Part - 22

997 191 44
                                    

Unicode

" ဒီအရောင်ကိုမင်းတကယ်ကြိုက်တယ်မဟုတ်လား.Sunghoon.."

အပြာနုရောင်ကုတ်လေးကို သေချာစွာပြရင်းငူငိုင်နေတဲ့Sunghoonကို Jaeyunစိတ်မရှည်နိုင်တော့..
ဝတ်ကျေတမ်းကျေ လိုက်လာပီး သူငယ်ချင်းအတွက်လိုက်ရွေးပေးရသလိုပုံစံဖြစ်နေတဲ့Sunghoonကို ဖြစ်နိုင်ရင်.အော်ဟစ်ကာသောင်းကျန်းပစ်လိုက်ချင်သည်...
တစ်ယောက်ထဲပျော်ရွင်ကာ ဝတ်စုံလိုက်ရွေးနေတဲ့ကိုယ့်အဖြစ်ကိုပြန်လည်မြင်ယောင်ရင်းရှက်လာမိသည်...
Park Jayကိုနိုင်တော့မယ်....Sunghoonကိုသူပဲပိုင်ဆိုင်ရမယ်ဆိုတဲ့အတွေးတွေကတကယ်တမ်းမှာမှားနေခဲ့တာပဲ...

Park Sunghoonကတကယ်ပဲသူ့ကိုမချစ်ဘူးဆိုတာသိရက်နဲ့စွတ်မှိတ်ပီးကြိုးစားနေမိခဲ့သည်...

" ဆောရီး Yun...ငါနေသိပ်မကောင်းလို့..."

" ဟင်.."

ဒေါသတွေနဲ့အော်ဟစ်လိုက်ဖို့ ကြိုးစားနေဆဲစိတ်တွေက sunghoonမျက်နှာကိုသေချာကြည့်ကာ နဖူးပြင်ကိုခပ်ဖွဖွအုပ်စမ်းပီးချိန်တွင် လွင့်ပြယ်သွားသည်...။
နွေးနေတဲ့နဖူးပြင်နဲ့အတူလက်ဖဝါးတွေကိုဆုပ်ကိုင်ရင်းစုတ်တစ်ချက်လိုကိသည်..
နေမကောင်းဘူးဆိုရင်လဲအနည်းဆုံးတော့ပြောသင့်တာပေါ့ အခုတော့လူကတစ်ယောက်ထဲဒေါသတွေစွတ်ထွက်နေရတဲ့မကောင်းတဲ့လူလုံးလုံးဖြစ်တော့သည်....၊

ဒီရက်ပိုင်းသိသိသာသာပိန်လာတဲ့sunghoonကပိုးဟပ်ဖြူလေးလိုပါးလွနေသည်..
အချိန်ပိုင်းတွေအလုပ်တော့တာသိပေမဲ့စာတွေပဲနင်းကန်ကာလုပ်နေသည်ထင်သည်...အန်တီ့ရဲ့နာရေးကိစ္စကလဲရှိသေးသည်...

" အဲ့တာဆို နောက်ရက်မှလာကြမယ်...အခုပြန်ရအောင်.."

လက်ကနေဆွဲထူနေတဲ့Jaeyunရဲ့ခါးကိုခပ်ဖွဖွဖက်ကာမှီရင်း မှေးလာတဲ့Sunghoonကြောင့်ဆိုင်ဝန်ထမ်းတွေကိုတစ်ချက်လှည့်ကြည့်ကာ မျက်နှာတစ်ခုလုံးပူထူပီး ရဲတွတ်သွားရသည်...။
အငွေ့ပျံချင်စိတ်နဲ့အတူ လက်တွေကလဲ ဖယ်ထုတ်လိုက်မိသည်....

" ခဏလေး...ခဏလေးပဲဒီတိုင်းနေပေး...ပီးရင် ငါတို့ဆက်ရွေးကြမယ်လေ.."

မတ်တပ်ရပ်ကာနေတဲ့သူ့ကို ခါးကိုသိုင်းဖက်ထားတဲ့Sunghoonက ဗိုက်နားထက်မှာမျက်နှာအပ်ထားတာမို့အသက်ရူပင်အောင့်ထားမိသည်...။
တကယ်ပဲဘယ်လိုတွေတွေးပီးလုပ်ချင်ရာတွေလုပ်နေလဲမသိ...
Public areaတော့ရှောင်သင့်တယ်မဟုတ်လား...
ဝန်ထမ်းကောင်မလေးတွေပင်ပြုံးစိစိနဲ့အနားကနေခွာကာ တခြားလူတွေကိုလိုက်ပြရင်း သူတို့နှစ်ယောက်ကိုပါ အကြည့်မပြတ်...။

𝑬𝒏𝒅𝒍𝒆𝒔𝒔 // 02𝒛Where stories live. Discover now