Part - 9

1.1K 209 8
                                    

Zawgyi

" ​မေ​မေ..."

အသိစိတ်​မဲ့​နေတဲ့မျက်​၀န်း​တွေနဲ့စိုက်​ကြည့်​ကာပြုံးပြလာတဲ့ အ​မေက ဘယ်​သူကိုမှမမှတ်​မိသည့်​တိုင်​​အောင်​ သူ့ကိုကြည့်​တဲ့မျက်​၀န်း​တွေထဲမှာ​တော့ အရင်​လိုတအားချစ်​ခဲ့တဲ့အရိပ်​အ​ယောင်​​တွေကရှိ​နေတုံးပဲ...။
လက်​​သေး​သေး​လေး​တွေကိုဆုပ်​ကိုင်​ရင်းခပ်​ဖွဖွနမ်းရှိုက်​​တော့ ​မေ​မေကဆံနွယ်​​တွေထဲလက်​ထိုးဖွကာပြုံးပြပြန်​သည်​....။

" အန်​တီကမမှတ်​မိ​ဘူးသားရဲ့...သားကဘယ်​သူလဲ..."

" Sunghoon​လေ....သားကsunghoon...​မေ​မေရဲ့သား​လေ..."

" သား....."

အတိတ်​​မေ့​ရောဂါ.....ဦး​နှောက်​အာရုံ​ကြောဆဲလ်​​တွေပျက်​စီးပီး တ​ဖြေး​ဖြေးနဲ့​လောကကြီးမှာရှိသမျှအရာ​တွေကို​မေ့​ပျောက်​​စေနိုင်​သည့်​​ရောဂါ...။
စော​စောစီးစီး​ဆေးကုခဲ့ရင်​ ပုံမှန်​လို​နေနိုင်​မှာ​ပေမဲ့ ​ကျောင်းစရိတ်​​တွေသာရုန်းကန်​ကာရှာ​ဖွေ​ပေး​နေရင်း အချိန်​လွန်​ကာမှသိခွင့်​ရခဲ့သည်​...။
အခုဆို အာရုံ​ကြောဆဲလ်​​တွေ​ကြောင့်​ လမ်း​လျောက်​ဖို့ခက်​ခဲတဲ့ထိပင်​...။အဆိုးဆုံးအ​ခြေအ​နေကို​ရောက်​ဖို့လက်​တကမ်းအလိုသာလို​တော့သည်​.....။

ပါးပြင်​​ပေါ်စီးကျ​နေတဲ့မျက်​ရည်​​တွေကို​မေ​မေ့လက်​နဲ့ခပ်​ဖွဖွသုတ်​​ပေး​နေ​ပေမဲ့ အဆက်​မပြတ်​စီးကျ​နေဆဲ...။
ဘာလို့ အဲ့​လောက်​ရက်​စက်​တဲ့​လောကကြီးဖြစ်​​နေရသလဲ..
မတရားဘူးမဟုတ်​လား......​ကောင်းမွန်​စွာနဲ့ဆင်းရဲဒုက္ခ​တွေခံကာ​နေထိုင်​ခဲ့ပီးမှ အဆုံးသတ်​ရလဒ်​မှာ ဦး​နှောက်​​သေဆုံးနိုင်​တဲ့ထိဆိုးရွား​နေသည်​....။

ဆေးရုံထဲကထွက်​လာပီး ပင်​ပန်း​နေတဲ့စိတ်​​တွေကိုအနားခဏ​ပေးဖို့
စက်​ဘီးကိုခပ်​​ဖြေး​ဖြေးနင်းရင်း မြစ်​​ဘေးကိုဦးတည်​လိုက်​သည်​....။
လူအလာနည်းပါးတဲ့မြစ်​​ဘေးက ပန်းခြံရဲ့တစ်​​နေရာ....။
ကျူပင်​​တွေ​ပေါက်​​နေကာ လမ်းရယ်​လို့​သေချာမရှိ​ပေမဲ့ အဆုံးနားက သစ်​ပင်​ခပ်​ကြီးကြီး​အောက်​မှာ ထိုင်​ခုံ​လေးတစ်​ခုံထဲသီးသန့်​ရှိသည်​...။

𝑬𝒏𝒅𝒍𝒆𝒔𝒔 // 02𝒛Where stories live. Discover now