4.Jeon

4.3K 641 27
                                    

Unicode

လက်ကိုင်အိတ်လေးကို ဟိုရမ်းဒီရမ်းဖြင့် စက်ဘီး ရပ်နားဆောင်မှာ စောင့်နေတဲ့ ထယ်ဟျောင်း။

အဖြူနဲ့အပြာရောင် ရောစပ်ထားတဲ့ ရှူးဖိနပ်လေးဟာ ငြိမ်နေသည်မရှိ ပိုင်ရှင်အလိုကျ လှုပ်ရှားနေလေရဲ့။

သူဒီမှာပဲစောင့်နေတာ အတော်လေး ကြာပြီ။ ဒါတောင် သူကကောင်းကင်ကြီးကို မော့ကြည့်ပြီး ပြုံးနေသေးတာ..

ဂျွန် သူ့ကိုသဘောမကျပေမယ့်
သူသဘောကျနေရင် ရတာပဲမလား။

သူကပဲ တစ်ကောက်ကောက် လိုက်ရင်ဖြစ်တာပဲ..

အတွေးနဲ့တင် ထယ်ဟျောင်းဟာ ပြုံးသည်။

' ဂျွန် ~ '

တံမြက်စည်းတစ်ချောင်းနဲ့ ဂျွန်က အလုပ်ရူပ်ပုံ ပေါ်ပေမဲ့ ရှေ့တည့်တည့်ကို ရောက်လာတယ်။ ဒါက သူ့ကို မြင်လို့ ရှေ့ရောက်လာတာ မဟုတ်ဘဲ အာရုံတွေက ထွေပြားနေရင်း ရောက်လာတာ။

ကြည့်ရတာ ဒီနေ့ အခန်းသန့်ရှင်းရေးက ဂျွန့်အလှည့်ထင်တယ်..

ထယ်ဟျောင်း ခေါ်လိုက်တော့မှ ဂျွန်က သူကြည့်လာသည်။ သူခေါ်မှ ဂျွန်က မြင်တာ။

တွန့်ချိုးနေတဲ့ ဂျွန့် မျက်ခုံးလေးတွေဟာ အနည်းငယ် ပြေလျော့သွားသည်။

' မပြန်သေးဘူးလား.. '

နားထောင်ကောင်းတဲ့ ဂျွန့်အသံက ချိုသာနေသည်လည်း မဟုတ်သလို သြရှနေသည်လည်းမဟုတ်..

ဟျောင်း လက်လေးတွေကို အကြည့်ရောက်မိတော့ သက်သားရဲ့လားလို့တောင် စိတ်ထဲက တွေးမိပြန်ရော။

' မင်းကိုပြောစရာရှိလို့ ဂျွန်.. '

ရှေ့ကို တစ်လှမ်း တိုးလာတဲ့ ဟျောင်းရဲ့ခြေလှမ်း
တွေကြောင့် သူနောက်ကို တစ်လှမ်းဆုပ်လိုက်မိသည်။

သူ့ဘက်က အပြုံးတွေနဲ့ ကျနော့်ရှေ့မှာ ခြေချချိန် အလိုက်တသိ နောက်ကို တစ်လှမ်း ဆုတ်မိသည်က သူ့ရနံ့လေးကို စွဲလမ်းမိမှာ စိုးလို့..

' ဘာပြောမလို့လဲ ပြောလေ.. '

' မင်း A-1 ကို တက်လာချင်တယ်မလား.. '

Can't Say Goodbye {Completed}Where stories live. Discover now