Episode 18

1.6K 164 16
                                    

Unicode........

Bar ကနေ ခေါ် လာခဲ့တယ် အမူးသမားလေးကအိမ်ပြန်ရောက်တယ့်အထိ နိုးမလာသေးတာ ကြောင့် ပဲ ရှောင်းကျန့် ကအိမ်ကိုပဲ ကားမောင်းလာလိုက်တယ်။

" Daddy!!! "

ယိုင်ထိုးနေတယ့်ကိုယ်လေးကိုလက်နှစ်ဖက်နဲ့ ပင့်ချီလိုက်ပီး အိမ်ထဲ ဝင်တော့ အပေါက်ဝ မှာ ခါးလေးထောက်က သမီးလေးက ကြည့်လာတယ် ။

" Baby "

" Daddy နောက်ကျတယ် "

၁၂ နာရီ ကျော်တယ့်အထိ မအိပ်ပဲ စောင့်နေတယ့် သမီးကို ဆူချင်ပေမဲ့ သူက ကိုယ်အိမ်ပြန်နောက်ကျသည်ကို  ဆူပုတ်နေသည်လေ။

" မအိပ်သေးပဲ ဒီမှာဘာလုပ်နေတာလည်း
ဟီနန်  "

" Daddy မှ ပြန်မလာသေးတာကို "

" မဆိုးစမ်းနဲ့ ဟီနန် Daddy မကြိုက်ဘူး "

" Daddy ကလည်း "

ညအိပ်ဝတ်စုံပန်းရောင်ကို ကာတွန်းပုံလေးနဲ့ အရုပ်တွေဖက်ထားသည့် ဟီနန် ကတကယ်ကို ကျဲ ဆီက အမွေရထား ရုပ်ပင်။

ကျောင်းတက်တယ့်အချိန်ကစလို့ US  ပို့ထားပေမဲ့ ဒီတစ်ခါတရုတ်ပြည်ကို အလည်ပြန်လာတယ့် သမီးက အချိန်ပြည့်အနားကပ်လိုပီး သူကိုအပြင်မထွက်စေချင်တယ်ပုံပင်။

" Daddy ဒါက.... "

ကိုယ့်ကို ရို့လို ခေါင်းလောင်းစောင်းကာ မျက်တောင်ပုတ်ခတ်ပုတ်ခတ်နဲ့ ဟီနန် က တစ်မြူးမြူးနဲ့သူနောက်ကျော ပေါ် က ကောင်လေးဆီ အကြည်တွေ ဝေ့ဝဲလာတယ်။

" Daddy မီးမီး အတွက် အရုပ် ဝယ်လာတာလား "

" အရုပ်? ??"

ယိုင်ကျလာတယ့် ကိုယ်လေးကိုကျော ပေါ် တက်လိုက် ပီး သမီးဖြစ်သူကို ထပ်မေးလိုက်တယ်။

" အဲ့ဒီအရုပ်လေး...... "

". ............"

" Daddy ချီထားတယ့် အရုပ်လေးလိုချင်တယ် "

Room Pictures ထဲမှာ Lego ၊ Carbo တွေနဲ့ အရုပ်တွေဆိုစုဆောင်းရတာ  သိပ်သဘောကျတယ့် ဟီနန် က အခုလည်း ကျော ပေါ် က ချာတိတ်လေးကို အရုပ်ထင်ပီးလိုချင်နေတယ့်ပုံပင်။

" ဟီနန် "

" Daddy!!!! "

" သမီး........ "

Daddy's LaowangWhere stories live. Discover now