8.Jeon

3.8K 568 37
                                    

Unicode

ခေါက်ရိုးကျိုးနေတဲ့ ကျောင်းဝတ်စုံမှာ ဟျောင်းဆီက ရနေကြ မွှေးရနံ့ သင်းသင်းလေး ရနေသည်။

' ဂျွန် ပြီးရင်မနက်စာစားရအောင်.. '

ဟျောင်းက စာလုပ်ထားပုံ စာအုပ်တွေကို စုသိမ်းပြီး အိတ်ထဲထည့်ကာ ပြောသည်။

' ရတယ်။ အပြင်မှာ ဝယ်စားလိုက်မယ်။ '

တကယ်တော့ အားနာတာ ဖြစ်သည်။ အလကားနေရင်း ဟျောင်းအိမ်မှာအထိ မနက်စာကို စားမသွားချင်။

' ဘာကိုရတာလဲ? မရပါဘူး။ ငါဗိုက်ဆာနေပြီ။ '

လွယ်အိတ်ကို ဇစ်ပိတ်ပြီး အနားကို လှမ်းလာတဲ့ ဟျောင်းကြောင့် ဂျုံးကု နောက်ကို ယိုင်သွားမိသည်။

' ဘာလို့လဲ.. '

လက်‌‌နှစ်ဖက်က လည်ပင်းပေါ် ရောက်လာကာ ရှေ့ကို ပိုတိုးလာတာမို့ ဂျုံးကု နောက်ဆုတ်ကာ တားလိုက်သည်။

' ထယ်ဟျောင်း ! '

' ဘာမှ မလုပ်ဘူး။ အင်္ကျီကော်လံ ဝင်နေလို့ပါဆို။ '

' ဒါနဲ့ ဂျွန်။ '

စားပွဲထောင့်က လွယ်အိတ်ကို ယူကာဖြင့် စာအုပ်တွေကို စစ်နေတဲ့ ဂျွန်က မျက်မှောင်လည်း ကျုံ့လို့။ ညက အိပ်ပျော်သွားလို့ သူစာတွေ ကျန်နေတာဖြစ်မည်။ ဒါကို စိတ်တိုင်း မကျတာလည်း ဖြစ်မည်။

' ဒါနဲ့ ငါမနေ့က မင်းကိုနမ်းခဲ့တယ်။ အဲ့အတွက် တောင်းပန်တယ်ဂျွန်။ '

ဘာမှ မလုပ်ရသေးတာတောင် နားရွက်လေးတွေ ရဲနေလေတော့ သူ့မှာ စနောက်ချင်လာသည်။ ဒါကြောင့် တမင် ပြောလိုက်တော့ "ဘာ!!" ဆိုကာ ခပ်မြန်မြန်ပင် အခန်းထဲက ထွက်သွားတော့သည်။

တော်ကြာ အပြင်ထိ ထွက်သွားမှာ စိုးတာကြောင့် ထယ်ဟျောင်း ပြေးလိုက်ကာပင် ဂျွန့်လက်ကို ဆွဲလိုက်သည်။

' မနက်စာစားမယ်ဂျွန်။ '

လှေကားထစ်တွေကို ကျော်ဖြတ်ပြီး ထမင်းစားခန်း ရောက်တော့ ရှည်လျားတဲ့ စားပွဲကြီးကြောင့် ရှိန်ရသေးသည်။ ဒီအိမ်မှာ လူဘယ်နှစ်ယောက်
နေလဲတောင် ဂျုံးကု တွေးလိုက်ရသည်။ 

Can't Say Goodbye {Completed}Kde žijí příběhy. Začni objevovat