Arc 8.4

2.5K 354 40
                                    

{Zawgyi}

ရွှဲရွှဲစိုနေသော ကျောပြင်နှင့် နဖူးထက်က ချွေးစေးတွေက ရေချိုးထားသည့်အလား စီးကျနေသည့်တိုင် ဂူထဲက တစ်ဦးတည်းသောလူကတော့မနိုးသေးပါချေ။

[Host...Host!!...အရှင့်သား.....အဆင်ပြေရဲ့လား...ဘာဖြစ်တာလဲ....Zen!!]

Spaceထဲက Kiက ခက်လွန်းအသင်္ယာအား နှိုးရန်ကြံရွယ်သော်လည်းအချည်းနှီးသာ လုံးဝကိုနိုးမလာပုံထောက်ရင်တော့ဖြင့် ကျိန်းသေသည်...မှတ်ဉာဏ်တွေကြောင့်ဖြစ်ပေမည်။

[ဒုက္ခပဲ....ဒီအခြေအနေနဲ့ဆို နိုးအောင်နှိုးနိုင်မဲ့သူက အရှင့်သားရဲ့ချစ်သူတစ်ယောက်ပဲရှိတော့တာ...]

ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေသော Kiသည် ကလေးငယ်အားသွားရှာချင်ပါသော်လည်း Zenအားစိတ်ချလက်ချထားနိုင်ခဲ့ပုံမပေါ်ချေ။

Kiဗျာများနေတုန်းမှာပင် ရုတ်တရက်ငေါက်ခနဲထထိုင်သော ခက်လွန်းအသင်္ယာသည် အသက်ပင်ဝအောင်မရှူဘဲ လက်ကဓားကိုဆွဲကာ ဂူအပြင်သို့သုတ်ခြေတင်ပြေးထွက်သွားတော့သည်။

[Host!..]

Kiပြောနေသည်ကိုလည်းအာရုံရပုံမပေါ်သည့် ခက်လွန်းအသင်္ယာသည် တစ်နေရာကိုဦးတည်သွားနေဟန်ပေါ်သည်။

သွားနေရင်းဖြင့် ဆူဆူညံညံအသံတွေ တစ်စတစ်စကြားလာရသည်နှင့်အမျှ ခက်လွန်းအသင်္ယာ လက်စွဲတော်ဓားအားဓားအိမ်ထဲမှဆွဲထုတ်ကာ ခြေလှမ်းတို့ကိုအရှိန်ပိုမြှင့်လိုက်သည်။

ရှေ့နားက တိုက်ခိုက်နေသည့်လူတစ်စုကိုမြင်သည်နှင့် လက်ထဲကဓားအား မြှောက်ကာ ရှေ့တည်တည့်ကိုပစ်လိုက်လေတော့ ထိုဓားသည် ခက်လွန်းအသင်္ယာဦးတည်ပစ်သည့် လူ၏ရင်ဝတည့်တည့်ကိုထုတ်ချင်းဖောက်ဝင်သည်။

"ငါ့လူကို ထိရဲတယ်! "

"အသင်္ယာ..! "

သြရှရှ လူ၏အသံကိုကြားကာမှ အသိဝင်သော ခက်လွန်းအသင်္ယာမှာ သူအခုဖြစ်နေသောအခြေအနေနှင့် ရောက်နေသောနေရာကို ဘယ်လိုပင်စဉ်းစားစဉ်းစားခန့်မှန်းမရပါချေ။

"အစ်..အစ်ကို...."

ကြောင်ပြီးရပ်နေမိသည့် ခက်လွန်းအသင်္ယာအား နော်ခွန်းရွယ် ရှေ့မှကာပေးကာ အနက်ဝတ်နှင့် လူ၆ယောက်အားခုခံနေလေသည်။

Rebounding System(OC)Where stories live. Discover now