Part - 19

984 191 30
                                    

Unicode

ဝေါ့ခနဲ အန်ချလိုက်တဲ့နောက်မှာ လေတွေကလွဲပီး ဘာမှထွက်မလာပေမဲ့ လူက အတော်ကိုပင်ပန်းမောဟိုက်နေရသည်...။
တဆစ်ဆစ်နဲ့ ထိုးကိုက်နေတဲ့ခေါင်းကို လက်နဲ့ဖိရင်း Sunghoonဖြေးဖြေးချင်းထရပ်ကာ နံရံတွင် ကပ်မှီလိုက်သည်...။

မလှုပ်ချင်လောက်အောင်နွမ်းနယ်နေတဲ့ကိုယ်ကို သယ်ပိုးဖို့တောင် အားမရှိလွန်း၍ ကျောင်းခန်းထဲကိုလျှောက်လှမ်းဖို့ခြေလှမ်းတွေကို အတော်အားယူနေရသည်...။
လွန်ခဲ့တဲ့တစ်ပတ်ကနဲ့သိသိသာသာကွာခြားလာတဲ့ကျန်းမာရေးကို ကိုယ်တိုင်သတိပြုမိပေမဲ့ ထွေထွေထူးထူး ဂရုမစိုက်ဖြစ်ခဲ့..
ဒီရက်ပိုင်းခေါင်းကိုက်တာရက်ဆက်လာသလို...သတိမေ့တာကပါဆိုးရွားလာသည်...

လက်ကိုဆေးရင်းမှန်ထဲကပုံရိပ်ကိုမြင်လိုက်တဲ့ခဏ ပြုံးမိသည်...
တကယ်ကို လူမမာရုပ်မပေါက်နေရုံတမယ်ပါပဲ...
မျက်ဝန်းအောက်က မျက်ကွင်းညိုတွေကို သတိထားမိသလိုမေးလာတဲ့Jaeyunကို အိပ်ရေးပျက်လို့ ဆိုတဲ့စကားတစ်ခွန်းနဲ့လိမ်ညာထားနိုင်ခဲ့သည်..။
လွန်ခဲ့တဲ့တစ်ပတ်ကလဲ စကိတ်ကွင်းမှာ Jaeyunတိူ့နှစ်ယောက်တည်း မေ့ကာထားမိခဲ့ပီးမှ သတိပြန်ရသည်...။
အာရုံအထူးစိုက်မိတာမဟုတ်ရင် အမှတ်တမဲ့တွေက တအားကိုများလာခဲ့သည်...။

ကော်ရစ်တာတစ်လျောက် နံရံတွေကိုထိန်းကာ ဖြေးဖြေးချင်းခြေလှမ်းတွေကိုလှမ်းလျှောက်ရင်း Jayကိုလှမ်းတွေ့လိုက်ရသည်...။
ဟိုကြည့်ဒီကြည့်နဲ့Jayက သူ့ကိုရှာနေတာတော့မဖြစ်လောက်ဘူးထင်ပါတယ်...။

" မင်းကဘာလို့ကြာနေတာလဲ ထမင်းစားဖို့စောင့်ဆိုပီး.."

မျက်ခုံးတွေကိုတွန့်ချိုးပီး လက်ကိုလာဆွဲကာဆိုလာတဲ့Jayစကားကြောင့် ခေါင်းတစ်ချက်ကုတ်ဖြစ်လိုက်သည်...။
တကယ်စောင့်ခိုင်းခဲ့တာလားတော့မသေချာပေမဲ့ ပြောမိခဲ့သည်ထင်သည်..။
ဒါကြောင့်လဲ Jayအခုလိုလာရှာနေတာပေါ့...။

" ဆောရီး...ငါနည်းနည်းကြာသွားတာ...."

" နေတော့ကောင်းတယ်မလား Sunghoon..မင်းကြည့်ရတာ အားမရှိသလိုပဲ.."

" စာမေးပွဲနားနီးနေပီလေ စာလုပ်တာညဥ့်နက်လို့ ပင်ပန်းနေတာ.."

𝑬𝒏𝒅𝒍𝒆𝒔𝒔 // 02𝒛Where stories live. Discover now