Part - 21

963 189 13
                                    

Unicode

မနက်စောစောနိုးလာတဲ့အချိန်မှာ ခန္ဓာကိုယ်က တင်းကျပ်နေတဲ့ခံစားချက်နဲ့အတူနွေးထွေးမှုကိုပါတဆက်တည်းခံစားလာရသည်...။
မျက်ဝန်းတွေကိုဖွင့်မကြည့်ခင် ဆံနွယ်တွေကြားက ရွေ့လျားနေတဲ့တစုံတရာက အိပ်ချင်မပြေသေးတဲ့ Jaeyunကို အိမ်မက်တွေထဲပြန်ကာအလည်သွားဖို့တွန်းအားလိုမျိုး...
ထိုအထိအတွေ့ကိုသဘောကျသလို ခံစားရပီးတဲ့နောက်မှာ ထပ်ပီး အိပ်စက်ခြင်းကိုပြုလုပ်ခဲ့ပြန်သည်...

ထပ်မံကာနိုးလာချိန်မှာတော့ အေးစက်တဲ့အိပ်ရာခင်းစကိုဆွဲကိုင်မိကာ မျက်ဝန်းတွေကိုဖွင့်ကြည့်လိုက်သည်...။
အိပ်ခန်းထဲမှာငြိမ်သက်နေတဲ့အနေအထားကလွဲပီးပုံမှန်ရနေကြမဟုတ်တဲ့အနံ့တစ်ခုက နှာခေါင်းထဲတိုးဝင်လာသည်...။
အိပ်ရာခင်းစကို နှာခေါင်းတရှုံ့ရှုံ့နဲ့နမ်းရှိုက်ကာ အနံ့ကိုစူးစမ်းဆဲ တံခါးခေါက်သံကိုကြားလိုက်ရသည်..

ညက Jayက အိမ်မှာညအိပ်ခဲ့သည်ပဲ..
ကုတင်ပေါ်ကမြန်မြန်ဆင်းကာ အခန်းတံခါးသွားဖွင့်ရင်း ခေါင်းလေးသာပြူကာအပြင်ကိုကြည့်တော့ Jayက အကုန်ပြင်ဆင်ပီးနေသလိုအနေအထားမျုးိ..

" ငါပြန်တော့မယ်....မင်းစားဖို့မနက်စာပြင်ပေးခဲ့တယ်...ဒီနေ့ပိတ်ရက်ဆိုတော့ အေးဆေးနားလိုက်ဦး.."

" အိမ်ပြန်မှာလား..."

" မဟုတ်ဘူး.Heeseung hyungဆီသွားမလို့...."

" အင်း...ကောင်းကောင်းသွား..."

" ဒါနဲ့ Jake..."

တံခါးပြန်ပိတ်ခါနီးလက်တွေကိုအလျင်အမြန်ဟန့်တားရင်းတံခါးကိုပါကြားထဲကလက်ခံလိုက်သည်မို့ အရှိန်ပြင်းပြင်းနဲ့တံခါးကြားညပ်သွားတဲ့ Jayလက်က အတော်ကိုနာကျင်သွားလောက်သည်...
ကိုယ်တိုင်လန့်ဖြန်သွားကာ အားခနဲjayရဲ့အော်သံအဆုံး လက်ကိုပျာပျာသလဲဆုပ်ကိုင်လိုက်သည်...
ဖောင်းနေတဲ့ လက်ချောင်းတွေမှာ သွေးခြေဥကာ ရဲနေတဲ့အကွက်တွေကြောင့် မထိရက်မကိုင်ရက်နဲ့ကြည့်နေမိပြန်သည်....။
ဘယ်လောက်နာကျင်သွားလိုက်မလဲ.....သူတစ်ပါးကိုနာကျင်အောင်လုပ်မိတာလောက် Jaeyunဘဝမှာနောင်တရတာမရှိ...တကယ်ပင်စိုးရိမ်စိတ်ကငယ်ထိပ်ထိရောက်လာခဲ့သည်....။

𝑬𝒏𝒅𝒍𝒆𝒔𝒔 // 02𝒛Where stories live. Discover now