Episode 3

4.2K 329 9
                                    

Unicode........

" ဆေးလိပ်သောက်မလို့လား ချာတိတ်၊ ကိုယ်မီးညှိပေးမယ်လေ "

လပတ်စာမေးပွဲစတင်တော့မည်ဖြစ်တာကြောင့် စိတ်ညစ်ညစ်နဲ့ခေါင်မိုး ပေါ် တက်လာတော့ အနောက်ကနေဆေးလိပ်တိုကိုင်ကာ အနားကိုလျှောက်လာတယ့်ဟိုလူ။

ထိုလူစကားကိုအရေးမလုပ်ပဲ မီးမညှိရသေးတယ့်ဆေးလိပ်ကို မြေပြင်ပေါ် နင်းခြေပီး ရှေ ့ကိုသာ ကြည့်နေလိုက်တယ်။

" အိမ်မပိုင်​သေးတယ့်ကြောင်ဆိုးလေးပဲ၊
အဟက်! "

ဆေးလိပ်တစ်ချက်ဖွာကာ ကောင်းကင်ကို
ကြည့်ပီး ပြုံးနေပြန်တယ့်ထိုလူ။ဆေးလိပ်ကိုနှုတ်ခမ်းနဲ့ထိစပ်ကာ ဆေးလိပ်ငွေ့တစ်ချိူ ့ကို ပါးစပ်ကနေ မှုတ်ထုတ်လိုက်ပီး သူဘက်ကို လှည့်ကြည့်လာတယ်။

" ဆေးလိပ်ငွေ ့ပျံ လွှင့်သွားတယ့် ခံစားချက် မင်းသိလား ချာတိတ် "

စကားမပြောပဲ နှစ်ယောက်လုံးတိတ်ဆိတ်နေပီးအတန်ကြာမှ ထိူလူဘက်က စကားစလာတယ်။
ရီပေါ် ကတော့ သက်ပြင်းချလို့ ။

" ဘာလိုချင်လို့ တစ်လ လုံးကျွန်တော်နောက်လိုက်နေတာလည်း "

မင်သေသေမျက်နှာထားနဲ့ ထိုလူဘက်လှည့်မေးလိုက်တော့ ပြုံးယောင်သန်းသွားတယ့်နှုတ်ခမ်းတွန့်လေး။

" မားမား ဘွိုင်းတွေက စိတ်ပျက်စရာ ကောင်းတာ အမှန်ပဲ "

ရေရွတ်သလိုနဲ့ ရီပေါ် ခုံဘေးဝင်ထိုင်ကာ ဆေးလိပ်ငွေ ့တွေကို တစ်ချက်ရှိုက်လိုက်ပီး ရီပေါ် မျက်နှာဘက် ဖွင့်ဟလာတယ့် ဒီ Tutor က အတော်လေးစိတ်ပျက်စရာကောင်းတယ်။

မျက်နှာ အနှံ ရိုက်ခတ်လာတယ့်ဆေးလိပ်ငွေ ့တွေကြောင့် ဒေါသထွက်သွားတာမို့ ကျစ်တစ်ချက်သက်ကာ ထိုလူဘေးက ထထွက်လာလိုက်တယ်။

" ချာတိတ် ခန "

လှေကားတစ်လျှောက်ခြေလှမ်းကျယ်ကြီးနဲ့ပြေးဆင်းလာတယ့်ထိုလူက အနောက်က နေ ပြေးလာကာ လက်ကိုဆွဲကိုင်လာပီး ရှေ ့ကနေ ပိတ်ရပ်လာပြန်တယ်။

" လွှတ် "

" ချာတိတ် "

" ကျစ်! ဘာဖြစ်ချင်နေတာလည်း ခင်များ "

Daddy's LaowangKde žijí příběhy. Začni objevovat