Episode 5

2.4K 251 9
                                    

Unicode.......

ညှိမှိုင်းနေတယ့်ကောင်းကင်က​နေအစပြုပီး နေရောင်ကတစ်ဖြည်းဖြည်းပျောက်ကွယ်သွားနေပီဖြစ်တယ်။

နေရာတစ်ခွင် လွင့်ပျံနေတယ့်စိတ်အစုံကိုစုစည်းပီး ရှေ့ကစာကိုအာရုံ​ပြန်စိုက်ရတယ်။ ​တစ်ပြိုင်နက်တည်းမှာလည်း ရီပေါ် က Guide ဆရာအသစ်ကို မအံ့သြော်ပဲမနေနိုင်ပဲ ဖြစ်သွားတယ်။

ပါးရဲ့ အဆင့်သတ်မှတ်ချက်တွေနဲ့မကိုက်ညီတယ့်
Results တွေ ကြောင့် မကြာခန ကျောင်း ပြောင်းခဲ့ရတယ့် ရီပေါ် က ဒီလိုအကြောင်းတွေကိုလည်းနောကျေနေပီဖြစ်တယ်။

ဒီလိုပါးရဲ့အဆင့်သတ်မှတ်ချက်တွေကို ကျော်လွန်ပီး ရီပေါ် ရဲ့Guide ဆရာလုပ်နိုင်တာက ဒီလူဟာ အတော်လေး အရည်အချင်းရှိတာပဲလို့ ရီပေါ် ကမှတ်ချက်ပြုမိတယ်။

နှစ်နာရီကျော်ကြာမြင့်တယ် စာသင်ချိန်ပြီးဆုံးသွားတယ့်အခါ ရီပေါ် က စာအုပ်တွေ သိမ်းလို့ နာရီစင်ဘက် အကြည့်ဝဲလိုက်တယ်။

ဘယ်အချိန် လာခဲ့မယ်လို့ပြောမသွားတယ့်အကိုကြောင့် ပါးပြန်လာချိန်နဲ့တိုးမှာဆိုးတယ့် ရီပေါ် က ကြောက်လန့်လန့်နဲ့ ပြတင်ပေါက်ဘက် ခနခနခိုး
ကြည့်တယ်။

ခိုးကြည့်ရင်းနဲ့ကင်းစောင့်နေတယ့် ရီပေါ် က ၁၀နာရီခွဲလို့ အလုပ်ကပြန်လာတယ့် လော့ရှန်းရဲ့ကားကို
မြင်တယ့်အခါ မှသာ အလန့်တကြားနဲ့ ကုတင်ပေါ်ခေါင်းမြီးခြုံကာပြေးအိပ်တယ်။

လောရှန်းသာသူကို မြင်ရင်တကယ်သေမှာ၊ သူက အချွန်ကောင်။

___________

ကိုယ်ဘက်ကမဟုတ်တာတစ်ခုမှမလုပ်ထားသော်လည်း အတိုင်ထူလှတယ့်လော့ရှန်းကြောင့် ရီပေါ် ကသူကံဆိုးပီဆိုတာသိနေတယ်။

စိတ်ပျက်လက်ပျက်နဲ့ ကုတင်ပေါ်တက်ကာ အတွေးတွေးပျံနှံဘေတော့ သူဆီလာမယ်ပြောပီးမလာတယ့်
အကို့ ကို စိတ်ဆိုးချင်လာတယ်။

စိတ်ရှုပ်နေတာမို့ အတွေးမလွန်အောင် ခပ်သွက်
သွက်အဝတ်လဲလိုက်ပီး ညမီးအိပ်ကို ပိတ်ကာအိပ်လိုက်တယ်။

ဒီညအကိုမလာတော့ဘူးထင်ပါရဲ့
____________

နာရီတစ်ချက်ချက်ရဲ့ရွေ့လျားမှုအဆုံးမှာ ကမ္ဘာ မြေရဲ့ လေထု ကြောင့်ပြတင်းပေါက်က တစ်ချက်တစ်ချက် ရိုက်ခတ်တယ်။

Daddy's LaowangWhere stories live. Discover now