Part 1

8.8K 325 6
                                    

Unicode

~~I remember tears streaming.... ~~
(Taylor Swiftရဲ့Safe & Soundသီချင်းလေး)

ပေးထါးသောAlarmသံလေးမှာမြည်လာသောကြောင့် ရှောင်းကျန့်တစ်ယောက်အိပ်ယာမှအမြန်ပင်ထပြီး အိပ်ယာသိမ်းကာအောက်ထပ်သို့ ပါးကိုဆိုင်ဖွင့်ဖို့ကူညီရန်ဆင်းလာခဲ့လိုက်တယ်။

အခန်းထဲကညီလုပ်သူကျန်းချန်ကတော့အိပ်မောကျနေပုံမှာဟောက်သံလေးတွေတောင်ကြားနေရသေးသည်။

ရှောင်းကျန့်က University of Artမှာ Designပညာကိုသင်ယူနေခဲ့သည်မှာတတိယနှစ်ကျောင်းသားကြီးပင်ဖြစ်နေလေပြီ။
သူ့ရဲ့ညီလေးကျန်းချန်ကတော့အသက်၁၂နှစ်အရွယ်အလယ်တန်းကျောင်းသားလေးတစ်ဦးပေါ့။သူတို့ရဲ့ပါးကျန်းဖုန်းမြန့်ကတော့လက်ရှိမှာအိမ်နှင့်ကပ်လျက်တစ်နိုင်တစ်ပိုင်ထမင်းဆိုင်လေးဖွင့်ထားသည်။

အဟမ်းး!!

သူအောက်ထပ်ရောက်တော့ သူ့ရဲ့ပါးဟာထမင်းတွေတောင်ကြော်နေနှင့်ပြီ။သူတို့ငယ်ငယ်ကတည်းကသူတို့ရဲ့မားဟာနှလုံးရောဂါနှင့်ဆုံးပါးသွားခဲ့သည်။
ပါးဟာအရွယ်ကောင်းဖြစ်နေသည့်တိုင်နောက်အိမ်ထောင်မပြုပါဘဲနှင့်သားတွေကိုကျွေးမွေးပြုစုလာပုံမှာ သူတို့ဒီအရွယ်ရောက်သည်အထိပဲ။

"ပါး သားဆိုင်သွားဖွင့်ထားလိုက်တော့မယ်နော် ခဏနေရင်ဝယ်သူတွေလာတော့မယ့်ပုံပဲ''

သူ့အသံကြားတော့ပါးကချက်ပြုတ်နေရာကနေလှည့်ကြည့်လာတယ်။

"အော် အေးသားရေ ပါးဒီမှာလက်စသတ်လိုက်အုံးမယ် ပြီးမှလိုက်ခဲ့တော့မယ်ဟုတ်ပြီလား''

"ဟာ ပါးကနားနေလိုက်ပါ ဒါတွေကသားလုပ်နေကျပဲဟာကို နေနေ''

ပါးကိုပြောပီးအမြန်ပဲဆိုင်ဖွင့်ရန်ထွက်လာခဲ့လိုက်တယ်။မနက်၅နာရီခွဲပီမို့လမ်းမပေါ်မှာလူအပြတ်ကြီးရယ်တော့မဟုတ်။တချို့အလုပ်သမားတွေဆိုအလုပ်တောင်သွားကုန်ကြပြီဖြစ်သည်။

ပါးကိုကူညီရောင်းပေးပြီးညီလေးကိုအရင်ကျောင်းကိုဝင်ပို့ပြီးမှ စက်ဘီးလေးကိုနင်းကာသူအချိန်ပိုင်းဆရာလုပ်နေသောကိုယ်ပိုင်ကျောင်းရှိရာသို့နင်းလာခဲ့လိုက်သည်။အတန်းကြီးလာတာနဲ့အမျှကျောင်းစရိတ်ကလဲပိုကြီးပြီမို့ ပါးကိုအပူမကပ်တော့ဘဲဒီအလုပ်လေးကိုဝင်လုပ်နေတာဖြစ်သည်။

Ugly Sexy Cuty BabyOnde histórias criam vida. Descubra agora