"အကုန်လုံးက ကျွန်မအမှားတွေပဲလို့လာမပြောနဲ့။ ရှင့်အဖေကိုချစ်တယ်လို့ရှင်ပြောပေမယ့် ကျွန်မတို့သူ့ကို မြို့ထဲကိုခေါ်မလာတော့ ရှင် ဘာစောက်စကားမှမပြောခဲ့ဘူး! အိမ်ရောင်းဖို့ပြောတော့လည်း ရှင်က အမြီးလေးကုပ်နေပြီး ဘာမှဝင်မပြောခဲ့ဘူး။ အခုကျ အကုန်လုံးက ကျွန်မအမှားတွေပေါ့။ ယန်ကျန်းကော်၊ ရှင် လူမှဟုတ်သေးရဲ့လား?!!"

ယန်ကျန်းကော်က အသက်မဲ့နေသလိုဖြစ်သွားငကာ ကျောင်းရွှယ်မေ့ရဲ့ဒေါသတွေကို မတုန့်ပြန်ခဲ့ပေ။ သူမပြောလို့ပြီးသွားမှ သူက ခေါင်းငြိမ့်ကာဆိုလာ၏။

"ဟုတ်တယ်၊ ငါက လူမဟုတ်ဘူး၊ အဲ့ဒါကြောင့်လည်း ငါ့အဖေကို မျက်နှာချင်းမဆိုင်ရဲဘူး။ သူက ငါ့ကို ဒုက္ခသုက္ခခံပြီးကျွေးမွေးစောင့်ရှောက်ခဲ့တယ်။ ငါကတော့ ငါ့မိန်းမရဲ့စကားတွေကိုတောင် မငြင်းဆန်နိုင်တဲ့ ဘာမှအသုံးမကျတဲ့လူဖြစ်လာတယ်။ ငါ သူ့ကိုစိတ်ပျက်စေခဲ့တယ်၊ ငါ သူ့ကိုမျက်နှာချင်းမဆိုင်ရဲဘူး ပြီးတော့ ငါက လူမဟုတ်ဘူး။ ကျောင်းရွှယ်မေ့၊ ငါတို့ကွာရှင်းရအောင်။"

ကျောင်းရွှယ်မေ့ရဲ့မျက်လုံးတွေက ပြူးကျယ်သွားသည်။

"ရှင် ဘာပြောလိုက်တာလဲ ယန်ကျန်းကော်? ရှင် ထပ်ပြောကြည့်လိုက်စမ်းပါ!"

ကျောင်းရွှယ်မေ့က ဒေါသတကြီးဖြင့်ခေါင်းယမ်း၏။

"ကောင်းတယ်၊ ကောင်းတယ်၊ သိပ်ကောင်းတယ် ယန်ကျန်းကော်။ ရှင်စောင့်နေလိုက်စမ်းပါ၊ ကျွန်မသာကောင်းကောင်းမနေနရင် ရှင်တို့အကုန်လုံးလည်း ကောင်းကောင်းမနေရအောင် ကျွန်မလုပ်ပြမယ်!!"

ထိုအချိန်၌ပင် ယန်ရှောင်ကသူတို့နောက်ရောက်လာချေ၏။ ကျောင်းရွှယ်မေ့က သူ့ကိုမြင်လိုက်ရချိန်၌ သူ့ကို သူမရှေ့ကိုဆွဲခေါ်ကာဆို၏။

"ကျွန်မ ရှင့်ကိုပြောလိုက်မယ်၊ အခုကစပြီး ရှောင်ရှောင်က ရှင့်ဂရုစိုက်ပေးမှုကိုမလိုတော့ဘူး။ သူက ယန်မိသားစုဝင်မဟုတ်တော့ဘူး။"

ဘာဖြစ်သွားသလဲဆိုတာကို ယန်ရှောင်နားမလည်နိုင်သေးခင်မှာပဲ သူကဘကျောင်းရွှယ်မေ့ဆွဲခေါ်သွားတာကိုခံလိုက်ရချေ၏။ ယန်ကျန်းကော်ကို သူပြန်လှည်ကြည့်မိတော့ ယန်ကျန်းကော်က ထိုနေရာမှာပင် ခေါင်းငုံ့ကာရပ်နေခဲ့ပြီး ကျောင်းရွှယ်မေ့ပြောသွားတာတွေကို လုံးဝတုန့်ပြန်ခြင်းမရှိပေ။ သူ သူမကို တားဆီးရန်လည်းဆန္ဒမရှိတော့။

I'm a Chef in the Modern Era [Myanmar Translation]Tahanan ng mga kuwento. Tumuklas ngayon