5.Jeon

4.3K 595 9
                                    

Unicode

ဒီတစ်ခါမှာလည်း မျက်လုံးအိမ်ကို စိုက်ကြည့်တော့ သိသိသာသာ ရှောင်ပြန်သည့် ဂျွန်။

တတီတီဖြင့် မြည်လာတဲ့ ဖုန်းသံကြောင့်
ထယ်ဟျောင်း ကြည့်လိုက်မိတော့ ဦးလေး။

' ဘာကိစ္စလဲ ဦးလေး.. '

' သခင်ကြီးပြန်ရောက်နေပါတယ်။ အဲ့ဒါသခင်လေးကိုရှာနေလို့.. '

ဦးလေးရဲ့အသံကို ကြည့်ရတာ အဆူခံ ထိထားပုံပဲ..

ထယ်ဟျောင်း သက်ပြင်းချလိုက်ကာဖြင့်
ပြန်လာခဲ့မယ်လို့သာ တစ်ခွန်းပြောလိုက်တော့သည်။

ဂျွန်ကတော့ သူ့ကိစ္စတွေကို စိတ်ဝင်စားပုံမပေါ်။
စားစရာရှိတာသာ စားနေသည်။

' ငါပြန်ရတော့မယ်.. '

ထယ်ဟျောင်းအသံက ဖျော့နေပေမယ့် ဂျွန်ကတော့ လမ်းမကို ကြည့်ကာဖြင့် လာကြိုမယ့်သူကိုရှာနေပုံရသည်။

' လာကြိုတာလား.. '

' လမ်းလျောက်ပြန်မှာ.. '

ထယ်ဟျောင်း ရွဲ့ပြောလိုက်သည်မှာ ဂျွန့်ဆီက စိုးရိမ်သံ တစ်ခုကို လိုချင်လို့သာ။

ဒါပေမယ့် ဂျွန်ဟာ အေးဆေးပုံ ပေါ်နေတာကြောင့် သူ့မျက်နှာမှာ မလိုမကျမှုတွေ ပြည့်လာရသည်။

' ငါတစ်ယောက်ထဲ လမ်းလျောက်ပြန်မှာလေ။
နည်းနည်းလေးမှ စိတ်မပူဘူးလား.. '

အလိုမကျစွာ ပြောမိတော့ ဂျွန်က ရယ်သည်။

နှုတ်ခမ်းပါးတွေက အခုလိုရယ်နေချိန်ဆို ပိုလို့တောင် ကြည့်ကောင်းသေးတာ။

ဆူပုတ်ကာဖြင့် ပြောလာတဲ့
ဟျောင်းဟာ ကလေးလေးလို..

ပေါ့ပေါ့ပါးပါး ရယ်မိတော့ ဟျောင်းက ငေးကြည့်နေတော့တာ။

' အဟမ်း။ မင်းက ဆောင်းဝူကိုတောင် ပြန်ချနိုင်သေးတာပဲ ဘာမှမဖြစ်လောက်ပါဘူး။ '

ကော်ဖီကို တစ်ငုံသောက်ပြီး ဆိုတဲ့ ဂျွန့်ကို မကြည်ကြည့် ကြည့်လိုက်သည်။

နောက်တော့ အမှီပြန်ရမှာ ဖြစ်တာကြောင့် အမြန်ပင် လမ်းမက တက်စီတစ်စီးကို တားလိုက်သည်။

Can't Say Goodbye {Completed}Where stories live. Discover now