အပိုင်း ၉ Zawgyi

436 30 0
                                    

" ဆလိုင်းလွမ်းပို .... ကျောင်းအုပ်ကြီးခေါ်နေတယ် "

သိပြီဟူသော ခေါင်းတစ်ချက်ညိတ်ပြမှုကြောင့် လာခေါ်သော အတန်းခေါင်းဆောင်က သူ့နေရာသူပြန်ဝင်ထိုင်နေလိုက်၏။ ဆလိုင်းလွမ်းပိုသည် အိမ်စာလုပ်လက်စ စာအုပ်ကို လွယ်အိတ်ထဲထည့်လိုက်၏။ ဘောပင်ကိုတော့ အင်္ကျီအိတ်ကပ်ထဲ ထည့်လိုက်ပြီး အခန်းအပြင်ထွက်ခဲ့တော့သည်။

ကျောင်းအုပ်ဆရာကြီး၏ ရုံးခန်းထဲတွင် လွမ်းပိုတို့၏ အတန်းပိုင်ဆရာမသည် ငြိမ်ငြိမ်လေးထိုင်နေ၏။ လွမ်းပိုက အနောက်ဘက်တံခါးပေါက်မှ ဝင်လာသည်မို့ ဆရာမက မမြင်ပေ။ ကျောင်းအုပ်ကြီးသည် လွမ်းပိုကိုမြင်လေတော့ ဝင်လာဖို့ရန် ခေါင်းညိတ်ပြ၏။

သူဝင်လာပြီးနောက် သူရောက်ပြီဖြစ်ကြောင်း ဆရာမသိသွားဖို့ရန် အနားသို့သွားလိုက်၏။ သာမန်ဆို စကားအလွန်နည်းသည့်လူမို့ ဆရာဆရာမများကလည်း သူ့ကို အပြစ်မယူသည်ကို သူကိုယ်တိုင်ကလည်း အခွင့်ကောင်းယူနေသည်ဟု အတွေးမဝင်မိသေးပါလေ။

" သားကို ဆရာကြီးအခု ခေါ်ရခြင်းအကြောင်းရင်းကတော့ တခြားတော့မဟုတ်ဘူး... သားအခု လာမဲ့ ပြည်နယ်အဆင့် စာစီစာကုံးပြိုင်စေချင်လို့ပဲ "

အဋ္ဌမတန်းကျောင်းသားတစ်ယောက်၊ အစိုးရစစ်နှင့်ရင်ဆိုင်နေရသော ကျောင်းသားတစ်ယောက်ကို ပြည်နယ်အဆင့် စာစီစာကုံးပြိုင်ပွဲကို လွှတ်သည်တဲ့လား။

" တစ်ခြားတစ်ယောက် မရနိုင်ဘူးလား ဆရာ "

" မဖြစ်လို့ပါ သားရယ် ... ဆရာကြီးနဲ့ သားဆရာမနဲ့ တိုင်ပင်ပြီးပြီ ... ပညာရေးမှူးကလည်း သားကို ထည့်လိုက်ဖို့ ဆရာကြီးကို ပြောလာတယ် ... သားလည်း သိတဲ့အတိုင်း မနှစ်က မြို့နယ်အဆင့်မှာ သား ထူးချွန်ဆုရသွားတော့ သားကိုပဲ လွှတ်စေချင်ကြတယ်.. တခြားဘယ်ကျောင်းကမှ မလွှတ်ချင်ကြဘူး ... "

" ဒါပေမဲ့ အမေ တစ်ယောက်တည်း .. "

" ဒီအတွက်မပူပါနဲ့ ... ဆရာကြီးကိုယ်တိုင် သားရဲ့အဖိုးအဖွားအိမ်ကို လိုက်ပြောပေးမှာပါ ... သားစိတ်ပူနေသလို သားအမေကို တစ်ယောက်တည်း မချန်ခဲ့ပါဘူး ... သားအမေက လိုက်ချင်တယ်ဆိုရင်တောင် ဆရာကြီးတို့ဘက်က စီစဉ်ပေးမှာပါ.. "

လွမ်းပို(Completed)Where stories live. Discover now