1.Jeon

7.8K 770 25
                                    

Unicode

"အဲ့နေ့က ဟျောင်းရဲ့အပြုံးတွေကိုသာ သူ မမြင်ခဲ့ရင်"

လတ်ဆတ်တဲ့ လေတွေကို တစ်ဝကြီး ရှူရှိုက်ရင်း ထယ်ဟျောင်း မျက်လုံးတွေ မှိတ်ထားလိုက်သည်။

အဆောက်အဦးရဲ့ အပေါ်ဆုံးထပ်က ဝရံတာဟာ
ဘယ်သူမှ မတက်ရန် ကန့်သတ်ထားပေမယ့် သူကတော့ ဂျွန်နဲ့ နှစ်ယောက်ထဲ ရှိချင်တာကြောင့် အဲ့စည်းကို ချိုးဖောက်သည်။

' ဘာပြောမလို့လဲ.. '

ပြောစရာရှိတယ်ဆိုပြီး ခေါ်လာတယ်။ နောက်တော့ ဘာတစ်ခွန်းမှလည်း မပြော သူ့ကို
ဒီတိုင်း ဘေးနားမှာသာ ထိုင်ခိုင်းနေတာကြောင့် ဂျွန်စိတ်ရူပ်လာရတယ်။

လပတ် စာမေးပွဲက နီးနေပြီ
ငါအခုလို အချိန်မဖြုန်းသင့်ဘူး။

' ငါနဲ့သူငယ်ချင်းလုပ်ပါ..ဂျွန် '

ထယ်ဟျောင်း မျက်နှာမှာ မျှော်လင့်ရိပ်တွေ။ ဂျွန့်မျက်နှာ တစ်ကမ္ဘာလို တကြည့်ကြည့်နဲ့ အဖြေကို စောင့်သော်

' မလုပ်ချင်ဘူး.. '

ဘာလို့လဲ?

' ငါမင်းနဲ့ရင်းနှီးချင်တယ် '

မရင်းနှီးချင်ပါနဲ့ ဟျောင်း..

အညိုရောင်မျက်ဝန်းတွေကို ငါမလွန်ဆန်နိုင်မှာကြောက်တယ် ဒါက မဟုတ်သေးဘူး..

စိတ်ထဲမှာတော့ ဝမ်းသာ၊ ဝမ်းနည်း ယှဉ်တွဲနေပေမယ့် သူမျက်နှာကတော့ တည်ငြိမ်ကာဖြင့် အမေးတွေ ထုတ်သည်။

' ဘာလို့ရင်းနှီးချင်တာလဲ မနက်က ကူညီပေးခဲ့လို့
ကျေးဇူးတင်တာကြောင့်လား '

' မဟုတ်ဘူး။ အဲ့လိုလဲမဟုတ်ဘူး '

ငြိမ်မနေတဲ့ မျက်ဝန်းညိုတွေဟာ သူ့ကိုကြောက်နေသည်လား..

အကြောင်းအရင်းက ?

' နေ့လည်စာအတူတူလိုက်စားပေးမလား ငါတစ်ယောက်ထဲမသွားချင်လို့.. '

ခေါင်းလေးငုံကာဖြင့် ဖြေလာတဲ့ အညိုရောင်လေးကြောင့် သူစိတ်တွေ ယိမ်းယိုင်လာသည်။

နေ့လည်စာလေး တစ်ခါစားရုံလောက်ကိုတော့
ငါမငြင်းသင့်ဘူးမလား

Can't Say Goodbye {Completed}Hikayelerin yaşadığı yer. Şimdi keşfedin