Arc 6.8

4K 587 73
                                    

{Zawgyi}

Dazaiဆေးရုံဆင်းပြီးထဲက Chuuyaတစ်ယောက်တိုင်တွေပတ်တော့တာပဲ...

အရင်ကလို တစ်သီးတစ်သန့်ခပ်တည်တည်မနေဘဲ အားအားရှိသူ့နားမှာတောက်တဲ့လိုကပ်နေခြင်းကြောင့်....။

ပုံမှန်ဆို ဒီလိုအနေအထားကChuuyaအတွက် သတင်းတွေယူဖို့အခွင့်ကောင်းဖြစ်သော်ငြားလည်း Dazaiရဲ့အပြုအမူတွေကြားမှာ နေရခက်လှသည်။

စိတ်တိုသလိုလိုရှက်သလိုလိုစိတ်ကြီးကအမြဲကြီးစိုးနေပြီး သူ့ရဲ့မူလimageကိုတောင်ပျက်စေနိုင်သည်။

သတိထားစမ်း...အဲ့တာTarget....

မင်းသတ်ရမဲ့Target....

တစ်ဖက်မှာတော့ Kiကိုစုံစမ်းခိုင်းထားတဲ့အချက်အလက်တွေကြောင့်Dazaiခေါင်းမူးနေလေပြီ။

သူအိပ်မက်ထဲမှာတွေ့ခဲ့ရတာနဲ့ပက်သက်ပြီးပြောပြတော့

Kouဆိုသည်မှာ Dei Osamuရဲ့ဇနီးဖြစ်ပြီးသူ့ရဲ့မိခင်ဟုသိထားသည့်အမျိုးသမီး...

ဒါဆိုRuuဆိုတဲ့သူ့အမေရဲ့အမွှာအစ်ကိုကကော?

Dataတွေထဲကအချက်တွေအရ Ruuဆိုတာက Nightmareရဲ့အရင်ခေါင်းဆောင်ဟုသိရသည်။

ကမ္ဘာကြီးကဘာဖြစ်ကုန်တာလဲ.....

သူ့အဖေနဲ့Nightmareခေါင်းဆောင်နဲ့က??

ထင်သလောက်မရိုးရှင်းနိုင်တော့ဘူး.....

ဖြစ်နိုင်တာက ဒီကမ္ဘာမှာသူmissionကောအောင်ပါ့မလားပဲ...

Hidden missionကအသာထားဦး..Main missionကိုကအောင်ဖို့ခက်နေပြီ။

သူ့ကလေးငယ်က သူ့ကိုသတ်ချင်နေတဲ့သူမဟုတ်လား....

ဟူးးး~~~

Dazaiရင်မောစွာနဲ့ပဲစာသင်ခန်းထဲခေါင်းမှောက်အိပ်နေလိုက်သည်။

တစ်ညလုံးစဉ်းစားထားရသည်မို့ သူအနားယူဖို့လိုအပ်သည်လေ..

ဒါကိုတွေ့တော့Chuuyaက ထိုင်ခုံကိုခြေထောက်နှင့်ကန်ကာ ဆရာမကိုမေးဆတ်ပြသည်...

ပြောချင်တာက သေချာလိုက်နားထောင်မထောင်ရင်မင်းသေမယ်ဆိုတဲ့ပုံစံမျိုး....။

Dazai ခါးကိုမတ်
စာအုပ်ကိုဖွင့်
ဘောပင်ကိုအသင့်ကိုင်ကာဆရာမကိုရွှန်းရွှန်းဝေသောမျက်လုံးတို့ဖြင့်ကြည့်လိုက်သည်။

Rebounding System(OC)Where stories live. Discover now