12.Jeon

3.6K 506 31
                                    

Unicode

ချယ်ရီပွင့်တွေဟာ သူ့ဆံပင်ပေါ် ကျသည်။ အဖြူရောင် အပွင့်ပါးပါးတွေက လှမှန်း သူ့ခေါင်းပေါ် တင်မှ သတိထားမိသည်။ လက်ညိုး လက်မနဲ့ ဖယ်ဖို့ ရွယ်တော့ ဟျောင်းက...

' မင်းနဲ့ငါကဘာလဲ ? '

ဘယ်လို ဘယ်ဝါသော အမေးမျိုးမှန်း မသိချေ။ နားလည်း မလည်ပါ။

ချစ်သူက ဘာကို မကျေနပ်သည်လဲ..။ တွေးကြည့်လျှင် ကျနော့်မှာ လုပ်မိသည့် အရာတွေထဲ အပြစ်လို့ ခေါင်းစီးတင်စရာ ကြီးကြီးမားမား မရှိ။

အာရုံထဲမယ် အဲ့ဆံပင်တွေပေါ် တွယ်ငြိသည့် အပွင့်ပါးပါးလေးကိုသာ သိသည်။

' ဘာဖြစ်လို့လဲ ထယ်ဟျောင်းရဲ့.. '

ဖယ်ပေးရုံတင် မဟုတ်၊ အနည်းငယ် စနောက်ဟန် ထိုးဖွတော့ ကျနော့်လက်တွေကို ပုတ်ချသည်။

' အခုချိန်ထိ ထယ်ဟျောင်းလို့ ခေါ်နေတုန်းမလား
ငါ့အပေါ် မင်းဘာမှမပြောင်းလဲသေးဘူး ဂျွန် '

' မင်းကဘယ်လိုခေါ်စေချင်လို့လဲ '

ဆံပင်တွေ အုပ်နေတဲ့ နားရွက်ဖျားကို လက်ညိုးဖြင့် တတို့တို့ မေးတော့ ဖျက်ခနဲ ထရပ်သည်။ စိတ်ဆိုးပြီး ထွက်သွားချင်တာကို သိတော့ လက်လေးကို ဖမ်းဆွဲလိုက်မိ၏။

' ဘယ်သွားမလို့လဲ လေ့လာရေးခရီးအတွက်
စာရင်းပေးရမှာ မင်းတစ်ယောက်ပဲ ကျန်တော့တယ် '

လိုက်စေချင်သည်။ ဒါကြောင့် ခေါ်နေတာ။

' အဲ့ဒါပြောဖို့ အတွက်ပဲ ငါ့လက်ကိုဆွဲလိုက်တာပေါ့ ဟုတ်လား.. '

အဲ့လိုသ‌ဘော ဆိုလည်း ဟုတ်နေလေတော့..

' အင်း။ မင်းတစ်ယောက်ပဲကျန်တော့တာ အဲ့ဒါကြောင့်လိုက်ရှာနေခဲ့တာ.. '

လေ့လာရေး ခရီးအတွက် ကျောင်းသားတိုင်းကို စည်းရုံးရေး ဆင်းရတာ သူ့တာဝန်။ အတန်းလိုက်လိုလိုက အတန်းပိုင်တွေဟာ ပါဝင်သူ လူများမများကို ပြိုင်နေကြချိန် ကျနော်တို့သည် အတန်းပိုင်ကို မျက်နှာ ပျက်အောင် ‌လုပ်လို့ မဖြစ်။ ဒါ့ကြောင့် ဒီကျောင်းသားလေးကိုလည်း ပါအောင် ခေါ်ရမည်။

Can't Say Goodbye {Completed}Where stories live. Discover now