ဟူ၍ ရှီကျင်း၏စိတ်​အတွင်း ​ထင်​ဟပ်​​နေ​လေသည်​။

ဓာတ်​​လှေကားသည်​ ဦးတည်​ရာ​နေရာ 
ရောက်​​သောအခါ တံခါးဖွင့်​သွားပြီး
စားပွဲနှင့်​လူ​တွေ့​ကောင်​တာမျိုးကို 
တွေ့လိုက်ရ​သည်​။ကောင်​တာ၏အ​နောက်​တွင်
သန်​သန်​မာမာလူနှစ်​​ယောက်​ထိုင်​​နေပြီး
လျန်​ကျွင်း​ပေါ်လာ​သောအခါ ချက်​ချင်းမတ်​တပ်​ရပ်​၍ တရိုတ​သေ နှုတ်​ဆက်​ကြသည်​။
"ကျွင်း​ရှောက်​"

လျန်​ကျွင်းလည်း ​ခေါင်းညိတ်​ပြပြီး
သူ့အ​နောက်​က ရှီကျင်းကို လက်​ညှိုးထိုးကာ
အမိန့်​​ပေးလိုက်​သည်​။

"သူ့ကို အ​ခြေခံ​တွေသင်​​ပေးနိုင်​တဲ့
တစ်​​ယောက်​​ယောက်​ကို ရှာ​ပေးလိုက်​ ပြီးရင်
သူ ကိုယ်​ပိုင်​​သေနတ်​လိုချင်​ရင်
ကြိုက်​တဲ့​သေနတ်​​ရွေးခိုင်း လိုက်​"

ထိုလူနှစ်​​ယောက်​သည်​ ရှီကျင်းအား
တစ်​ချက်​ကြည့်​ပြီး တစ်​​ယောက်​မှ 
ရှေ့သို့ထွက်​လာကာ သူ့​နောက်​လိုက်​ခဲ့ရန်​ 
ရိုရို​​သေ​​သေ လက်​ဟန်​ပြသည်​။

ရှီကျင်း တွန့်​ဆုတ်​သွားပြီး လျန်​ကျွင်းအား
ကြည့်​ကာ​မေးသည်​။

"ကျွန်​​တော်​က ခင်​ဗျားနဲ့ပဲအတူရှိရမှာ
မဟုတ်​ဘူးလား"

သူ့အလုပ်​က
လျန်​ကျွင်းရဲ့သက်​​တော်​​စောင့်​အဖြစ်​​လေ...

ရှီကျင်းစိတ်​ထင်​၍လားမသိ၊
သူ မေးခွန်း​မေးလိုက်​​သောအခါ အနားတွင်
ရပ်​​နေ​သော ထိုလူနှစ်​​ယောက်​၏အမူအရာမှာ
မသိမသာ ထူးဆန်းသွားသည်​။

ရှီကျင်း​ပြောသည့်​အ​ကြောင်းရင်းကို
လျန်​ကျွင်းသ​ဘော​ပေါက်​​သော​ကြောင့်
ပြန်​​ဖြေသည်​။

"ဒါက ငါ့ပိုင်​နက်​၊ဘယ်​သူမှဝင်​လာပြီး
ပြဿနာရှာရဲမှာမဟုတ်​ဘူး။မင်းသာ 
သေချာ​လေ့ကျင့်​သင့်​တယ်​ ​နောက်​ကျရင်
ငါGua Yiကို လာစစ်​ခိုင်းမှာမို့"

ရှီကျင်း နက်​နက်​နဲနဲ​တွေးလိုက်​သည်​။

သစ်​သီးခြံကလည်း ခင်​ဗျားရဲ့ပိုင်​နက်​ပဲ​လေ။
ဒါ​တောင်​ မ​တော်​တဆ​တွေဖြစ်​ပြီး ခင်​ဗျားရဲ့
ဘားတန်းက ရိုလာကိုစတာလို
တက်​လိုက်​ကျလိုက်​ဖြစ်​​နေတာကို...

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now