6.Jeon

4K 596 17
                                    

Unicode

ဆူညံနေတဲ့ စာသင်ခန်းဟာ ခြေသံတစ်သံကြောင့်ပင် အားလုံးက တိတ်ဆိတ်လျက်သား။ မော်ကြည့်တော့ မြင်ရသည့် အတန်းပိုင်၏ မျက်နှာကြောင်း ကလေးတွေဟာ သက်ပြင်းချကုန်ကြသည်။

လက်ထဲမှာလည်း ကိုင်ထားတဲ့ စာရွက်ဖြူဖြူ။ သေချာတယ်။ ဒါက စာမေးပွဲရဲ့ရလဒ်တွေ။

တော်တော်များများဟာ ထိုစာရွက်အပေါ် စိတ်ဝင်စားမှု မရှိပေမယ့် သုံးလေးယောက်လောက်ကတော့ ရလဒ်ကို သိချင်ကြပုံ။

' ကဲ !!! အခုမှ စိတ်ညစ်မနေနဲ့။ စာကြတော့
ကောင်းကောင်းမလုပ်ကြပဲ အကုန်လွယ်အိတ်
တွေပြင်ထားကြ။ A-1 ကိုတော့ သုံးယောက်ပဲ တက်ခွင့်ရတယ်။ '

အတန်းပိုင် ဆရာရဲ့စကားသံဟာ သူ့ရင်တွေကို ပိုပြီးတော့ပင် လှုပ်ရှားစေသည်။

သုံးယောက်ပဲလား? အတန်းထဲမှာ စာဂျပိုးတွေက လေးငါးယောက်ထပ် မနည်းရှိကြတာကိုလေ။

' ကင်ယူဟွာ.. '

ဆုတောင်းမိတယ်။ တစ်ခါလောက် တက်ခွင့်ရချင်တယ်။ တစ်ခါလောက်ပဲ။

' ချွဲယူဘင်.. '

နောက်ဆုံးတစ်ယောက်ကိုတော့ တော်တော်များများက စိတ်ဝင်စားနေပုံရသည်။

အဲ့ထဲ ဂျုံးကုလည်း အပါအဝင်ပေ။ ပုံမှန်လို နေနေပေမဲ့ သူ့စိတ်တွေက အဲ့ရလဒ်ကို အရမ်းမျှော်လင့် ထားတာ ဖြစ်သည်။

လက်တွေဟာလည်း စိတ်လှုပ်ရှားမှုကြောင့် ခုံကို
တစ်တောက်တောက်ဖြင့်သာ ခေါက်နေမိသည်။

' ယွန်းဂီဆောင်း.. '

သူ့နာမည်မဟုတ်တဲ့ တခြား နာမည်တစ်ခု..

ဘာလို့လဲ ? သူအားလုံးကို ဖြေနိုင်ခဲ့တာကို ဘာလို့လဲ ?

' ဂျွန်ဂျုံးကု .. '

လက်သီးကိုသာ တင်းတင်းဆုပ်ထားမိတော့တယ်။

ဘာလို့ လေးယောက်မြောက် ဖြစ်နေရတာလဲ?
ကပ်လွဲသွားရတာကြောင့် သူ့မှာ ယူကျုံးမရဖြစ်မိသည်။

အတန်းပိုင်ဆီက စာရွက်ကို ယူပြီး နေရာကို အပြန် တချို့သူတွေနဲ့ မဲ့ပြုံးကိုလည်း ခံယူလျက်သား။

Can't Say Goodbye {Completed}حيث تعيش القصص. اكتشف الآن