EP 25

7.9K 1K 134
                                    

Unicode version

အဂျီ ၂၅

ကျောင်းဝန်းထဲက ကန်ရေပြင်ဘေးကနေရာမှာမျက်နှာချင်းဆိုင်ရင်းစကားလေးတွေပြောဖြစ်ကြသည်။
နေသာတဲ့နေ့ဆိုပေမယ့် ဆောင်းဥတုကိုမတွန်းလှန်နိုင်သောအနွေးထည်တွေနဲ့တန်ဆာဆင်သည်။

ကော်ဖီတစ်ယောက်တစ်ဗူးကိုပိုက်တပ်ကာသောက်နေကြရင်း ရီသံချိုချိုလေးတွေဟာလဲဘေးပတ်ဝန်းကျင်မှာပျံ့လွင့်လွင့်။

" ဘာလို့ကလေးလိုမျိုးရီနေတာလဲ "

" သဘောကျလို့ "

" ဘာကိုအဲ့လောက်သဘောကျနေတာလဲ "

" မင်းကိုလေ မင်းကိုကြည့်တိုင်းငါအမြဲရီနေမိတာထူးဆန်းတယ်မလား "

" အာာတကယ်ပါပဲ လူကိုမနေတတ်အောင်လုပ်နေတော့တာပဲ "

" အဟီးဟီး သဘောကျလို့လို့ "

ရီသံစွက်ကာ လေသံလေးကိုခပ်ဖိဖိပြောကာ ‌ပြောလေတော့ ချစ်ရသူနှင့်အတူတူ လိုက်ပါရီမောစေတော့သည်။
လမ်းသွားလမ်းလာ ကျောင်းသူတစ်ချို့ရဲ့သတိထားမှုကိုလဲလက်ခံရရှိသည်ကတော့ မထူးဆန်းတော့။

ဖြူဖြူသန့်သန့် ကောင်လေးနှစ်ယောက်ကိုအတူတွဲတွေ့ရတာဟာ အဖိုးတန်ရှုခင်းတစ်ခုကဲ့သို့ကြည်လင်လှသည်။

" ငါဒီနေ့လည် စာတမ်းပြုစုဖို့ရှိတယ်လိုက်ချင်လား "

" မလိုက်တော့ပါဘူး မင်းကိုလိုက်မရှုပ်ဘူး "

" ဘာလို့လဲရှုပ်တာမှမဟုတ်တာ စာတမ်းပြုစုတာအရမ်းခေါင်းနောက်စေတာအဲ့တာကြောင့် ငါ့အနားမင်းရှိနေမှဖြစ်မှာ "

" တကယ်လား နောက်မှရှုပ်လိုက်တာဆိုပြီးမအော်နဲ့နော် "

" ဘယ်တုန်းကများအော်ခဲ့ဖူးလို့လဲ ပြော "

" သိပါပြီ သိပါပြီ အဲ့တာဆိုကိုကိုလို့ခေါ် "

" ‌ကဲ စလာပြန်ပြီ ညထဲကဒါပဲပြောနေတာ "

" ခေါ်လို့ဆို "

" ဘာလို့ခေါ်ရမှာလဲအဂျီကကွာ မင်းနဲ့ငါရွယ်တူပဲကို "

" ဟေ့ရောင် တစ်ရက်ကြီးလဲအကြီးပဲကွ ငါက လေးလ‌နဲ့၁၇ရက်တောင်ကြီးတာ ခေါ်ကွာ "

" A Ji "Where stories live. Discover now