Episode 2

6.4K 368 5
                                    

Unicode........

ချစ်ခြင်းမေတ္တာ ဆိုတာ ရေလှိုင်းလေးကို
ဖြတ်တောက်သွားတယ့် လေပြေလေးလိုပဲလို့တစ်စုံတစ်ယောက်ကဆိုခဲ့ဖူးတယ်။

ပေကျင်းမြို့ မှာ လှပစွာ အပြိုင် ပွင့်နေကြတယ့်
အနီရောင်ပွင့်ဖတ်လေးတွေကလည်း အဝါရောင်ပွင့်ဖတ်လေးတွေမှာ ငြိတွယ်နေကြတယ်။

့ငြိတွယ်ရမယ့် မစ်ရှင်ကို အစပြုတယ့်ကောင်လေးကတော့ထုံးစံအတိုင်းကျောင်းကို နောက်ဆုံးမှရောက်လာတယ်၊ ဒါတွေက တကယ်တော့လူရှုပ်နေတယ့်နေရာကိုသူ မလာချင်တာကြောင့်ဖြစ်တယ်။

အမိန့်တွေနဲ ့နေသားကျလာတယ့် ရီပေါ် က
ဒီကျောင်းကို ပါးပါးအမိန်ကြောင့်ပြောင်းလာတာဖြစ်တယ်။

" အားဝမ်  "

" .......... "

" လေးလေး ၊ ကျောင်းကောင်စီဘက်ခနသွားဦးမယ် စာရွက်စာတန်းတွေတင်ဖို့ "

" ........... "

" အပြန် ကျောင်းရှေ ့မှာ စောင့်နေမယ် ၊ ဂရုစိုက်သွားနော် အားဝမ်  "

မိဘတွေထက်အမြဲလိုလို နွေးထွေးမှု ရှိတယ့်
လေးလေးရဲ ့စကားကို ခေါင်းတစ်ချက်ငြိမ့်ပြပီး
စာသင်ဆောင်ဘက်ထွက်လာခဲ့တယ်။

ပေကျင်းမြို့ ရဲ ့အကြီးမားဆုံး ကျောင်းလို့ဆိုနိုင်
တယ့်ကျောင်းမှာပထမဆုံး စတတ်တယ့်ရက်မို့ ကျောင်းရဲ ့ မြေပုံ နဲ့ အတူ GPS ထည့်ထားပေးတယ့်လေးလေးကြောင့်စာသင်ခန်းသွားရသည့်မှာ အခက်အခဲမရှိပေ။

အတန်းထဲကို ဝင်လာတယ့်အခါ ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်လိုက်တော့ အထက်လွှာများသာစုစည်းနေသည်မဆန်းပေ။

အထက်တန်းလွှာလူတော်တွေ စုနေတယ့်ကျောင်းမှာ အမြဲ အဆင့် ကောင်းရဖို့သာ မျှော်လင့်နေတယ့် မိဘတွေကြောင့် ဒီတစ်နှစ်လည်းကျောင်းအဆင့်ကောင်းဖို့တော့ သူအတော်လေးရုန်းကန်ရမည်ဖြစ်ကြောင်းသိရတယ်။

အတန်းထဲကိုဝင်လာပီး ခပ်တည်တည်နဲ ့နောက်ဆုံးအတန်းကိုသွားထိုင်တယ့်သူကိုတော့ လူတော်တော်များများကစိတ်ဝင်တစ်စားကြည့်လာသည်၊ ဒါ လူမိုက် ဟောက်ရွှမ်းနေရာလေ။

Daddy's LaowangWhere stories live. Discover now