Arc 2.12(Part-1)

9.4K 1.2K 57
                                    

{Zawgyi}

အိမ်ရှေ့စံအဆောင်တွင် အိမ်ရှေ့စံရှဲ့စစ်ရန်အား နှုတ်ခမ်းထောင့်ကိုဆေးထည့်ပေးနေသော မင်းသားငယ်ကြောင့် ထျန်းရြှပာယာခတ်နေရသည်။

ဘယ်သူကများ အရှင့်သားကို ခုလိုဒဏ်ရာရအောင်လုပ်ရဲတာလဲ။

"အရှင့်သား    ဘယ်လိုဖြစ်လာတာလဲ ပြောပြပေးပါ အရှင့်သားကိုထိခိုက်စေတဲ့ သူကိုကျွန်တော်အပြစ်ဒဏ်ခံစေပါ့မယ်"

"ရှအော်......ကိုယ်တော်ဘာမှမဖြစ်ဘူး ဘယ်သူမှလုပ်တာလဲမဟုတ်ဘူး"

"ဒါပေမဲ့....."

"ရှအော်....ကိုယ်တော်မှာထားတဲ့ တောတွင်းသားရဲနဲ့ပက်သက်တဲ့ စာအုပ်ရပြီလား"

"အဲ့တာ.....ကျွန်တော်ဒီကိစ္စရှင်းပြီးရင်သွားရှာပါ့မယ်..........အခုတော့...."

"ဘယ်လိုလုပ်ရမလဲ......ကိုယ်တော်ကအခုလိုချင်တာ......ရှအော်.....ရှအော်.......မင်းတောင် ကိုယ်တော့်စကားကိုအလေးမထားတော့ဘူးပဲ"

"ခွင့်လွှတ်ပေးပါ အရှင့်သား ကျွန်တော်အခုသွားရှာပါ့မယ်"

ရှဲ့စစ်ရန် ထျန်းရှအားတဖတ်သတ်အနိုင်ကျင့်ကာ အဆောင်ထဲက ထွက်သွားစေတော့ အဆောင်ထဲတွင် သူနဲ့ ကလေးငယ်သာ နှစ်ယောက်ထဲကျန်ခဲ့သည်။

နှုတ်ခမ်းထောင့်ကဒဏ်ရာက အနည်းငယ်ပေပဲမို့ သမားတော်မခေါ်ဘဲနေလေတော့ သူ့အား ဆေးတွေအတင်းထည့်ပေးနေသောကလေးငယ်။

သူကကလေးငယ်ကို လှည့်စားထားသော်လည်း နည်းနည်းလေးမှအပြစ်ရှိတယ်လို့ မခံစားရ။

ဒီ့အစားသူဝမ်းသာလုံးဆို့နေသည်မှာ ခုထိမျက်နှာကပြုံးနေသည်။

ရှေ့မှကလေးငယ် ကငိုမဲ့မဲ့နှင့် ဆေးထည့်ပေးသည်ကိုပင် ပီတိတွေဖြာလျက် ပြုံးနေလေသည်။

ကလေးငယ်က ငါ့ကိုတကယ်ရွေးလိုက်တာပဲ။

သူ့အချစ်ဆုံးဦးရီးတော်ကိုတောင် ငါ့အတွက် အပြီးစွန့်လွှတ်လိုက်တယ်တဲ့လား။

ကလေးလေး ငါ့ကလေးလေး။

ကလေးငယ်ကို ငါစောင့်ရှောက်ပေးရမှာတကယ်ကို ကံကောင်းတယ်။

Rebounding System(OC)Where stories live. Discover now