18.Jeon

3K 447 15
                                    

[Unicode]

ထယ်ဟျောင်း တစ်ယောက် နေ့လည်စာ သွားယူပေးသော ဂျွန့်ကို စောင့်နေတုန်းမှာပဲ ကန်တင်းထဲ ဝင်လာသည့် ဂျီမင်း။ ဒီတိုင်း ကြည့်နေရင်းမှာပဲ သူ့မျက်ခုံးတွေ တွန့်ချိုးသွားရတော့သည်။

ဖြစ်စဉ်မှာ ဂျီမင်းသည် နေ့လည်စာအတွက် တန်းစီနေစဉ်မှာပဲ အလှည့်ကျစနစ်ကို အလေးမထား ဂျီမင်းကို ကျော်တတ်သွားကြခြင်းပင်။ ဒါကိုပင် ဂျီမင်းက မျက်လုံးလေးသာ ပြုံးလျက် ကြောင်နေပြီး ထိုနေရာမှာပဲ ငြိမ်ငြိမ်လေး ရပ်နေတော့တာ။ အစကတော့ မသိချင်ယောင်ဆောင်လိုက်ရမလား တွေးမိပေမဲ့ ဒီလိုအခြေနေကြီးကို သူလည်း သဘောမကျတာမို့ နေရာမှ ထရပ်လိုက်သည်။

မျက်နှာချင်းဆိုင်က သူ့ကို မြင်တော့ ဂျီမင်း၏ မျက်နှာဟာ ပြုံးယောင်လေး သမ်းသွားတော့၏။

' အစ်ကို.. '

' အစ်ကိုမှာပေးမယ်။ မစားတာ ရှိလား? '

ထယ်ဟျောင်း ဂျီမင်း လက်ထဲက ဗန်းကို ပြောင်းယူရင်း မေးတော့ ခေါင်းလေး ခါသည်။ နောက် ဘေးမှာသာ ရပ်စောင့်နေသည်။ ထယ်ဟျောင်းလည်း မငဲ့ပဲ ထိုကျောင်းသားတွေကိုပင် ကျော်တက်လိုက်တော့သည်။ ဒါကိုပင် မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်ဖြင့် အံဩနေသည့် ဂျီမင်း။

သူကတော့ အချိန်အတော်ကြာ စောင့်ရပေမဲ့ အစ်ကိုကြ မိနစ်ပိုင်းနှင့်ပင် နေ့လည်စာ ရလာမို့ ဂျီမင်း စိတ်ထဲ လေးစားမိတော့သည်။

' မင်းကိုကျော်သွားတဲ့သူရှိရင် မင်းလည်းပြန်ကျော်လိုက်။ ဘာမှ အားနာမနေနဲ့။ '

ထယ်ဟျောင်းထိုသို့ပြောကာဖြင့် ဗန်းကို ဂျီမင်း လက်ထဲထည့်ပေးလိုက်သည်။

' ဟို ကျနော်အစ်ကိုတို့ဝိုင်းမှာ လာထိုင်လို့ရလားဟင် '

ထိုစကားကြောင့်ပင် ထယ်ဟျောင်း တစ်ယောက် ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ လူပြည့်နေတဲ့
ဝိုင်းတွေကြောင့် သူခေါင်းသာ ငြိမ့်လိုက်သည်။

' အစ်ကိုကမှာတောင်ပြီးပြီလား.. '

ဂျီမင်းဟာ သူ့ရှေ့မှာ ရှိနေတဲ့ ထမင်းကြော်ကို ကြည့်ကာဆိုတယ်။

Can't Say Goodbye {Completed}Where stories live. Discover now