Episode 4

3.1K 290 16
                                    

Unicode.........

မီမို ကျောင်းခေါင်းလောင်းရဲ ့အဆုံးမှာ ကျောင်းသားကျောင်းသူတွေရဲ ့စာအုပ်တွေချန်ထားခဲ့သံနဲ့ တီးတိုးပြောသံတွေကြားရမည်ဖြစ်တယ်။

တစ်လှပ်လှပ်ဖြစ်နေတယ့်ခံစားချက်တွေတွန်းလှန်ရင်းစာမေးပွဲခန်းထဲကိုဝင်လိုက်တော့ဆူညံ ့နေတယ့် အသံများစွာနဲ ့ဆီးကြိုတယ်။

ဖြေဆိုရမယ့် ခုံကိုရှာရင်း ထောင့်ကျကျစားပွဲခုံမှာထိုင်လို့ နံပါတ်ကြည့်တော့ နံပါတ်တစ်ခု 482 ၊ ဒါသူ ဖြေရမယ့်စားပွဲခုံပဲ။

စားပွဲခုံ ပေါ် လက်တင်ရင်းဘေးဘီကြည့်လိုက်တော့ သူဘေးမှာ စာမေးပွဲ ဖြေမယ့်သူကမလာပြန်။ ကံဇာတာတွေ ဒီလိုကောင်းနေမယ်ဆိုတာလည်း သူအစောကြီးကသိနေပြန်တယ်။

၉နာရီထိုးလို့ တစ်တောင်တောင်မြည့်သံအဆုံးမှာ အတန်းထဲဝင်လာတယ့်အခန်းစောင့် ဆရာမတှေရဲ ့စကားသံ တွေကြားပီး ရင်တွေတုန်လာတယ်။

" ကျောင်းသားကျောင်းသူတွေ စာမေးပွဲ စပါပီ ၊ အသံတွေတိုးထားပေးပါ "

မေးခွန်းစာရွက်တွေလိုက်ဝေနေတယ့်ဆရာမကိုကြည့်ကာ လေပူတစ်ချက်မှုတ်ထုတ်လိုက်တယ်၊ သူအဆင်ပြေမှာပါ။

သူ ရှေ့ကိုရောက်ရှိလာတယ့်အဖြူရောင်စာရွက် ပေါ် မှာ ပေါ် နေတယ့် ကိန်းဂ ဏ် န်း တွေကြောင့်
တစ်ဖြည်းဖြည်း စိတ်တွေရှူပ်လာတယ်၊

တကယ်တော့သူစိတ်ပျက်ဆုံးက သချာ်ပဲ ၊ သင်လေ ချာလေ ဖြစ်နေတာ။

စိတ်ပျက်ပျက်နဲ့ သူမရတယ့် ခက်ခဲ့တယ့် အပုဒ်တွေရဲ ့မေးခွန်းတွေထပ်တလဲလဲဖတ်တော့ အိမ်ကထွက်မလာခင်ကြားရတယ့် ပါးရဲ ့စကားသံတစ်ချိူ့ကို နားယောင်လာတယ်။

သချာ်နဲ့ပတ်သတ်ရင်အားနည်းလွန်းလှတယ့်သူကို အဆင့်သတ်မှတ်ချက်တွေနဲ့ကျောင်းကို လွှတ်လိုက်တာ ဒီနေ့ အတွက်တကယ်ကို အဆင်မပြေလှ။

" ချာတိတ် ဖြေလေ ၊ ဘာတွေ စဥ်းစားနေတာလည်း "

ခနအကြာတော့ ချွေးတွေ ပြန်ကာ စိတ်အိုက်နေတယ့်သူနားကို မေးခွန်းလွှာကိုင်ကာ ရောက်လာတယ့် ဆရာရှောင်း။

Daddy's LaowangWhere stories live. Discover now