Part - 8

1.1K 215 12
                                    

Zawgyi



" Sunghoon...တစ်​​ယောက်​ထဲလား.."

အနားမှာဝင်​ထိုင်​တဲ့အရိပ်​နဲ့အတူ မျက်​စိ​ရှေ့ခုံ​ပေါ်တွင်​​နေရာယူပီသား​ကော်​ဖီတစ်​ခွက်​...
ရင်းနှီး​နေတဲ့ကိုယ်​သင်းနံ့မဟုတ်​​ပေမဲ့ သိ​တော့သိ​နေတဲ့ရနံ့မို့​မော့ကြည့်​ကာပြုံးပြဖြစ်​သည်​...။
ပုံမှန်​နဲ့မတူပဲ ဆံပင်​နက်​​တွေ​နေရာမှာ​ရွှေ​ရောင်​​တွေအစားထိုးထားတဲ့ Jayက နားကွင်းတစ်​ဖက်​ကိုလဲပန်​ထား​သေးသည်​...
ဘုရားစူး...Aခန်းထဲမှာဒီလိုပုံစံမျိုးနဲ့​ကျောင်းသားတ​ယောက်​တ​လေ​တော့ရှိ​ကောင်းပါရဲ့.....

" အင်း.....မင်း​ရောတစ်​​ယောက်​ထဲလား..."

" မင်းကို​တွေ့လို့ဝင်​လာတာ...Jake​ရော..."

" အတန်းချိန်​ရှိ​နေ​သေးတာ​နေမယ်​....ပီးရင်​လာလိမ့်​မယ်​..."

" အဲ့တာဆို ငါ့ကိုစာရှင်းပြပါလား..."

" ငါက.."

" အင်း...တက္ကသိုလ်​​ကောင်း​ကောင်းတက်​ရဖို့စာလုပ်​ရမယ်​​လေ...​နောက်​ပီး...စာ​တော်​တဲ့​ကျောင်းသားကိုကပ်​​ပေါင်းပီးစာရှင်းပြခိုင်းရမှာ​ပေါ့..."

ဥာဏ်​​ကောင်းပုံရ​ပေမဲ့ ဆိုး​ပေ​နေ၍စာလုပ်​ဖို့စိတ်​မပါတာမှန်း​ဘေးလူကြည့်​ရင်​​တောင်​သိသာသည်​...
Sunghoonဘယ်​လိုပဲစာရှင်းပြ​နေ​နေ သူသာစိတ်​မပါရင်​ ဘယ်​လိုလုပ်​လုပ်​စာရမှာမဟုတ်​တာ..။

" Jaeyunကိုရှင်းခိုင်းပါလား...."

" Jaeyun?..."

" အာ...Jakeကို​ပြောတာ သူ့နာမည်​အရင်း​နောက်​တမျိုးက Jaeyun.."

" Jakeyကပိုလှတာကို....မကြိုက်​ပါဘူး.."

" ငါက​တော့နှုတ်​ကျိုး​နေပီ..."

" Sunghoon..ခဏ..."

မျက်​နှာနားဆီကိုခပ်​​ဖြေး​ဖြေးတိုးလာတဲ့Jay​ကြောင့်​ဘာရယ်​မဟုတ်​ ​ခေါင်းကိုငုံ့လိုက်​ရင်းငြိမ်​သက်​လိုက်​မိသည်​...။
စာကြည့်​တိုက်​ထဲမှာလူနည်း​ပေမဲ့ တဖက်​၀ိုင်းကလူတချို့က​တော့ သူတို့အ​ခြေအ​နေကိုစိတ်​၀င်​စားစွာစူးစမ်း​နေသည်​....။
အနားကိုခပ်​​ဖြေး​ဖြေးတိုးလာတဲ့Jayရဲ့ထွက်​သက်​၀င်​သက်​က ပါးပြင်​ထိလာ​ရောက်​ထိခတ်​သည်​အထိကိုနီးစပ်​​နေသည်​...
လက်​ဖျား​တွေကိုခဏဆုပ်​ကိုင်​ရင်း...ဒီအ​ခြေအ​နေကိုမကြိုက်​မိ...
Jayရဲ့လက်​က မျက်​လုံးနားဆီ​ရောက်​ပီးတဲ့​နောက်​ အနားကခွာသွားတာကိုသတိထားမိလိုက်​သည်​....။

𝑬𝒏𝒅𝒍𝒆𝒔𝒔 // 02𝒛Where stories live. Discover now