အခန်း(၃၆)ဘုရားသခင်အလိုတော်ကျ
ထင်ထားသည့်အတိုင်းပင်။တစ်စုံတစ်ယောက်မှ
သူ့အား ချိန်ရွယ်ထားပြီဖြစ်သည်။
Black Roseအဖွဲ့မှလူဖြစ်ဖို့များပေသည်။ရှီကျင်းချွေးစီးများပင်ထွက်လာသည်။
သူ၏ယူနစ်ဘားမှာ အန္တရာယ်ဇုံထဲ
ကျရောက်နေကြောင်း သဘောပေါက်သဖြင့်
အသက်ပြင်းပြင်း ရှူသွင်းကာ စိတ်ကို
တည်ငြိမ်အောင်လုပ်လိုက်သည်။ထို့နောက်
ဘာမှမစဉ်းစားတော့ဘဲ
လမ်းဘေးမှအမှိုက်ပုံးအကွယ်ဆီ
လိမ့်ဝင်လိုက်သည်။နောက်တစ်က္ကန့်အကြာတွင် ကျည်ဆံသည်
အမှိုက်ပုံးအား ရှပ်ထိသွားလေသည်။
ထိုအချိန်မှာ ရှီကျင်းသည်ပုခုံးကိုဆုပ်ကိုင်ကာ
အသက်အောင့်ညည်းညူလိုက်ရသည်။ဆိုးတာပဲ..ဒီလိုပစ်မှတ်ကြီးကြီးကို
အပြည့်အဝကာနိုင်ဖို့အတွက် အမှိုက်ပုံးက
သေးသွားတယ်..ပုခုံးထက်မှစူးတက်လာသောနာကျင်မှုကြောင့်
ရှီကျင်းမှာ ရှူးရှူးရှဲရှဲပင်ဖြစ်လာခဲ့ကာ
ကိုယ်ကို တတ်နိုင်သမျှကျုံ့ကာ ပုန်းနေရသည်။
သူ့ယူနစ်ဘား မကျဆင်းသေးသည်ကို
မြင်သောအခါ ပတ်ပတ်လည်ကို
ရှာဖွေကြည့်လိုက်ပြီး အနောက်ဘက်
မနီးမဝေးတွင်လမ်းကြားတစ်ခုရှိသည်ကို
တွေ့လိုက်သည်။နံရံတစ်ဖက်တွင်
ကြီးမားသောသတ္တုအမှိုက်ပုံးကြီးရှိနေသည်။
ရှီကျင်းသည် အံကိုကြိတ်ကာ
ကြီးမားလေးလံလှသော
ဝက်ဝံခေါင်းကိုဆွဲချွတ်လိုက်သည်။
ရှောင်စစ်ဆီမှ အရှိန်နှင့်အကြားအာရုံbuffတို့
ရပြီးသည်နှင့်ထိုခေါင်းစွပ်ကို အားဖြင့်
လွှင့်ပစ်လိုက်ပြီး အနီးအနားမှ အမှိုက်ပုံထဲ
ဒိုင်ပင်ထိုးကာ ကိုယ်ကိုလိမ့်သွားသည်။
အမှိုက်များရုန်းရင်းဆန်ခတ်ဖြစ်မှုနှင့်
ဝက်ဝံခေါင်းကြောင့်အချိန်အနည်းငယ်ဆွဲလို့ရဖို့
မျှော်လင့်ကာ ကုန်းထပြီး ဒယိမ်းဒယိုင်ပြေးလေသည်။
أنت تقرأ
သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]
الأكشنTitle: Death Progress Bar "生存进度条" Author: Can't Play Chess(不会下棋 ) ရဲဝန်ထမ်းတစ်ဦးဖြစ်သည့်ရှီကျင်းသည် သူခိုးနောက်သို့လိုက်ရင်း ကုန်တင်ကားတိုက်မိကာ... သူဖတ်နေသော ဝတ္ထုကအဓိကဇာတ်ကောင်ရှီကျင်းဆီသို့ ဝိညာဉ်ကူးပြောင်းသွားခဲ့တော့သည်။ ********** ရဲဝန်ထမ်းတစ်ဦ...