Episode 13

1.7K 187 8
                                    

Unicode. ........

နှင်းတွေတစ်ဖွဲ့ဖွဲ့ကျနေတယ့် ဆောင်းရာသီကုန်လို့
နွေဦးရာသီကူးပြောင်းကူးခါစ ရာသီတစ်ခု မှာ အကို က သူကို ကျောင်းအနောက်ဘက်ကဘုရားကျောင်း
လေးတစ်ခုကို ခေါ် လာတယ်။

မတိုးမလျ ပေါ် လာတယ့် သံစဥ်တွေကြား မှာ ဂီတာလေးကို သံစဥ်ညှိလို့ အကိုကသူကို သီချင်းဆိုပြလာတယ်။

စာမေးပွဲပီးသွားလို့ နောက်ဆုံးတက်ဖို့  Result စောင့်နေတယ့်သူရယ်၊ သူစာမေးပွဲပီးသွားတာမို့ Tutor အလုပ်ကထွက်ကာအလုပ်ဝင်နေတယ့်အကိုက အထွေအထူးတော့ အဆက်အသွယ်ပြတ်ခဲ့တာမရှိ။

အကိုအရင်းလို့ဆိုလာတယ့်သူနဲ့ တစ်အိမ်ထဲမနေချင်တယ့် ရီပေါ် က ညနေ့တိုင်းရှောင်းကျန့်အလုပ်က ပြန်လာတယ့်အခါ ဒီဘုရားကျောင်းကို  နေ့တိုင်းလိုလိုလာဖြစ်သည်။

ချစ်ခြင်းတရားကို နှစ်ဦးနှစ်ဖက် ခံစားမိတယ့်အခါ
အရှက်သည်းလွန်း၍  မြတ်နိုးမူ ထက်ပိုလာပီ
ဖြစ်တယ်။

တိုက်ခတ်လာတယ့်လေအစုံနဲ့အတူ ချစ်ခြင်းတရားကို ရီပေါ် အတွက်တစ်ယုတစ်ယ ပုံဖော်နေတက်
တယ့် ရှောင်းကျန့် ရယ် က ဘုရားကျောင်းတစ်ဝိုက်မှာ ညနေတိုင်းလိုလိုအမြဲတွေ့ရနေပီ ဖြစ်တယ်။
_____________

ဘုရားကျောင်းအနောက်ဘက်က တန်းလေးမှာ ကိုယ်လေးမှီလို့ Hoddie လေးထဲမြုပ်နေတယ့်ကိုယ်လေးကို ဂီတာလေးကိုင်ကာပါးဖောင်းဖောင်းလေး
တွေကို ရသလို အသားယူကာ ရင်ခွင်ထဲထည့်ထားပီး တစ်ယုတစ်ယ ခပ်ဖွဖွနမ်းနေတာကို ညနေ့တိုင
မြင်နေရပီဖြစ်တယ်။

" ကျွန်တော်  စာဖတ်နေတယ်လေ အကိုရာ "

ဂီတာလေးကိုဘေးချလို့ သူ ခန္နာကိုယ် ကိုယ် ရင်ခွင်ထဲ ထိမြုပ်သွားအောင် နောက်ကသိုင်းဖက်လာတယ်အကိုက ခေါင်းလုံးလေးကို ခွေးပေါက်လေးလို
တစ်ရှုံရှုံ နမ်းလာတယ်။

" ချာတိတ် က  ချစ်စရာကောင်းနေတာကိုး "

ကျောင်းပီးသွားတယ့်နောက်ပိုင်းမှာ သတိထားမိလာတာက အကိုက အရင်လို သူနဲ့အပြိုင်မပြောတော့၊
သူအလိုကျပဲ အလိုလိုက်လာပီး အခုလိုလည်း ချွဲတက်လာတယ်။

Daddy's LaowangWhere stories live. Discover now