11.Jeon

3.8K 530 9
                                    

Unicode

မနက်ရောက်တော့ ဟျောင်းကို သူအိမ်ပြန်ပို့ပေးပြီး လီလီလေး ကျောင်းမသွားခင်အမှီ ပြန်လာခဲ့သည်။

လွယ်အိတ်ကို ဧည့်ခန်းက စားပွဲ ပစ်ပေါ်တင်
လိုက်ကာဖြင့် သူလီလီ့အခန်းထဲ ဦးတည်လိုက်သည်။

*ဒေါက်ဒေါက်*

တံခါးကို ခေါက်ကာဖြင့် နှုတ်ကပါ အသံထွက်ကာ ခေါ်လိုက်တော့ ဘာအသံမှ ပြန်မကြားရ။ မဟုတ်မှ ဒီကောင်မလေး မနှိုးသေးတာလား?

' လီလီရေ.. '

ဟော..ထင်တဲ့အတိုင်းပဲ စောင်ထဲမှာ အိပ်နေတဲ့ လီလီလေး..

' ကဲ..မင်းသမီးလေးလီလီရေ၊ ထတော့ ကျောင်းနောက်ကျတော့မယ်။ '

လက်နှစ်ဖက်ကို ဆွဲထူကာ ထိုင်ခိုင်းလျက် ဆံပင်တွေကို ဆွဲဖွလိုက်တော့မှ မျက်လုံး ကျယ်လာတဲ့ လီလီ။

' ကိုကြီးကလည်း ဆံပင်တွေပွကုန်ပြီ '

' ခုနထဲကပွနေတာပါနော်။ '

ဂျုံးကုက လီလီ့ နှာခေါင်းလေးကို ဆွဲညှစ်ကာပင် ပြောလိုက်တော့ ပြုံးရယ်လေရဲ့..။

နောက်တော့ ကိုယ်လက်သန့်စင်ခိုင်းကာဖြင့်
ဆံပင်တွေကို သေချာစည်းပေးလိုက်သည်။

လီလီက သူဆံပင်စည်းပေးမှ ကြိုက်တာ။
အမေလုပ်ပေးရင်တောင် ပြန်ဖြည်ပြီး
ကိုကြီးလုပ်ပေးလို့ ပြောသေးတာ။

' ရပါပြီ မင်းသမီးလေး။ မနက်စာစားပြီးကျောင်းသွားရအောင်ပါ။ '

လီလီကို မနက်တိုင်း ကျောင်းပို့ရသည်ကလည်း ဂျုံးကု၏ အလုပ်ပင်။

သူမအထက်တန်းရောက်သွားရင်တော့ အမေနဲ့အတူတူ သွားလို့ရပေမယ့် အခုတော့ အလယ်တန်းပဲ ရှိသေးတာကြောင့်ရယ် သူ့ကိုသာ တွယ်ကပ်တတ်တာကြောင့်ရယ်မို့ သူကသာ လိုက်ပို့ရတာ ဖြစ်ပြီး အပြန်မှသာ အမေက ဝင်ကြိုပေးတာ ဖြစ်သည်။

လီလီ့ လက်ကိုဆွဲကာ ထမင်းစားပွဲဝိုင်းမှာ ဝင်ထိုင်လိုက်တော့ အမေက အံသြနေပုံ။ ဟုတ်သားပဲ သူမှပြန်ရောက်ကြောင်းမပြောရသေးတာ။

' ဘယ်တုန်းကပြန်ရောက်တာလဲ သူငယ်ချင်းရော နေကောင်းသွားပြီလား? '

Can't Say Goodbye {Completed}Where stories live. Discover now