EP 5

7.7K 1.1K 15
                                    

Unicode version
အဂျီ ၅

" ဘွား သားလာတယ် "

" ဟယ် အဂျီလေးပဲ ပြောပါအုန်းဘာ‌တွေတိုင်အုန်းမလို့တုန်း "

" ဘွားရယ် ဘွားမြေး ငကူးကောင်ကသာတိုင်ပြောထူတာပါ သားကဘယ်တုန်းကပြောလို့လဲပြော "

" အမလေး ဟုတ်ပါပြီတော် ကဲပြော ဆိုင်ကိုဘာလိုချင်လို့လာတာလဲ "

" သား စက်ဝိုင်းခြမ်းလာဝယ်တာ ကူး ဟာကလဲ ကျိုးသွားပြီဆိုလို့ "

" ဝယ်မနေနဲ့ သားတို့အဆင်ပြေမယ့်ဟာသာရွေးယူသွား "

" ဟုတ် ဘွား "

ဒုတိယလပတ်စာမေးပွဲဖြေဖို့လဲနီးလာသည်မို့ စာမလုပ်တဲ့ကျွန်တော့်ကို ကူး ကခြိမ်းကာခြောက်ကာနှင့် စာမေးပွဲကျရင်လာမပေါင်းနဲ့လို့ အမိန့်ချမှတ်ခံရပြီးတဲ့နောက် သူနဲ့အတူတူစာလိုက်လုပ်နေတော့တာပဲ။

" ကူးရေ ငါပြန်လာပြီ "

" ကြာချက်က... ငါကဘွားကိုပါကူလုပ်ပေးနေတယ်ထင်လို့ "

" ဟုတ်ပါဘူး ဘွားဆိုင်ကဒီနေ့လူရှင်းတယ် "

အခန်းထဲကကြမ်းပြင်ပေါ်မှာ စာအုပ်တွေပြားပြားခတ်နေရင်း မှောက်ကာသင်္ချာတွက်နေသည့် ကူး ကမျက်မှောင်ကြီးကြုတ်ပြီး ခရီးကြိုသည်။ ကူး ဆံပင်တွေကအရှည်လွယ်တယ် အခုလဲရှေ့ဆံပင်တွေရှည်လာလို့ဆိုပြီး စပလိန်ဘီးကုတ်နဲ့လှန်တင်ထားပုံက လူမိုက်လိုလို ဘာလိုလိုနှင့်။

" မင်းတွက်ထားတာတွေမှားနေတယ် အဂျီကောင် "

" ဟုတ်လား ငါသေချာတွက်တာပဲ အခုထိမှားတုန်းလား မတွက်ချင်တော့ဘူးကွာ ခနခနမှားနေတာ "

" မှားမှာကြောက်လို့မတွက်တော့ရင် နောက်အဆင့်တွေဘယ်လိုသွားမလဲ တစ်ချို့ဟာတွေကအမှားတွေလုပ်ရင်းနဲ့မှ ‌အမှန်ကိုတွေ့လာတာ "

ညအိပ်စာကြည့်မီးအဝါရောင်အောက်မှာ ဂျီမင်တွက်ထားတဲ့သင်္ချာတွက်စာများကို ဘောပင်ကြီးကိုက်ကာစစ်နေရင်း ခပ်တည်တည်နဲ့မိန့်ခွန်းခြွေသေးသည်။ ပေါင်းတာကြာလာတော့လဲ ဒီလိုစကားတွေကနားရည်ဝနေပြီဆိုတော့ အထူးတလည် ဖြစ်မနေတော့။

" A Ji "Where stories live. Discover now