Arc 1.6

13.1K 1.3K 17
                                    

{Zawgyi}

ဒီနေ့လင်းထွဋ်ဦးဆေးရုံဆင်းတာ တလပြည့်တဲ့နေ့

ရှေ့နေကြီးနဲ့တိုင်ပင်ပြီး ကျောင်းကိုလည်းအဝေးသင်ပြောင်းပြီးပြီ...
လုပ်ငန်းတွေကိုလည်းကိုယ်တိုင်ဝင်ဦးစီးဖို့planချပြီးနေပြီ....

ခက်တာက ဇာတ်လိုက်နဲ့ ဆက် ဆိုတဲ့ကောင်လေးပဲ...

နေ့တိုင်းအကြောင်းမရှိအကြောင်းရှာပြီးအိမ်ကိုလာတယ် ပြီးရင်ဘေးနားကအနှောင့်ယှက်မျိုးစုံပေးတယ်

နောက်တော့သူတို့ပလ္လင်ခံတဲ့စကားက ကူညီချင်လို့ပါတဲ့

ဘယ်လောက်ရိုက်သတ်ချင်စရာကောင်းလဲ.......

ဇာတ်လိုက်မနဲ့လား??
တခါတလေတော့တွေ့ဖြစ်ပါတယ်

နောက်တစ်ခုက main missionနဲ့ဆိုင်တဲ့ရှင်းသူရထက်က ထူးဆန်းနေတယ်....

ကိုယ့်ကိုတွေ့တာနဲ့မကြည်ဘူး ......
သူ့မျက်လုံးတွေကတခုခုကိုစိုးရိမ်နေသလိုပဲ

ကိုယ်အကြိုက်ဆုံးအရာကိုလုယူခံလိုက်ရလို့ဒေါသထွက်နေတဲ့ပုံနဲ့  အမြဲကိုယ့်ကိုကြည့်တယ်။

ဒါတွေကမထူးဆန်းတော့ပါဘူးလေ.....
ကျင့်သားရသင့်နေပြီ။

ဇာတ်လမ်းလဲအများကြီးသွေဖယ်သွားပြီ
ကြည့်ရတာအဆုံးသတ်ဖို့အချိန်ရောက်ခါနီးပြီနဲ့တူတယ်........ဘာမှတောင်ထွေထွေထူးထူးမလုပ်လိုက်ရဘူးပဲ

သဘက်ခါဆို ဇာတ်လိုက်ရယ် ဇာတ်လိုက်မရယ် လင်းထွဋ်ဦးရယ် ရှင်းသူရထက်ရယ် ပြီးတော့ဆက်ရယ်....Z cityကိုခရီးသွားကြမယ်တဲ့

ထူးဆန်းတာက ခရီးသွားဖို့စစီစဉ်တာ ဇာတ်လိုက်မ မဟုတ်ဘဲနဲ့ ရှင်းသူရထက်ဖြစ်နေတာပဲ......

လွဲနေပြီမလား???
ဒီအတောအတွင်းထဲမှာလည်း ဇာတ်လိုက်မနဲ့ပက်သက်ပြီးမူမမှန်တာမတွေ့ရဘူး..
Poohအကူညီနဲ့နောက်ကြောင်းစုံစမ်းကြည့်တော့

သွေးထက်မဒီနဲ့ရှင်းသူရထက် နဲ့က အဖေတူအမေကွဲမောင်နှမတွေ သွေးထက်မဒီကို ပထမဇနီးနဲ့ရခဲ့ပြီး ရှင်းသူရထက်ကို ဒုတိယဇနီးနဲ့ရခဲ့တာ သူတို့ရဲ့ဖခင်က အကြီးမ သွေးထက်မဒီ ကိုအများကြီးပိုချစ်တယ် သူပိုင်တဲ့စီးပွားရေးလုပ်ငန်းတွေကိုတောင် သူ့ကိုဦးစီးစေချင်လို့အတင်းပြောတာတောင် ဆေးပညာပဲစိတ်ဝင်စားလို့ အဖေနဲ့ဆန့်ကျင်ပြီး ဆရာဝန်လုပ်ခဲ့တာ......

Rebounding System(OC)Where stories live. Discover now