Part - 1

3K 308 2
                                    

Zawgyi

စာကြည့်​တိုက်​ထဲမျက်​၀န်း​တွေ​ဝေ့၀ဲရင်း ယူလာတဲ့စာအုပ်​တ​ပွေ့တပိုက်​နဲ့​ချောင်​ကျကျခုံမှာ ​ရွေးကာထိုင်​ဖြစ်​သည်​...။
အပ်​ကျသံပင်​ကြားရ​အောင်​တိတ်​ဆိတ်​သလို လူသိပ်​မလာ၍ စာလုပ်​ရ အဆင်​​ပြေတဲ့​နေရာတစ်​ခုဆိုလဲမမှားဘူး....။
သို့တိုင်​​အောင်​ သူကစာလုပ်​ချင်​၍​တော့မဟုတ်​...
တစ်​​ကျောင်းလုံးရဲ့လူဆိုးစာရင်းထဲဝင်​​နေလား မ၀င်​​နေလားမသိ​ပေမဲ့ Park Jayဆိုတဲ့ နာမည်​ကြားရင်​​တော့ အနားမကပ်​ရဲတဲ့ထိ ​ကြောက်​ကြတာ​တော့သူသိသည်​...။

မှာထားတဲ့​ကော်​ဖီတခွက်​နဲ့ ​ကျောပိုးအိတ်​ထဲက​ဘောပင်​ထုတ်​ကာ စာအုပ်​​တွေဆွဲလှန်​ရင်း ဟိုခြစ်​ဒီခြစ်​...
နာရီဝက်​နီးပါး​လောက်​စာအုပ်​မှာအရုပ်​​တွေ​ရေးဆွဲပီး​နောက်​ ဇက်​​ကြောကအ​တော်​ပင်​တက်​လာသည်​....။
နာရီဝက်​​လောက်​စာအုပ်​နဲ့မျက်​နှာအပ်​ရတာ အဲ့​လောက်​ထိခက်​ခဲတယ်​...ဒါကိုတချို့​တွေဘယ်​လိုများနာရီနဲ့ချီပီးစာလုပ်​နိုင်​သလဲမသိ...။

လက်​ကို​ခေါင်း​ပေါ်ကိုဆန့်​ထုတ်​ကာအ​ညောင်း​ဖြေရင်း ၀င်​​ပေါက်​နားကိုလှမ်းကြည့်​မိသည်​...။
ဒီ​နေ့​ကျောင်းမလာဘူးထင်​ပါရဲ့....။
အမြဲစာကြည့်​တိုက်​လာ​နေတတ်​တဲ့လူက သူဒုက္ခခံကာလာ​စောင့်​မှ​ပေါ်မလာ​တော့ပါလား.....

သက်​ပြင်းကိုချရင်း Heeseung hyungဆီဖုန်း​ခေါ်ကာချိန်းရင်း အတန်းလစ်​ဖို့ပြင်​လိုက်​သည်​...။

အတန်းလစ်​ရခြင်း​ခေါင်းစဉ်​က စာလုပ်​လိုက်​ရတာ ပင်​ပန်းလို့....

" ဒီ​နေ့စာကြည့်​တိုက်​မသွားဘူးလား...."

တိတ်​ဆိတ်​စွာစား​သောက်​​နေတဲ့​ဘေးနားဝင်​ထိုင်​ရင်း ​မေးလာတဲ့Sunooကို​ခေါင်းအသာခါပြလိုက်​သည်​...။
နေ့စဉ်​စာလုပ်​​နေကြ​ပေမဲ့ ဒီ​နေ့တစ်​​နေ့​တော့ စာလုပ်​ချင်​စိတ်​မရှိ၍ အတန်းပင်​မတက်​ပဲ ​ကျောင်း​ခေါင်းမိုးထပ်​ကိုအတန်းလစ်​ကာ သွားအိပ်​​နေခဲ့တာ...။
ထမင်းစားချိန်​က​တော့.sunooနဲ့ပုံမှန်​စား​နေကြဖြစ်​၍ အိပ်​​နေရာကကုန်းရုန်းထပီး စားချိန်​အမှီ​ပြေးလာခဲ့သည်​...။

𝑬𝒏𝒅𝒍𝒆𝒔𝒔 // 02𝒛Where stories live. Discover now