အပိုင်း ၇

984 97 6
                                    

" မယ်ရီခရစ်စမတ် ဒူးယူအော "

အိမ်ရှေ့မှ အော်သံကြောင့် မြပို ရုတ်တရက်နိုးသွားရ၏။ သားကလေးကအိပ်နေပြီမို့ လန့်နိုးသွားမှာစိုး၍ ရင်ဘတ်ကလေးအား အသာအယာပုတ်ကာ ချော့မြူလိုက်သည်။ မှေးကနဲ အိပ်ပျော်သွားမှုအတွင်း အိပ်မက်တွေက မက်လိုက်သေးသည်။ မြပိုတစ်ယောက် မရည်ရွယ်ပဲ ပြုံးမိသွားလေတော့၏။

ပြတင်းပေါက်မှ ခန်းဆီးကလေးကို မကာ အပြင်ကိုချောင်းကြည့်တော့ အိမ်ရှေ့ခြံဝတွင် အုပ်စုလိုက်ရပ်ကာ သီချင်းသီဆိုနေသည့် လူတစ်စုကို တွေ့လိုက်ရလေသည်။

ဟုတ်သား။ ယနေ့သီချင်းလာဆိုပြီး ချီးမြှောက်မည်ဟု ကြိုတင်အသိပေးထားတာပဲ။ မြပိုမေ့နေလိုက်တာလေ။

အပူချိန် ကိုးဒီဂရီအောက်ရောက်သည့် ချမ်းအေးသည့်ကာလမို့ အပေါ်ဝတ်အနွေးထည် ထူထူတစ်ထည်ကို မြပို ဆွဲဝတ်လိုက်၏။ အိမ်ရှေ့ခန်း မှန်ဘီရိုထဲ ဝယ်သိမ်းထားသည့် သကြားလုံးထုပ်ကြီးကိုယူကာ အိမ်အပြင်ထွက်ခဲ့လိုက်တော့သည်။

" ဤအိမ်ပေါ်တွင် ကောင်းချီးမင်္ဂလာရောက်စေသော် .... ဤအိမ်ပေါ်တွင် ကောင်းချီးမင်္ဂလာရောက်စေသော် ... ဤအိမ်ပေါ်တွင် ကောင်းချီးမင်္ဂလာ ... ဤအိမ်ပေါ်တွင် ကောင်းချီးမင်္ဂလာ .... ဤအိမ်ပေါ်တွင် ကောင်းချီးမင်္ဂလာ ရောက်စေသော် ... ရောက်စေသော် .... "

မြပိုကို မြင်ချိန်တွင် ဂစ်တာတီးနေသည့် ဓမ္မဆရာက ပြုံးရယ်ပြလာ၏။ ထိုအမျိုးသားကို မြပိုသိပါသည်။ မောင့် သူငယ်ချင်းကောင်ကလေး။

မောင်နဲ့အတူ ကြီးပျင်းလာပြီး မောင်မရှိတော့သည့်ကာလတွေမှာ မောင့်အစား ဂစ်တာတီးသူ။ ယခင်တုန်းကတော့ ဒီလိုဝိုင်းတွေထဲမှာ မောင်ပါတာပေါ့။

" ကဲ အားလုံးပဲ ဆုတောင်းလိုက်ရအောင် ... အဖဘုရားသခင်၏မေတ္တာရိပ်အောက်တည်ရှိနေသော ဤအိမ်သည် ....... "

ဆုတောင်းပို့သသံကလေးကို မြပိုနားထောင်နေမိသည်။ ညီညီညာညာ တည်တည်ငြိမ်ငြိမ်ရပ်နေကြသူများသည် ဓမ္မဆရာ၏ ဆုတောင်းရွတ်ဖတ်သံကို လက်ကလေးတွေ ဆုပ်ကိုင်ရင်းဖြင့် ဆုတောင်းပေးနေကြ၏။

လွမ်းပို(Completed)Where stories live. Discover now