7.Jeon

3.9K 562 29
                                    

Unicode

' သခင်မကြီးက ကျောင်းဆင်းရင် ဖုန်းဆက်ဖို့ မှာထားပါတယ်။ '

ဦးလေးဟာ သူ့ကိုကြည့်ကာဖြင့် ပြောလာတာကြောင့် ခေါင်းညိတ်လိုက်သည်။ မဟုတ်ရင် သူမဟုတ်ပဲ ဦးလေးပဲ အငေါက်ခံရမှာ။

သူကြောင့် ဒုက္ခရောက်ရတဲ့
သူတွေလည်း မနည်းတော့ဘူး။

သူကြောင့် ဟုတ်တယ် သူကြောင့်..
စဉ်းစားမိတော့ စိတ်ပူမိတာ ဂျွန်..

ဒယ်ဒီသာသိရင် လွှတ်ထားမှာ မဟုတ်ဘူး။

ဖုန်းနံပါတ်တစ်ခုကို နှိပ်ကာပင် တစ်ဖက်က
ဖြေလာမယ့်အသံကို စောင့်နေလိုက်သည်။

' မာမီ.. ဘာပြောစရာရှိလို့လဲ '

' သားလေး အဆင့်တွေ ကျသွားတယ်ဆို
မာမီပေးတဲ့ noteတွေ သေချာမကြည့်ဘူးလား? '

' ကြည့်ပေမယ် မမှတ်မိတော့လို့.. '

ထယ်ဟျောင်း သက်ပြင်းချကာပင် လိမ်ညာ
ပြောလိုက်သည်။ ဂျွန်နားမှ ရှိနေချင်လို့
အဆင့်ကျအောင် လုပ်တယ်လို့ ဆိုရင်
ရူးနေတယ်လို့သာ ထင်ကြလိမ့်မည်။

မာမီကတော့ သူ့ရဲ့ အလိမ်အညာ စကားကို ရယ်သည်။

ဒီထပ် ယုံစရာ ကောင်းမှာမျိုးကို ပြောလိုက်သင့်တာ။

သူမေ့သွားတာက ထက်မြက်တဲ့မာမီ့ကို လျော့တွက်လိုက်တာပဲ။

ခေါင်းကို တစ်ချက်ဖွကာပင် ထိုင်ခုံမှာ ခပ်လျောလျောထိုင်လိုက်သည်။

' အမှန်တိုင်း ပြောပြလေ မာမီက သားဘက်ကဆိုတာသိတယ်မလား '

' ပြောရင် မာမီကကူညီမှာလား.. '

တစ်ဖက်က မာမီ့ လေယူလေသိမ်းကိုသာ အာရုံစိုက်နေမိသည်။

' ကူညီမှာပေါ့ မာမီသားပဲဟာ.. '

' သဘောကျနေတဲ့သူရှိတယ်။ တစ်ချိန်ချိန်မှာ
ဒယ်ဒီက သူ့ကိုဒုက္ခပေးလာရင် မာမီက ကာကွယ်ပေးနိုင်မှာလား? '

' သူက ‌မိန်းကလေးတော့ မဟုတ်လောက်.. '

' ဘယ်လို? မာမီက သိနေတာလား.. '

ထယ်ဟျောင်း အားလုံးကို နားလည်သွားပြီ ဖြစ်သည်။

' အိုကွယ် မာမီသဘောတူတာမို့ စိတ်မပူနဲ့.. '

Can't Say Goodbye {Completed}حيث تعيش القصص. اكتشف الآن