{Zawgyi}
ဆေးရုံကအခန်းထဲဒုန်းစိုင်းဝင်လာတဲ့ Thorisကဖွင့်လိုက်လိုက်ချင်းမြင်လိုက်ရတဲ့ မျက်နှာလေးကြောင့် လဲလျောင်းနေတဲ့ကုတင်အနားသွားပြီးCell Remလက်ကိုဆုပ်ကိုင်လိုက်သည်။
Cell Remကတော့အခုထိသတိပြန်မရသေးပေ....။
ဘယ်ကြောင့်များရုတ်တရက်မေ့လဲသွားရပါသနည်း။
Thorisစဉ်းစားခန်းဖွင့်နေတုန်းမှာပဲ လှုပ်လီလှုပ်လဲ့ဖြင့် ဖြည်းဖြည်းချင်းပွင့်လာတဲ့မျက်ဝန်းတွေကြောင့်ဘေးကခလုတ်ကိုနှိပ်ကာဆရာဝန်တွေကိုခေါ်ရသည်။
"Rem...ဖြည်းဖြည်းထ..."
ထထိုင်ရန်ပြင်နေသည့် Cell Remကို Thorisတွဲထူလိုက်ပြီး ကုတင်ခေါင်းရင်းကိုမှီစေသည်။
"သက်သာရဲ့လား.."
ဖြည်းညှင်းစွာခေါင်းငြှိမ့်ပြလာတဲ့Cell Remကတစ်စုံတစ်ခုကိုအသည်းအသန်တွေးသည်။
ခံစားဖူးတယ်မလား...တစ်ခုခုကိုမေ့နေတာကိုသေချာပေါက်သိပေမဲ့ ဘာကိုမေ့နေတာလဲဆိုတာ စဉ်းစားမရတာမျိုး။
Cell Remလည်းထိုနည်းလည်းကောင်းခံစားနေရသည်။
သူတစ်ခုခုကိုသေချာပေါက်မေ့နေပါလျက် ဘာမှန်းသူမသိပေ။
ခဏအကြာဆရာဝန်ရောက်လာပြီးCell Remအားအနည်းငယ်စစ်ဆေးပြီး Thorisကိုမှာစရာရှိတာမှာသည်။
"ဒီတလော အလုပ်ပင်ပန်းတာရောစိတ်ပင်ပန်းတာပါပေါင်းပြီးမေ့လဲတာပါ ဘာမှစိုးရိမ်စရာမရှိတော့ပါဘူး...."
"ဆရာ....ဟိုကောင်လေးရော..."
Cell RemကMineကိုရည်ညွှန်းကာဖြတ်မေးလေတော့ ဆရာဝန်ကရှင်းပြလေသည်။
"အခုဆေးထိုးပေးထားလို့အိပ်ပျော်နေပါတယ်...နောက်ပြီးသူ့ရဲ့အခြေအနေကို ကျွန်တော်ပြောစရာနည်းနည်းလောက်ရှိပါတယ်..."
"ဟုတ်ပြောပါDoctor..."
"အဲ့ကောင်လေးကအရင်ဖြစ်ဖူးတဲ့Accidentကတော်တော်ကြီးပုံရတယ်....ခန္ဓာကိုယ်ရဲ့တချို့နေရာတွေကိုအစားထိုးထားတာတွေ့ရတယ်....ဒါပေမဲ့ဗီဇက Alphaဖြစ်တာကြောင့် တောင့်ခံပြီးကျော်လွှားနိုင်ခဲ့တယ်ပြောရမယ်...ဒါပေမဲ့ဒီတစ်ခေါက်မှာတော့ သူ့ညာခြေထောက်အရိုးကလုံးဝကျိုးသွားတာ....ပြန်ကောင်းဖို့အချိန်တော်တော်ယူရမယ်....ပြီးတော့ ဦးခေါင်းကိုပြင်းပြင်းထန်ထန်ရိုက်မိတာကြောင့် ဦးနှောက်ကမှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းကိုဖျက်ပစ်လိုက်ပုံပဲ...အဓိကက လူနာကိုစိတ်ပျော်အောင်ထားပါ..သူပြန်ကောင်းလာဖို့ဆိုတာသူ့စိတ်အပေါ်အများကြီးမူတည်ပါတယ်.."
YOU ARE READING
Rebounding System(OC)
Romance(Myanmar*system fic) When MC and the Final Boss was the same person...... What about the boy who gave his soul to save the Final boss? What do you think whether villain could love someone or not? This is { own creation } ❌❌NOT TRANSLATION❌❌