Arc 8.16

1.5K 199 34
                                    

{Zawgyi}

၃ရက်နှင့်၃ညမြောက်တွင် အနည်းငယ်တည်ငြိမ်စပြုလာသောနော်ခွန်းရွယ်မှာ ရှုပ်ပွနေသော အဆောင်တော်အလယ်တွင် ခေါင်းငိုက်စိုက်ကာထိုင်နေလေသည်။

တစ်နိုင်ငံလုံးကိုမြေလှန်ရှာခိုင်းထားတာတောင် မတွေ့သေးသည့်အပြင် ခက်လွန်းအသင်္ယာဆိုသောနာမအား တစ်ယောက်မှပင်မကြားဖူးကြ။

မသိလျှင် သူ့ရဲ့လွန်းငယ်က ဒီလောကကြီးမှာတစ်ခါမှမရှိခဲ့ဖူးသည့် လူတစ်ယောက်လို။

ဒါဆိုရင် သူ့မှတ်ဉာဏ်ထဲက လွန်းငယ်ကရော?
ဒါတွေက အတုအယောင်တွေမှမဟုတ်တာ...။

သူကရော ဒီ၃နှစ်လုံးလုံး ဘာကြောင့် မမှတ်မိခဲ့ရတာလဲ?

"လွန်း...မင်းပြောကြည့်စမ်း"

ထင်ယောင်ထင်မှားဖြင့် ဘေးနားတွင် တစ်စုံတစ်ယောက်ရှိသည်ဟု ထင်မှတ်ကာ စကားလှမ်းပြောပါသော နော်ခွန်းရွယ်မှာ အသိစိတ်တို့က ပုံမှန်ဖြစ်မနေပါချေ။

"လွန်း!!"

ထိုင်နေရာမှ ရုတ်တရက် ဝုန်းခနဲထရပ်လိုက်သော နော်ခွန်းရွယ်မှာ အခုမှတစ်စုံတစ်ရာအားသတိရသွားဟန်ရှိသည်။

"လွန်း? လွန်းငယ်..?"

ဦးနှောက်တို့ကို အနည်းငယ်အလုပ်ပေးလေတော့ မျက်ဝန်းများမှလွဲ၍ တထေရာထဲတူနေသည့်မျက်နှာနှစ်ခုအကြောင်း တွေးမိလေသည်။

လွန်းငယ်က....ငါ့နားကိုပြန်ရောက်လာခဲ့တာပဲ!!

ဒါတောင် ငါက...ငါက

ယူကြုံးမရခြင်းများစွာဖြင့် အရုပ်ကြိုးပျက်ထိုင်ချလိုက်မိသော နော်ခွန်းရွယ်မှာ ရင်ထဲတစ်ဆို့နေသော ဝေဒနာအားအလူးအလဲခံရပါသည်။

ဘာကြောင့်များလဲကွာ....

မင်း...အမောင့်ကို မုန်းသွားလေပြီလား။

အလိုမရှိတော့တာမို့...အနားထိရောက်လာခဲ့ပြီးမှ ထပ်ထားသွားခဲ့ရတာလား။

ဟိုဟိုဒီဒီအတွေးတို့ဖြင့် ဒီညတွင်လည်း နော်ခွန်းရွယ်အဖို့ အိပ်ပျော်နိုင်ဖို့လမ်းစမမြင်တော့ပါချေ။

^^^^^^^^^^^^^^^

"အရှင်....ဒီနေ့ မြောက်ပိုင်းမင်းသမီးက နန်းတော်ကိုရောက်မှာဖြစ်လို့ ကြိုဆိုဖို့အခမ်းအနားတွေ ပြင်ဆင်ထားသင့်ကြောင်းပါ"

Rebounding System(OC)Where stories live. Discover now