Part - 5

1.2K 209 9
                                    

Zawgyi

" အား..."

လက်​ကိုတင်းကျပ်​​နေ​အောင်​ဆွဲကိုင်​ထားတဲ့​သွေးစွန်း​နေတဲ့လက်​အစုံ​ကြောင့်​ အသားကုန်​အာ​ခေါင်​ခြစ်​​အော်​​ပေမဲ့မိုးရွာ​တောထဲမှာသူ့အသံကိုတစ်​စုံတစ်​​ယောက်​မှကြားမည်​မထင်​...
ကြောက်​အားလန့်​အားနဲ့ဆွဲထားတဲ့လက်​ကို​ခြေကန်​ဆွဲရင်း ပါလာတဲ့ထီးနဲ့ဓာတ်​မီးက​မြေပြင်​​ပေါ်ကျ​နေတာ​တောင်​ သတိမမူမိ​တော့..

" ကျွန်​​တော်​....ကျွန်​​တော်​မ​သေ​သေးပါဘူး..."

ခပ်​​ဖျော့​ဖျော့အသံ​ကြောင့်​ jake​ခေါင်းနပန်းကြီးသွားရသည်​...။
လျှပ်​စီးအားကိုးနဲ့​သေချာကြည့်​မှ ဗိုက်​ကိုဖိထားတဲ့လက်​တစ်​ဖက်​ကို​တွေ့ရသည်​..
လည်​သာဂျာကင်​အနက်​​ကြောင့်​​သွေးကမသိသာ​ပေမဲ့ ​အောက်​ခံအင်္ကျီအပြာ​ရောင်​တင်​မဟုတ်​ ထိုလူ့နားတ၀ိုက်​က​ရေ​တွေက ​သွေး​ရောင်​သမ်း​နေသည်​....

" ​ဆေးရုံ မပို့ပါနဲ့...​ကျေးဇူး...​ကျေးဇူးပြုပီး​ဆေးရုံမပို့ပါနဲ့.."

ဆေးရုံမပို့ပါနဲ့...ဒါဆိုဘယ်​ပို့ရမလဲ....
ဘယ်​မှမပို့ပဲမိုး​ရေထဲဆက်​ထားရင်​ ​ရေခဲတိုက်​ကို​တော့ပို့ရမှာကျိန်း​သေတယ်​....။
မစဉ်းစားအား​တော့ ထိုလူ့ကိုယ်​ကိုမနိုင်​မနင်းတွဲကာသယ်​ရင်းအိမ်​ထဲကိုသယ်​လာခဲ့သည်​....။
ဆိုဖာ​ပေါ်ကိုပစ်​ချရင်း ကြမ်းပြင်​မှာ​ခြေပစ်​လက်​ပစ်​ထိုင်​ချလိုက်​သည်​...
ဟောဟဲစိုက်​​နေတာကိုခဏထား....ထို့လူဒဏ်​ရာကိုကြည့်​ဖို့အ​ပေါ်အင်္ကျီကိုဆွဲချွတ်​လိုက်​သည်​...။
သေချာတာက ဒါက ဓားနဲ့အထိုးခံထားရတဲ့ပုံရှိသည်​...။

ဓားနဲ့အထိုးခံထားရမှန်းသိ​ပေမဲ့ Jakeကဆရာဝန်​မှမဟုတ်​တာ ဘာလူပ်​​ပေးတတ်​မှာလဲ..။ရေရွဲ​နေတဲ့​ခေါင်းကိုခါရင်း ခုံ​ပေါ်မှာ​တွေ့လိုက်​ရတဲ့ အင်္ကျီ​ကြောင့်​​သွေးမတိတ်​​သေးတဲ့ဒဏ်​ရာ​ပေါ်ကိုဖိကာကပ်​ထား​ပေမဲ့ အချည်းနှီးသာ...။
သွေးကမတိတ်​သလို ထိုလူမှာလဲ​သွေးမရှိသလိုဖြူ​ဖျော့ကာလာသည်​...။

သေလို့​တော့မဖြစ်​ဘူး​နော်​....။
ဘယ်​သူဘယ်​၀ါရယ်​မသိပဲ​သေသွားရင်​ အခုချိန်​လူသတ်​မှုနဲ့အဖမ်းခံရနိုင်​သည်​...။
ဆေးရုံမပို့နဲ့​ပြောလဲဘာအ​ရေးလဲ...။
ဒီတိုင်းထားရင်​​သေသွားနိုင်​သည်​...​သေတာထက်​​တော့ဆိုးတဲ့ကိစ္စရှိမယ်​မထင်​.....။

𝑬𝒏𝒅𝒍𝒆𝒔𝒔 // 02𝒛Where stories live. Discover now