခဲ့ခြင်းကြောင့်ဖြစ်မည်။လျန်ကျွင်းသည် ရှီကျင်း၏ရိုးသားလှသော
အူလည်လည်ရုပ်ကိုကြည့်ရင်း အချိန်ခဏ
စောင့်ဆိုင်းနေသည်။သို့သော် လူငယ်လေးသည်
တခြားဘာမှဆက်မပြောတော့သောအခါ
ပို၍ပင်အမျက်သည်းလာကာ
ESTÁS LEYENDO
သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]
AcciónTitle: Death Progress Bar "生存进度条" Author: Can't Play Chess(不会下棋 ) ရဲဝန်ထမ်းတစ်ဦးဖြစ်သည့်ရှီကျင်းသည် သူခိုးနောက်သို့လိုက်ရင်း ကုန်တင်ကားတိုက်မိကာ... သူဖတ်နေသော ဝတ္ထုကအဓိကဇာတ်ကောင်ရှီကျင်းဆီသို့ ဝိညာဉ်ကူးပြောင်းသွားခဲ့တော့သည်။ ********** ရဲဝန်ထမ်းတစ်ဦ...