EP 11

7.1K 1K 42
                                    

Unicode version

အဂျီ ၁၁

အပြင်မှာမိုးတွေရွာနေပြီမို့ ဖွင့်ထားတဲ့စာကြည့်စားပွဲရှေ့ကပြတင်းပေါက်ကိုလှမ်းပိတ်လိုက်ပြီး အိပ်ပျော်နေတဲ့အဂျီ့ကိုတစ်ချက်လှမ်းကြည့်လိုက်သည်။ ခြင်ကိုက်မှာစိုး၍ အဂျီ့နားသွားကာ ခြင်ထောင်ထဲသို့ရောက်အောင်ထည့်ပေးလိုက်တော့ လူးလူးလိမ့်လိမ့်နဲ့တစ်ဖက်သို့လှည့်အိပ်သွားရှာသည်။ ပါးပြင်ကိုငေးကြည့်ရင်းမှ ကျောင်းမှာဖြစ်ခဲ့တာအတွက်လဲစိတ်မကောင်းဖြစ်ရပြန်သည်။

" ဂျောင်ကုလေး "

ဘွားက အခန်းတံခါးဝနားကနေ လေသံလေးနှင့်လှမ်းခေါ်တော့ ထွက်လာခဲ့မယ်လို့သာအမူအရာနဲ့လုပ်ပြလိုက်ရင်း ခြင်ထောင်မလွတ်သွားအောင် ဘေးပတ်ပတ်လည်စောင်တွေနဲ့ဖိပြီးမှ အိမ်ရှေ့ခန်းသို့ထွက်လာလိုက်သည်။

" ဘွား ဘာခိုင်းစရာရှိလို့လဲ "

" ငါ့မြေးလေးတောင် လူကြီးဖြစ်လာပြီပဲ အရပ်ကြီးကလဲရှည်လာလိုက်တာ "

" အဟီး "

" ဖေဖေက မုန့်ဖိုးလွှဲပေးလိုက်တယ်မြေး....ဖေ‌ဖေ့ဆီကိုဖုန်းမဆက်ချင်ဘူးလား "

ဒီလိုနေ့မျိုးဆို ဘွားဆီကဒီစကားတွေဟာ ကြားနေကျဖြစ်လို့နေခဲ့ပြီ။ ငယ်ငယ်ထဲကဘွားဆီပို့လိုက်ကာ တစ်ခါတောင်လာမတွေ့ပါပဲ ပိုက်ဆံသာလွှဲပေးနေတတ်တာကို ကျွန်တော်မကျေနပ်ခဲ့ဘူး။ လို‌အပ်နေတာ ဒီငွေတွေမဟုတ်ခဲ့ဘူး.... မေတ္တာတရားဟာပေးကောင်းတဲ့အရာဆိုတာ ဖေဖေတို့မေ့နေပုံပါပဲ။

" မဆက်တော့ပါဘူး ဘွားရယ် "

" ဟုတ်ပါပြီ မြေးဘာဝယ်ချင်တာရှိလဲ ဘွားကိုပြောထားလေ မနက်ကျဘွားအိမ်သုံးဖို့ဝယ်ရင်း မြေးအတွက်ပါဝယ်ခဲ့ပေးမယ် "

ထွေထွေထူးထူးမလိုတာမို့ ခေါင်းခါပြရင်းသာ ဘွားကိုဆက်ပြီးနှိပ်နေပေးလိုက်သည်။ ဘွားက ကျွန်တော့်အတွက်ဘဏ်စာအုပ်လေးသီးသန့်ဖွင့်ပေးထားပြီး ငွေစုပေးထားတယ် အသက်အာမခံကိုလဲဝယ်ပေးထားပြီးတော့ အခုနေနေတဲ့တိုက်ခန်းကိုလဲ ကျွန်တော့်နာမည်နဲ့ဝယ်ထားခဲ့တယ်။

" A Ji "Where stories live. Discover now