Arc 8.18

1.2K 173 20
                                    

{Zawgyi}

မငြိမ်မသက်ဖြစ်နေသောတိုင်းပြည်အား အမိန့်လွှာတစ်ခုထဲဖြင့် တိခနဲငြိမ်ကျသွားစေသောသူ.....။

ထိုအမိန့်ကား~~~
ယောစက္ကသီဓံဟုခေါ်သော တိုင်းပြည်၏ ပြည့်ရှင်မင်းက သူတို့တိုင်းပြည်၏ အရှင်သခင်အား သိမ်းပိုက်လိုက်ပြီဆိုသော အမိန့်...။

တိုင်းပြည်၂ခုလုံး၏ အုပ်ချုပ်ခွင့်ကို လက်ဝယ်ကိုင်ထားသူဖြစ်သည့်အပြင် ဝဏ္နုဇေဒါပြည်၏ စစ်တပ်ကပါ ထိုပြည့်ရှင်အသစ်၏အမိန့်အား လွန်ဆန်ခြင်းမရှိသည့်အခါ တိုင်းသူပြည်သားဖြစ်သော သူတို့မှာ မူလအရှင်သခင်နော်ခွန်းရွယ်၏ အမိန့်အား ထပ်မံစောင့်ဆိုင်းရုံမှတပါး....။

ယောစက္ကသီဓံ~~~~

နာမည်အသစ်ဖြင့် တိုင်းပြည်က သူတို့ဝဏ္နုဇေဒါနှင့် ကပ်လျက်တွင် ဟိုးယခင်ထဲက ရှိခဲ့သည်ဟုဆိုသည်။

ဖြစ်နိုင်သည်က တားမြစ်တောအလွန်က ပြည်ပျက်ကြီးများလားပဲ။

နောက်ပြီး ထိုပြည်နှင့်ပက်သက်လို့ ကောလဟာလတစ်ချို့က တစ်တိုင်းပြည်လုံးတွင် သို့လော သို့လော ပြန့်နှံ့လျက်....။

သတင်းစကားတွေအရ..ယောစက္ကသီဓံမှာ ရာဇဝင်တွင် ဟိုးအရင်ထဲကရှိခဲ့သော ပြည်အဟောင်းဖြစ်သည်။

ရှေးလူတို့၏မူအရ သဘာဝမကျသောဖြစ်ရပ်များ အမျိုးမျိုးဖြစ်ခဲ့ပြီးသည့်နောက် ယောစက္ကသီဓံကို အုပ်စိုးသော တော်ဝင်အနွယ်တို့တွင် သာမန်လူသားတို့ထက် ထူးကဲစွာစွမ်းအင်တို့ကို လက်ဆင့်ကမ်းပိုင်ဆိုင်ကြသည်။

ဥပမာဆိုရလျှင်....ရွေးချယ်ခြင်းခံရသော တော်ဝင်သွေးစစ်စစ်တို့သည် လူတစ်ယောက်၏ အသိဉာဏ်တို့ကို ထိန်းချုပ်ထားနိုင်တာမျိုး...။

ထိုမျှမက တစ်သောင်းတွင်တစ်ယောက်သာရှိသည့် ရှားပါးဖြစ်စဉ်နှင့်မွေးဖွားလာသည့် တော်ဝင်သွေးမှာ ထိုစွမ်းရည်ရှိရုံမျှမက ထူးဆန်းသောခန္ဓာကိုယ်တည်ဆောက်ပုံကြောင့် သူ၏အသွေးအသားသည် နတ်ဆေးဟုတင်စားလို့ရသည်အထိ မည်သည့်ရောဂါကိုမဆို ပျောက်အောင်ကုသနိုင်စွမ်း ရှိသည်...။

လက်ရှိတွင်တော့ ထိုရှားပါးလူသားမှာ တစ်ပတ်တိတိမအိပ်ရသေးတာကြောင့် ချိုင့်ဝင်နေသောမျက်တွင်းတို့နှင့် ချောင်ကျသွားသော ပါးရိုးတို့ကြောင့် ရုတ်တရက်ကြည့်လျှင် လူမမာနှင့်တောင်တူသေးသည်။

Rebounding System(OC)Where stories live. Discover now