Episode 7

2.1K 251 9
                                    

Unicode. ........

Tower ကနေမှ အစပြုလို့ အလည်လွန်နေတယ့်ကောင်လေးနှစ်ယောက်က မိုး လင်းစပြုတယ့်အချိန်ရောက်မှသာ ဝမ်အိမ်တော်ရောက်ကိုရောက်လာခဲ့တယ်။

" ကိုယ်သွားပီ ၊ ချာတိတ် "

လှေကားပေါ် ကို တစ်ရွေ့ရွေ့တက်သွားတယ့် ကိုယ်လေးက  ပြတင်းပေါက်ရဲ့ တစ်ဖက်ခြမ်းကိုလုံခြုံစွာရောက်သွားတော့မှ လက်ပြလာတယ်။

အသိအမှတ်ပြုသလို ခေါင်းလေးတစ်ငြိမ့်ပြပြီး ဝမ်အိမ်တော်က ထွက်လာတော့ ပြတင်းပေါက် ကနေ
မေးလေးထောက်ကာ ကြည့်နေပြန်တယ်။
_________

ကားကို ယူလို့ ဝမ် အိမ်တော်ဘက်မှ ထွက်ခဲ့တော့ တိုက်ခန်းရှေ့မှာ စောင့်နေတယ့် ရှောင်းပါးပါး။

လက်ထဲက ဖိုင်တစ်ချိူ့ကိုကိုင်လို့ နောက်ကျောမူနေသည့်က သူကို မမြင်ပေ။

" ရှောင်းကျန့်!!!!!! "

တိုက်ခန်းဘက်သွားဖို့ပြင်နေသည့်သူကိုအခုမှ မြင်သွားသည့် ပုံပင်။

" .................. "

ဘာအကန့်မှ မရှိတော့တာမို့ ပေတေတေရပ်နေတော့ ဘေးနားက BG ဆီက စာရွက်တစ်ချိူ့ ယူလာတယ်။

" မင်းဘယ်အချိန်ထိ ဒီလိုနေနေမှာလည်း"

ပြန်ရောက်တာနဲ့သားကိုမေးတာက ဒီစကားတယ့်လား။ ဒါမှ မဟုတ် နောက်ထပ်သားတစ်ယောက်ရသွားလို့ ဒီအချိူးပြောင်းသွားတာလား။

ဘာမှ ပြောချင်စိတ်မရှိတာမို့ ခပ်သွက်သွက်ရှေ့က
ထွက်လာတော့ဖောက်ခနဲမြည်အောင် မျက်နှာရှေ့ရောက်လာတယ့်စာရွက်စာတမ်းအစုံအလင်။

" ဒီရှယ်ယာ တွေ ကိစ္စ  မင်းရှင်းစမ်း!!!!"

ရွှေရောင်ကိုင်းမျက်မှန်အောက်က နီးမြန်းနေတယ့်မျက်နှာထားအရ အတော်လေးဒေါသထွက်နေမှန်းသိသာတယ်။

"ဘာလို့ အပိုတွေလုပ်နေတာလည်း "

ခပ်အေးအေးသူဘက်က မေးမိတယ့်ဝါကျတစ်ကြောင်း။

". ............... "

" ကျွန်တော် အမေရဲ့ ရှယ်ယာ တွေကို  ကျွန်တော် နဲ့နာမည်နဲ့ လွှဲထားတာမှားလို့လား"

Daddy's LaowangWhere stories live. Discover now