EP 27

6.3K 972 127
                                    

Unicode version

အဂျီ ၂၇

မိုးအုံ့လို့ သစ်ရွက်လေးတွေငြိမ်နေရင်
တိမ်တွေပြိုတော့မှာ ကြိုသိတယ် ~~

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

" အဂျီ နိုးပြီလား "

လက်မောင်းကိုခေါင်းအုံးအိပ်ကာ ရင်ခွင်တွင်းထဲအိပ်ပျော်နေသူ၏လှုပ်ရှားသွားဟန်ကိုကြည့်ရင်း မေးလိုက်သည်။

" နိုးနေပြီလား ဘယ်အချိန်ရှိနေပြီလဲ "

" စောပါသေးတယ် ပြန်အိပ်ချင်အိပ်ဦးနော် "

" မင်းကရော ? "

စောင်တွေအောက်နှစ်ယောက်သားလုံးထွေးနေတဲ့ကြားက ခေါင်းမော့ကြည့်ပြီးမျက်လုံးမပွင့်သေးပဲမေးသည်။

" ဖေဖေဖုန်းဆက်တယ် ဘွားနေမကောင်းလို့တဲ့ ငါသွားခေါ်ရမယ် "

" ဟင်? ဘွားဘာဖြစ်လို့တဲ့လဲ သွားခေါ်ရမှာပေါ့ ငါလိုက်ခဲ့ရဦးမလား "

" ဟင့်အင်း ဒီနေ့မင်းကိုဆရာက မီးအိမ်လုပ်နည်းသင်ပေးမယ်ဆို "

" ဒီနေ့လား? ဒီနေ့သွားခေါ်မှာလား? "

" အင်း ကားနဲ့ပဲသွားမှာဆိုတော့ဒီနေ့သွားမှမနက်ဖြန်ညနေလောက်ရောက်မှာလေ အဂျီရဲ့ "

" အွန်းးးးးးးးးး "

သံရှည်ဆွဲကာ အပျင်းကြီးရင်း ဇွတ်အတင်းဖက်ထားကာ ရင်ခွင်ထဲခေါင်းတွေတိုးဝေ့နေပြန်တော့သည်။

" ဘယ်အချိန်လဲ "

" မနက်စာစားပြီးရင်သွားမှာ မင်းကိုကျောင်းလိုက်ပို့ပေးခဲ့မယ်နော် ကြားလား......
ကြားလားလို့ အိပ်ပုတ်ကွာ "

" ကြားတယ် လွမ်းနေရမှာပေါ့ "

" ချက်ချင်းပြန်လာမယ့်ဟာကို "

" အေးပေါ့ဘယ်တတ်နိုင်မှာလဲ ငါမနက်စာသွားပြင်လိုက်ဦးမယ် ကူးအိပ်ရာသိမ်းမနေနဲ့ရေချိုးဖို့ပြင်တော့ "

" ဟုတ်ကဲ့ပါခင်ဗျ "

ကိုယ်တော်ချောရေချိုးနေတုန်း ထမင်းကြော်ထားလိုက်သည်။
အိပ်ရာသေချာသိမ်းရင်း ခရီးသွားဖို့လွယ်အိတ်‌ထဲကိုထည့်စရာရှိတာတွေထည့်ပေးထားလိုက်၏

" A Ji "Where stories live. Discover now