အပိုင်း ၈

931 92 3
                                    

" ဘယ်ကပြန်လာတာလဲ "

" ဘုရားကျောင်းက "

ဖယောင်းတိုင်မီးအလင်းရောင်လေးက လေကလေးတိုက်လိုက်တိုင်း ယိမ်းနွဲ့နေသည်။ အမေ့လက်ထဲက သူ့ကျောင်းဝတ်စုံကလေးဟာ ပုခုံးပြဲရာကို ချုပ်ပြီးနေခဲ့ပြီ။

" ထမင်းရော "

" စားခဲ့ပြီ "

" လွမ်းနောင် "

" ဟုတ်ကဲ့ "

" မြောက်ဘက်ကုန်းက ကလေးမလေးရဲ့အမေ ညနေက အိမ်လာသွားတယ် "

မြောက်ဘက်ကုန်း။ ဘုရားကျောင်းတည်ရှိရာ ရပ်ဝန်း။ ဘုရားကျောင်း၏ မျက်နှာချင်းဆိုင်က အိမ်တွင် သူတို့နှင့်အတန်းတူ ကောင်မလေးတစ်ယောက်ရှိ၏။ ထိုကောင်မလေးက သူနှင့် အောင်မိုးတို့နှင့်ပါ ခင်မင်နေသည့်ကောင်မလေးဖြစ်သည်။ မတူတာကတော့ ကောင်မလေးက ဗုဒ္ဓဘာသာစစ်စစ်။

သူမလေး၏ မိခင်က သူရောအောင်မိုးကိုပါ သိပ်ကြည်တာမဟုတ်။ ရှေးရိုးစွဲတို့၏ ဝါဒီအရ သူတို့၏ သမီးကလေးကို လွမ်းနောင်တို့လို ဘုရားကျောင်းတက်သည့်ကောင်တွေနှင့် ပေါင်းသည်ကိုမကြိုက်ချင်းပေ။

သူငယ်ချင်းတွေ ခေါ်ပြောဆက်ဆံရုံနှင့် သူတို့၏သမီးကလေးက သူတို့ဆီက ခရစ်တော်အယူဝါဒတွေပဲ စွဲကပ်တော့မလို၊ သူတို့လို ခရစ်ယာန်ဘာသာဝင်တွေကပဲ ကူးစက်ရောဂါကြီးတစ်ခုလိုလို။

သူမကလေး၏ အမည်က စနိုး။ နှင်းကလေးလိုဖြူစင်သည်ဟု ဆိုကာ စနိုးဟု ပေးခဲ့သည်တဲ့လေ။ စနိုးက လွမ်းနောင်တို့နှင့် တစ်ခန်းတည်းဖြစ်သလို အဆင့်ချင်း သိပ်မကွာတော့ လူချင်းကလည်း ရင်းနှီးနေသည်။ ထို့အပြင် စနိုးက မိန်းကလေးအတန်းခေါင်းဆောင်။

" ဘာလာပြောတာလဲ "

" နင့်ကို အနေအထိုင်ဆင်ခြင်ဖို့ .... နေစမ်းပါဦး .. နင်က အဲ့ကောင်မလေးနဲ့ တွဲနေတာလား "

" မတွဲဘူး ... "

" မတွဲရင် သူက ဘာလို့ ငါ့ အဲ့လိုလာပြော ... နင် သတိထားနော ... မထားရင် ကျောင်းနှုတ်ပစ်မယ် "

" အမေ "

" ဘာ "

" သူများပြောတိုင်းယုံမနေနဲ့ .. သားက အခုမှ ဆယ့်လေးနှစ်ရှိသေးတာ .. ရည်းစားထားစရာလား "

လွမ်းပို(Completed)Where stories live. Discover now