Episode 1

14.8K 477 7
                                    

Unicode.......

အေးစက်စက် လော့ယန်းမြို့ ရဲ ့အအေးချိန်က
ယခင်နေ့များနဲ့ မတူစွာ နှင်းစက်လေးတွေနဲ့လှပနေခဲ့တယ်။

ဆောင်းအကုန်နွေဦးရောက်ချိန်မှာလည်း ပန်းလေးတွေက တောင်စောင်းတစ်လျှောက်မှာ ဖူးပွင့်နေခဲ့ပီဖြစ်တယ်။

ရေဒီယိုမှာဖွင့်ထားတယ့်ခံစားချက်မရှိတယ့်သီချင်း
တစ်ချိူ ့ကို နားထောင်ရင်းသူယောကျာ်း ရေချိူးပီး
ပြန်အလာကို စောင့်နေလိုက်သည်။

ဒီနေရာ၊ ဒီလမ်းမှာအစကတည်းကသူတစ်ယောက်
တည်းဆိုတာသိပါလျက်နဲ့ဘာကြောင့်များဒီလူ အပေါ် သူခံစားချက်ထားနေမိတာလည်း။တကယ်ဆိုသူဒီကို မလိုက်လာခဲ့သင့်တာ။

မိဘတွေဆန့်ကျင်ပီးဒီလူအနောက်ကို အဆုံးစွန်ထိ ယုံကြည်ပီးလိုက်လာခဲ့တာ နောင်တစ်ချိန်မှာ သူနောင်တ များရနေမလား၊ တကယ်တော့ ဒါတွေက အဖြေရှာဖွေနေတယ့်မေးခွန်းမျှသာ ဖြစ်တယ်။

မေးခွန်းတွေစစီမယ်ဆို လွန်ခဲ့တယ်နှစ်နှစ်က ကျောင်းရှေ့မှာ စတင်ခဲ့တယ့် ရင်ခုန်သံကိုသာ ပြန်ဆန်းစစ်ရမှာသာဖြစ်တယ်။

" ပျော်ရွှင်စရာ မွေးနေ့ပါ ကလေးလေး ၊
ကိုယ့်ကို ဒီထက်ပိုပီး အများကြီးချစ်ပေးပါ "

အတွေးတွေကို စာစီနေတုန်းခါးတစ်ဝိုက်သွယ်တန်းလာတယ့်လက်တစ်စုံကြောင့်ပတ်ဝန်းကျင်ကို သူသတိပြန်ပြုမိတယ်။ အင်း ဒီလက်တစ်စုံ။

သူကိုယ်တိုင်လိုလိုလားလား လက်ခံခဲ့တယ်လက်တစ်စုံ၊ တရားဝင်မဟုတ်ပေမဲ့ လက်ထပ်မှတ်ပုံတင်မှာ သူနဲ့ အတူ လက်မှတ်ရေးထိုးခဲ့တယ် လက်တစ်စုံ။

ပတ်ဝန်းကျင်ကိုဆန့်ကျင်ပီးသူကိုယ်တိုင်တွဲခဲ့တယ်လက်တစ်စုံ။သူများတွေပြောသလိုပဲကျောင်းဝန်းထဲမှာတွေ့ဆုံခဲ့တယ့် လမ်းသွားလမ်းလာကောင်လေးက သူယောကျာ်း ဖြစ်နေခဲ့ပီ။

"အင်း ကျွန်တော်ကိုလည်းဒီထက်ပိုပီးချစ်ပေးပါ အချစ်"

စကားသံတွေတစ်ချိူ့ကိုမျက်ဝန်းကတစ်ဆင့်နားလည်
ခဲ့ကြရင်း ဒီခရီးကို ထိုညက ညီးညူသံတွေနဲ့
ရှေ့ဆက်ဖြစ်ခဲ့ကြတယ်။

Daddy's LaowangWhere stories live. Discover now